Pages

Friday, May 14, 2010

မယုံဘူး….

မယုံဘူး….

ရွှေကနေငွေဖြစ်အောင်
မတတ်ကျွမ်းဘူး...


ဒီဘဝ
ကြိုးကြာဥကို
သံပုရာနဲ့လဲတဲ့ပုံပြင်......


ဘီလူးမ
သူတပါးသားကိုနို့ချိုတိုက်လို့ရင်မှာပိုက်ထွေး


မွေးသည့်သားလို
ချစ်ခင်မြတ်နိုးခဲ့ဘူးတယ်...


..ဒီဘ၀…..
ကမ္ဘာမီးလောင်တော့

မိခင်ကသားကိုချနင်း.......

ဒီဘ၀.....

လူပေါင်းစုံလင်ကကြိုးစင်လို့ ...

သရုပ်ပါအောင်ကနေရတယ်..

ဘ၀ပေးတဲ့
သမိုင်း.....


ဝဋ်ကျွေးဆပ်တယ်

.ဒီဘ၀..

ငါ့ကိုယ်ငါတောင်မုန်းနေမိတယ်...

.ဒီဘ၀……ဒီဘဝ

ဘ၀ဒီမှာ

ငါကလူ့အဖြစ်ရတယ်ဆိုရုံလေး

မယုံဘူး….

ဒီဘ၀……..။

7 comments:

  1. မယုံလည်း နေပေါ့ကွာ
    ဘယ်သူက အတင်းယုံခိုင်းလို့ တုန်း
    ယုံချင်ယုံ မယုံချင် နေ တကယ့် အဖြစ်ပျက်ပါ ဘုရားစူးစေ့
    ယုံချင်ယုံ မယုံချင် နေ တရုပ်တန်းဈေးက အဖြစ်ပျက်လေး

    ReplyDelete
  2. သီချင်းဆိုတတ်တယ်ဟုတ်လား
    မယုံပါဘူး

    ReplyDelete
  3. ကျနော်လဲ မယုံဘူး မမ :)

    ReplyDelete
  4. ဟုတ်တယ်
    မမလည်းမယုံဘူး.....P

    ReplyDelete
  5. ယုံ ရရန် ယုန်က ရုံရှိရာမှာနေပါသလား ...

    ReplyDelete
  6. ရုံ ရှိရာမှာ ယုံနေတာလား

    ReplyDelete
  7. လာဖတ်သွားပါတယ်။။ ကြိုက်လို့လဲ ကူးသွားပါတယ်

    ReplyDelete