Pages

Wednesday, May 5, 2010

အိမ်မှလူဆိုးဟုသတ်မှတ်ပါသည် စရိုက်တူသူမရှိပါ သူငယ်ချင်းမရှိပါ

ဘယ်နားရေးရေး  စာပါပဲနော့ ကျောက်သင်ပုန်း မယ်ရေးလည်းစာပဲ
မြေပြင်မယ် ဒုတ်ချောင်းနဲ့ခြစ်ရေးလည်း စာပါပဲနော်

ကိုယ်ရေးထားတာလေးတွေ မပျောက်ကုန်အောင်
ဖတ်သူအသိတရားတခုခုကျန်ခဲ့ အောင် ရေးချင်ကြတာလေနော်

ကိုရေးထားတာ ဘယ်သူ့ မှစော်ကားတာ မှမပါတာ စိတ်ပျံလွင့်မှု့ နည်းတယ် စိတ်အေးချမ်းတယ်

သူများအသိတရားတခုရရင်ကုသိုလ်ရတယ် ညာရေးရင်လည်း စာပေလည်းငရဲကျတတ်တယ်

 စိတ်ချမ်းသာတာ ကိုယ့်ဘာသာလုပ်ယူရတာနော် ကိုယ့်စိတ်ထဲက အကြောင်းလေးတွေရဲ့ ထွက်ပေါက်လေးနော်

လူဆိုတာ ထွက်ပေါက်တခုရှိမှ စိတ်သက်သာတာ စာပေမှာပျော်မွှေ့နေတာ
မိမိစိတ်လေးငြိမ်းအေးနေတာလေနော်

လူတိုင်း ကောင်းမွန်ထူးချွန် အောင်မြင်နေလျှင်မြတ်စွာဘုရားဟောသော ၃၁ ဘုံရှိမှာမဟုတ်တော့ဘူးနော် လူခြင်းမတူ အကျင့်ခြင်းမတူ ခံယူချက်ခြင်းမတူ ယုံကြည်ချက်ခြင်းမတူ ကြိုးစားအားထုတ်ဘယ်လောက်လုပ်လုပ်  အောင်မြင်တာခြင်းမတူ  လူခြင်းမတူလို့ဘူး ဘုရားဟောသော  ၃၁   ထဲရောက်ချင်ရာရောက်နေကြခြင်းဖြစ်ပါတယ်။

လောကမှာ အဆိုးပေးလည်း ပျော်ရွှင်စွာလက်ခံပါ အကောင်းပေးလည်း ပျော်ရွှင်စွာလက်ခံပါ။
အသိပညာနဲ့ အတတ်ပညာပေါင်းမှဘ၀မယ် အောင်မြင်တဲ့ လူသားတစ်ယောက်ဖြစ်တာ
ပျော်ရွှင်ဖို့ ကတော့ကိုယ်စိတ်ကိုယ်လုပ်ယူရတာ။

ကိုယ့်ကိုယ်ကို ကလွှဲလို့ဘယ်သူမှအားကိုးမနေနဲ့ သူတပါးမထိခိုက်ဘူးလေနော်  လုပ်သင့်တဲ့အလုပ်ကိုလုပ်တယ် ပြောသင်တဲ့စကားမှပြောတယ။်

ပြောတိုင်းလည်းမယုံတတ်ဘူး  တွေ့တိုင်းလည်းမပြောတတ်ဘူး စိတ်ပင်ပမ်းလာလျှင်ဘာမှမလုပ်တော့အသက်ရှုမှု့ကိုသာလေ့ကျင့်ခန်းလို လုပ်နေတတ်တယ်  ။

အလုပ်လုပ်ပြီးပင်ပမ်းတယ် ထင်နေရင် ကိုယ်ထက်ပင်ပမ်းတဲ့ သူကိုကြည့်လိုက်တယ်  ချမ်းသာတယ်လို့မြင်လာရင် ကိုယ်ထက်ချမ်းသာတဲ့ သူကိုကြည့်လိုက်တယ။် ဆင်းရဲတယ်လို့မြင်လာရင် ကိုယ်ထက်ဆင်းရဲတဲ့ သူကိုကြည့်လိုက်တယ်လေ

စိတ်ဆင်းရဲစရာမတွေးတတ်ဘူး ငိုစရာရှိရင်တောင် အော်ဝဋ်ကြွေး  ကျေအောင်ဆပ်မှဆိုရီနေလိုက်တယ်။
လုပ်စရာတွေ့လျှင်ချက်ခြင်းထလုပ်တတ်တယ် သူတပါးကိုပျော်ရွှင်စေချင်တယ် ရည်မောစရာပဲရွှေးပြောတတ်တယ်  မှားနေတယ်လို့ လာပြောရင်လည်း ကျေးဇူးတင်တတ်တယ်။
မှားနေမှန်းသိရင်လည်း မှန်အောင်ပြင်လိုက်တယ် သူတပါးမှားလျှင်လည်း ပြောသင့်သည်ဟုထင်လျှင် ပြောသင့်သည့်  အချိန်တွင်ပြန်ပြောတတ်တယ် ။
 ရင်းနှီးစွာ ပေါင်းသင်းတတ်တယ် မည်သူမဆိုခင်မင်တတ်တယ်။

မည်သူမုန်းမုန်းပြုံးနေတတ်တယ်  မဖြစ်နိုင်မလုပ်နိုင်သည့်အရာဟုမတွေးခေါ်တတ်  မဖြစ်နိုင်သည့်အလုပ်မရှိ မလုပ်နှို်င်သည့်အရာမရှိ
လုပ်နိုင်၏ ဖြစ်နိုင်၏ မလုပ်သင့် မဖြစ်သင့်သည့်အရာသာရှိသည်ဟုခံယူချက်ထားသည်။

အလုပ်တိုင်းကို လေ့လာတတ်သည် စာဖတ်ခြင်းကိုဝါသနာပါတယ်  ဆရာတော်များ ဟောသောတရားတော်များကို တနေ့တခါ မဖြစ်မနေနာကြားတယ်။  

ဟန်ဆောင်ခြင်းကိုမနှစ်သက် သူတပါး အကြောင်းပြောလျှင် ဟန်ဆောင်လို့ ပင်နားမထောင်တတ်  သူကိုယ်တိုင် သူ့အကြောင်းပြောလျှင် နားထောင်တတ်သည် ။

ချစ်သည်ဟုပြောလျှင်ပြန်ချစ်တတ်သည်(အဖြူရောင်အချစ်)
မည်သူ့မှမမုန်းတတ်  လူတိုင်းကိုကူညီစောင့်ရှောက်ချင်သည်  ခွေးလိုက်လျှင်ပင်  ကိုက်သောခွေးအား ရိုက်သူကိုသာ  ခွေးထက်ပိုမိုက်တဲ့လူဟုထင်၏  ခွေးအားအရိုက်ခံရလို့ သနားတတ်သည်။

လူလူခြင်းအနိုင့်ကျင့် လျှင် ၀င်ပါတတ်သည်  ခွေးလေးများ  ကြောင်လေးများ တိရိစ္ဆာန်မြင်မြင်သမျှ သနားတတ်ပါသည။်

လူရွေးဖိတ် ချမ်းသာမှပေါင်း  မလုပ်တတ်ပါ အိမ်မှလူဆိုးဟုသတ်မှတ်ပါသည် ။  စရိုက်တူသူမရှိပါ သူငယ်ချင်းမရှိပါ ထိုနည်းနှင့်  နေထိုင် နေပါသည်။

သူတစ်ပါးအားလည်း မစပ်စုတတ်ပါ...ကိုယ့်လာ  စပ်စုလျှင်လည်းမကြိုက်ပါ။

အိမ်လည် အတင်းပြောတတ် စပ်စုတတ်သော သူနှင့်တူသည်
ဟုခံစားမိသောကြောင့်ဖြစ်သည်။

ပျော်ရွှင်ပါစေနော်

8 comments:

  1. ဖတ်သွားသည်...း)

    ReplyDelete
  2. ပျော်ရွှင်ပါစေသူငယ်ချင်း

    ReplyDelete
  3. သူတပါး အကြောင်းပြောလျှင် ဟန်ဆောင်လို့ ပင်နားမထောင်တတ်
    ဟန်ဆောင်ခြင်းကိုမနှစ်သက်
    ကျွန်တော်လဲဒီလိုပါပဲ။

    ReplyDelete

  4. ညီမလေး
    ရေကျေးဇူးနော့

    ReplyDelete
  5. ပျော်တာပေါ့ ခုလိုလာဖတ်တော့နော့

    ReplyDelete
  6. တူတူပဲလေနော်

    အားနာမနေနိုင်ဘူး

    ReplyDelete
  7. လူရွေးဖိတ် ချမ်းသာမှပေါင်း မလုပ်တတ်ပါ အိမ်မှလူဆိုးဟုသတ်မှတ်ပါသည်
    ကြိုက်တယ်

    ReplyDelete
  8. တူတူပေါ့ဒါဆိုနော်

    ReplyDelete