Pages

Tuesday, November 6, 2012

Save The Aged (၃)နှစ်ပြည့် အထိမ်းအမှတ်စာမူပြိုင်ပွဲ



Save The Aged (၃)နှစ်ပြည့် အထိမ်းအမှတ်စာမူပြိုင်ပွဲ


သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေး ပရဟိတလူငယ်များအသင်း ( Save The Aged ) ၏ အသင်းဝင်များနှင့် စာပေချစ်မြတ်နိုးသူ အပေါင်းတို့ခင်ဗျာ -

ဇန်န၀ါရီလ ( ၃ ) ရက် ၊ ၂၀၁၃ ခုနှစ်တွင် ကျရောက်မည့် Save The Aged အသင်း၏ (၃) နှစ်ပြည့်အထိမ်းအမှတ်အဖြစ်
ဝတ္တု ၊ ဆောင်းပါး နှင့် ကဗျာအမျိုးအစားများ ပါဝင်သော စာမူပြိုင်ပွဲလေးပြုလုပ်ကျင်းပမည် ဖြစ်ပါသဖြင့် စာပေချစ်သော
မိတ်ဆွေများနှင့် ပရဟိတနယ်ပယ်အသီးသီးမှ မည်သူမဆို အားလုံးပျော်ရွှင်စွာ ပူးပေါင်းပါဝင်ဆင်နွှဲနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ..။


ကျင်းပရသည့် ရည်ရွယ်ချက် - ရသစာပေချစ်မြတ်နိုးသူ အဖွဲ့ဝင်များအချင်းချင်း စည်းလုံးချစ်ခင်ရင်းနှီးမှု တိုးပွားရရှိစေရန်။
- ပရဟိတအကျိုးဆောင်ရွက်လိုစိတ်များကို ရသစာပေဖြင့် နှိုးဆွပေးရင်း စာရေးစာဖတ် အကျင့်ကောင်းပါ ရရှိလာစေရန်။
- အွန်လိုင်းပရဟိတအဖွဲ့ဖြစ်သည်နှင့် လျော်ညီစွာ အွန်လိုင်းပေါ်တွင် စာပေပြိုင်ပွဲများပြုလုပ်ပေးခြင်းမှတဆင့် အဖွဲ့၏ ရည်ရွယ်ချက်၊ ခံယူချက်များ၊ လှုပ်ရှားဆောင်ရွက်မှုများကို အများပြည်သူ သိရှိလာနိုင်စေရန်။

ပြိုင်ပွဲအမျိုးအစား ၁။ ၀တ္တု
- ၀တ္တုတို (ဇော်ဂျီဖောင့် ၁၀, A4စာရွက် ၃ မျက်နှာထက်မရှည်ရ)
- ၀တ္တုရှည် (ဇော်ဂျီဖောင့် ၁၀, A4စာရွက် ၆ မျက်နှာထက်မရှည်ရ)

၂။ ကဗျာ
လွတ်လပ်သောပုံစံဖြင့် ရေးဖွဲ့နိုင်သည်။
A4စာရွက် ၂ မျက်နှာထက် မရှည်ရ)


၃။ အက်ဆေး/ ဆောင်းပါး
ဇော်ဂျီဖောင့်ဆိုဒ် ၁၀, A4စာမျက်နှာ ၃မျက်နှာထက်မရှည်ရ။

မှတ်ချက် စာမူများကို အဖွဲ့ဆိုက်တွင် ပြန်လည်တင်ပြပေးမည်ဖြစ်ပါ၍ စာမူရေးသား ရာတွင် ဇော်ဂျီဖောင့်ဆိုဒ်(၁၀)ဖြင့်သာရေးသား
စေလိုပါသည်။ အကယ်၍ အခြားဖောင့်များ အသုံးပြုထားပါက ၄င်းစာမူများအား ပြိုင်ပွဲအတွက် ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။



စာမူစတင်လက်ခံရက်
/ စာမူနောက်ဆုံးပိတ်ရက်

နိုဝင်ဘာ (၁၅) ရက်/ ဒီဇင်ဘာ (၁၅)ရက်အထိ




ဆုရသူစာရင်းကြေညာချက်


ဒီဇင်ဘာ(၂၁)ရက်

မှတ်ချက် ။ ဆုရရှိသူများကို Save The Aged (၃)နှစ်ပြည့် အခမ်းအနားတွင် ဂုဏ်ပြုဆုများချီးမြှင့်သွားမည်ဖြစ်ပါသည်။


စာမူပေးပို့ရမည့် အီးမေးလ်လိပ်စာ

savetheaged.editor2012@gmail.com



အကဲဖြတ်ဒိုင်များ

ချစ်ကြည်အေး
အစိမ်းရောင်လွင်ပြင်
မြသွေးနီ



အမှတ်ပေးစည်းမျဉ်းများ


၁။ အဖွဲ့၏ ဆောင်ရွက်မှုများ၊ အဖွဲ့၏ပုံရိပ်များကို ထင်ဟပ်စေအောင် ပီပီပြင်ပြင် ရေးဖွဲ့နိုင်ရမည်။
၂။ စာမူတွင် ခေါင်းစဉ်၊ ရေးသားသူများ၏ကလောင်အမည်နှင့်တကွ၊ ကိုယ်တိုင်ရေးဖြစ်ကြောင်းကို ရှင်းလင်းထင်ရှားစွာရေးသား
ဖော်ပြရမည်။

၃။ စာလုံးပေါင်းသတ်ပုံသတ်ညွှန်းမှန်ကန်မှုကို အမှတ်ပေးစည်းမျဉ်းတွင် ထည့်သွင်းစဉ်းစားမည်။
၎။ သတ်မှတ်ရက် နောက်ပိုင်းမှ ရောက်ရှိလာသည့် စာမူများကို ပြိုင်ပွဲတွင် ထည့်သွင်းစဉ်းစား မည်မဟုတ်ပါ။
၅။ သတ်မှတ်ထားသည့် စာမျက်နှာကျော်လွန်နေသူများ၊ ဇော်ဂျီဖောင့်အစား တခြားစာလုံးဖောင့် အသုံးပြုထားသည့် စာမူများအား ပြိုင်ပွဲတွင် ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။


သို့ဖြင့်၍ ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် သတ်မှတ်ချက်များအတိုင်း ပျော်ရွှင်စွာဖြင့် ပူးပေါင်းပါဝင် ယှဉ်ပြိုင်စေလိုပါသည်။ သမာသမတ်ကျကျ စီစစ်ရွေးချယ်မည်ဖြစ်၍ စာမူပြိုင်ပွဲနှင့် ပတ်သက်၍ သိရှိလိုပါက အကဲဖြတ်အဖွဲ့၏အီးမေးလ် savetheaged.editor2012@gmail.com သို့ တိုက်ရိုက်မေးလ်ပို့ မေးမြန်းနိုင်ပါသည်။ ပုဂ္ဂိုလ်ရေးဆက်သွယ် မေးမြန်းခြင်းများအား လက်ခံဖြေကြားမည်မဟုတ်ပါ။ ဆုံးဖြတ်ချက်များသည် အကဲဖြတ်အဖွဲ့၏ ဆုံးဖြတ်ချက်သာ ဖြစ်ပါသည်။


Save The Aged တွင် ရသစာပေဖွံ့ဖြိုးရှင်သန်စေ၍ ပရဟိတတွဲလက်များဖြင့် ကမ္ဘာမြေကို အလှဆင်နိုင်ကြပါစေ။




စာမူအကဲဖြတ်အဖွဲ့
Save The Aged (၃)နှစ်ပြည့်
အမှတ်တရစာမူပြိုင်ပွဲ



0 comments:

Post a Comment