Pages

Thursday, May 6, 2010

မိန်းမသတ္တိ ကမ္ဘာကသိအောင် ငါပြောချင်တယ်သူငယ်ချင်း

မိန်းမသတ္တိ ကမ္ဘာကသိအောင် ငါပြောချင်တယ်

သူငယ်ချင်း

မိန်းမပေမယ့်
လောကအလယ် အားမငယ်
ရင်ဆိုင်ကျားကန်
ငါတွန်းလှန်တယ်သူငယ်ချင်း

မိန်းမပေမယ့်
ဘ၀ သမိုင်းမရိုင်းစေရ
ရင်ဆိုင်ကျားကန်
ငါတွန်းလှန်တယ် သူငယ်ချင်း

မိန်းမပေမယ့်
ယောက်ျားတန်းတူ
ရှာဖွေလုပ်ကိုင်
မမောပမ်းဘူးသူငယ်ချင်း

မိန်းမပေမယ့်
စွမ်းအားရှိသလောက်
လောကဓံကို အံတုရင်းနဲ့
အောင်မြင်နေတယ်သူငယ်ချင်း

မိန်းမလည်း လူ
ယောက်ျားလည်း လူ

လူဟာ လူပဲ  အတူတူပဲမို့
မိန်းမသတ္တိ
ကမ္ဘာက သိအောင်

ငါပြောချင်တယ်  သူငယ်ချင်း

6 comments:

  1. ကောင်းတယ် မမခိုင် မိန်းကလေးတွေရဲ့ အားမာန်အပြည့်ပါတယ် ။

    ReplyDelete
  2. သိပ်ကောင်းတယ် အမ ရေ ..... လေးစားပါတယ်

    ReplyDelete
  3. လေးစားဂုဏ်ယူပါတယ်ဗျာ။

    ReplyDelete
  4. ကျေးဇူးတင်ပါတယ်

    ReplyDelete
  5. မမ
    ကိုလာအားပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်နော်

    ReplyDelete
  6. မမ
    စိတ်ဓါတ်ကို ကအမြဲအားမာန်ရှိတယ်
    မိန်ကလေးတွေကို အားရှိအောင်အားပေးထားတာလေ

    ReplyDelete