Pages

Tuesday, November 20, 2012

lack Angle
အနောက်တံခါး၊ ကုလားအုတ်ပုံပြင်၊ ဘင်္ဂလီအရေး၊ ဖေါ့ဖေါ့တွေး၊ ပေါ့ပေါ့လေးပဲလား
Posted on November 18, 2012 by admin

By ကိုသျှေ

...
စစ်တွေ ၊ ၁၀ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ Op-Ed ]

(၁) လျှံထွက်လာတာက ကျောက်စက်ရေမဟုတ်

ဘင်္ဂလားဒေ့ခ်ျနိုင်ငံရဲ့ လူဦးရေပြန့် ကားထွက်မှု ဒဏ်ကနေ အကာအကွယ်ရစေအောင် ဆိုပြီး အိန္ဒိယအစိုးရက လျှပ်စစ်လွှတ်ထားတဲ့သံဆူးကြိုးတွေကို မိုင်ထောင်ချီ ရှည်လျားတဲ့ နယ်စပ်တစ်လျှောက် ကာရံထားပေမယ့်မလုံခြုံဘူးလို့ဆိုပါတယ်။ နေ့စဉ်နယ်စပ်ခြံစည်းရိုးကို ကျော်နင်းဝင်ရောက်လာသူတွေ အလျင်းမပြတ်ဘူးလို့ဆိုတယ်။ ဘင်္ဂလီလူမျိုး သန်း ၂၀ လောက်တောင် ၀င်ရောက်နေပြီးပြီလို့ အိန္ဒိယအစိုးရက လူသိရှင်ကြားပြောထားပါတယ်။

အထူးသဖြင့် နယ်စပ်ချင်းထိစပ်ရာ အနောက်ဘင်္ဂလား၊ အာသံနဲ့တြိပူရပြည်နယ်တွေက အခံရဆုံးလို့ဆိုတယ်။ အာသံပြည်နယ်မှာဆို ဘင်္ဂလီလူမျိုး ၄၀% တောင်ဖြစ်လာပါပြီ။ ဒါကြောင့်လည်း သည်းမခံနိုင်တော့တဲ့ ဌာနေဘိုဒိုလူမျိုးနဲ့ ရွှေ့ပြောင်းဝင်ရောက်လာခဲ့သူ ဘင်္ဂလီတွေ ကြားမှာ မကြာခဏဆိုသလို ပဋိပက္ခဖြစ်တတ်ကြတယ်။

တကယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နယ်မြေကျဉ်းမြောင်း သလောက် လူဦးရေကပြွတ်ခဲပြီး သန်း ၁၅၀ကျော် တောင် ရှိနေတာဖြစ်ပါတယ်။ ကမ္ကာအဆင်းရဲဆုံးနိုင်ငံ စာရင်းပါနေပေမယ့် လူဦးရေတိုးပွားနှုန်း ကတော့အမြင့်မားဆုံး ဘာသာရေး အလွှမ်းမိုးခံရှေးရိုးစွဲလူ့အဖွဲ့အစည်းမို့ အစိုးရ အဆက်ဆက် လူဦးရေတိုးပွားနှုန်းကို ထိန်းချုပ်ဖို့ အစိုးရ အဆက်ဆက်ကရဲ့ ကြိုးပမ်းမှုက မအောင်မြင်ခဲ့ဘူး။ ဒီတော့ နိုင်ငံတစ်ဝှမ်း အိမ်ခြေယာမြေမဲ့တွေရဲ့ အရေအတွက်ကပဲ ရှစ်သန်း လောက်ရှိသတဲ့။ ဆင်းရဲသူများအဖို့နေစရာအိမ်ရယ် လို့မရှိရုံတင်မကသေရင်တောင် ပိုက်ဆံ မတတ်နိုင်လို့ ကားလမ်း၊ ရတားလမ်း ၊ချောင်းမြောင်းရေကျချိန်မှာ မြုပ်နှံသဂြိုလ်ရတယ်လို့တောင် ဆိုတယ်။

ရေရဲ့ သဘောကမြင့်ရာ မှနိမ့်ရာသို့ စီးဆင်းတတ်သလို ပြည့်လျှံလွန်းနေရင် လည်းလျှံကျ၊ အံကျ၊ စမ့်ထွက်ကျတတ်တာ သဘာဝပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘင်္ဂလာဒေ့ရှ်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာနဲ့အိန္ဒိယတို့ကို ခိုးဝင်လာတယ်၊ ပြောင်းရွှေ့လာတယ်ဆိုတာ သေချာပေါက်ဖြစ်တန်တဲ့ကိစ္စပါ။ ဟုတ်ကဲ့။ လျှံအံစိမ့်ထွက်ကျလာတဲ့ ဘင်္ဂလီလူလှိုင်းအစအနက မြန်မာနိုင်ငံအနောက်ဘက် အစွန်းမှာ ကို ၁၀သိန်း လောက်တောင်ရှိနေပြီ လို့ဆိုပါတယ်။ ရိုးမအရှေ့ကိုလျှံထွက်သွားတဲ့ အရေအတွက်ကော ရန်ကုန်၊ မော်လမြိုင်၊ မြောင်းမြ စတဲ့ မြန်မာပြည်မ တစ်နံတစ်လျားမှာ ဘယ်လောက်တောင်ရှိနေပြီလဲ။ တိုင်းရင်းသားဆိုတဲ့ လူမျိုးစုတွေတောင် ဗျူရိုကရေစီကြောက့် ရဖို့ခက်ခဲတဲ့ နိုင်ငံသားကဒ်ကို ကိုင်ဆောင်ပြီး မြန်မာနိုင်ငံသား စစ်စစ်တွေပါ ဆိုပြီး ဟစ်ကြွေးဝင့်ထယ် နေနိုင်သူ ဘယ်လောက်များတောင် ရှိနေကြပြီလဲ။ မတွေးရဲစရာ ဖြစ်ပါတယ်။

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

(၂) အစကတော့ ကုလားအုတ်ရဲ့ အကြံ ၊ လူသိသွားတော့ ဆားချက်တဲ့ ဂဠုန်ဟန်

အင်္ဂလိပ်တွေ ရခိုင်ကိုသိမ်းပိုက်တော့ ရခိုင်မှာ လူဦးရေက နှစ်သိန်းပြည့်အောင်တောင် မရှိခဲ့ပါဘူး။ အကြောင်းက ၁၈၇၄-ခုနှစ်မှာ ဘိုးတော်ဦးဝိုင်း ရခိုင်ကို သိမ်းပိုက်တဲ့အခါ စစ်ရှောင်တဲ့ ရခိုင်အများ အပြား ဘင်္ဂလားဒေသအနှံ့ ထွက်ပြေးခိုလှုံသွားခဲ့ကြတဲ့အတွက်၊ ဘင်္ဂလိပ်တွေသိမ်းပြီးစမှာ ပြန်လည် ထူထောင်ရေးအတွက် ဘင်္ဂလီတွေကို ခေါ်သွင်းရင်း ခေါ်သွင်းရင်း၊ ရေစီးလမ်းကြောင်း ကောင်းကောင်းရသွားတဲ့ ရေထုပမာ ဒလဟော ၀င်လာခဲ့ကြတယ်။

၁၅၄ မိုင်ခန့်ရှိတဲ့ကုန်းမြေအစပ် နဲ့ ဟင်းလင်းပွင့်နေတဲ့ ရေပြင်တို့ကနေ၊ ရေကြောင်းရော ကြည်းကြောင်းပါ ၀င်ရောက်ဖို့ လွယ်ကူလှတဲ့အပြင် လာရောက်ဖို့အားပေးတဲ့အနေနဲ့ အင်္ဂလိပ်အစိုးရက ၀င်ရောက်လာသူတွေကို အိုးတစ်လုံးနဲ့ ဖျာတစ်ချပ်စီ တောင် ထောက်ပံ့ပေးခဲ့တယ် လို့ဆိုပါတယ်။ အစတုံးကတော့ ယောက်ျားချည်းသက်သက် အလုပ်လုပ်ဖို့လာကြတယ်။ နောက်များ အဆင်ပြေလာတော့ သားမယားပါခေါ်လာခဲ့ကြတယ်။ ဒီလိုနဲ့ တစ တစနဲ့ ရွာအဖြစ်တည်ထောင်ပြီး စုဝေးနေထိုင်ကြလေရောတဲ့။

ကုလားအုတ်ကြီး ဦးခေါင်းတဲထဲသို့ ၀င်လေပြီဆိုတဲ့အဖြစ်ကို ရိုးအတဲ့တိုင်းရင်းသားတွေ ခမျာမသိရှာခဲ့ဘူး။ ဒီလိုနဲ ၁၉၂၁-ခုနှစ် အရောက်မှာ ဖြတ်ကျော်ကူးဝင်လာသူတွေဟာ စစ်တွေခရိုင် လူဦးရေရဲ့ ၂၀%ဖြစ်လာပြီးတော့ လယ်ယာစီးပွားရေးလုပ်ငန်းတွေမှာပါ လွှမ်းခြုံလာတယ်လို့ စစ်တွေခရိုင်အရေးပိုင် R.B.S Smart က စစ်တမ်း ကောက်ယူပြီးအစီရင်ခံတင်ပြခဲ့ဖူးတယ်။ ဘင်္ဂလီတွေရဲ့ လွှမ်းမိုး ၀ါးမျိုလာမှု ကို သတိပြုမိဟန်ရှိတဲ့ အင်္ဂလိပ်အစိုးရဟာ ၁၉၃၉-ခုနှစ်မှာ ဥက္ကဌမစ္စတာဂျိမ်းအက်စ်တာ၊ အဖွဲ့ဝင် ဦးတင်ထွဋ်နဲ့ မစ္စတာဒေဆိုင်း(ရန်ကုန်တက္ကသိုလ်)တို့ပါဝင်တဲ့ ရခိုင်ဒေသစုံစမ်းရေးကော်မတီတစ်ရပ် ဖွဲ့ပြီးစာရင်းကောက်ယူလိုက်တော့ ရခိုင်ဒေသတစ်ခုလုံးမှာ စစ်တကောင်းသား ဘင်္ဂလီ ၂၁၇၈၀၁ ဦးရှိနေလေပြီဆိုတာကို သိရပါသတဲ့။ စိုက်ပျိုးရေးလုပ်ငန်းအောင်မြင်ဖြစ်ထွန်းတဲ့ စစ်တွေခရိုင်မှာ အများဆုံး ရှိနေကြပါသတဲ့။ ဒီကော်မရှင် ကပဲ တစ်ချိန်မှာ ဌာနေ တိုင်းရင်းသားတွေနဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူဘင်္ဂလီတွေကြားမှာ လူမျိုးရေးပဋိပက္ခ ဖြစ်ပွားလာနိုင်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေကို ကြံဆထားသင့်တယ်လို့ အင်္ဂလိပ်အစိုးရကို အကြံပြုခဲ့တယ်။ အင်္ဂလိပ်အစိုးရဟာ သူတို့ ပယေဂကြောင့်ဖြစ်ပေါ်လာခဲ့တဲ့ ဒဏ်ရာဒဏ်ချက် အတိမ်အနက်ကို ရိပ်စားမိခဲ့ပေမယ့် ဒုတိယကမ္ကာ စစ်ကြီး မီးကူးစက်ကျယ်ပြန့်လာတဲ့တတွက်၊ ကုစားဖို့က အချိန်နှောင်းသွားခဲ့ပြီ ဆိုတဲ့သဘောနဲ့ ဒီအတိုင်း လျစ်လျူရှုထား ခဲ့ရတဲ့သဘောရှိပါတယ်။

အနောက်အရပ်ကနေ မြန်မာ့မြေပေါ်သို့စီးဝင်လာတဲ့ လူဦးရေဆိုတဲ့ လျှံကျ ရေအလျင်ဟာ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရသွားတဲ့အချိန်မှာ၊ နယ်စပ်မျဉ်း အကန့်အသတ်က လည်းရှိလာပြီမို့လို့ ရပ်တန့်သွားသလားဆိုတော့ မရပ်စဲသေးပါဘူး ခင်ဗျ။ ဒေသခံ ဖဆပလ (ဘင်္ဂါလီ) ခေါင်းဆောင်တွေဟာ အခွင့်အာဏာကိုအသုံးချပြီး နယ်စပ်တစ်ဖက်က ဘင်္ဂါလီတွေကို နည်းမျိုးစုံနဲ့ ခေါ်သွင်းခဲ့ဝကတယ်။ ရန်ကုန်က တာဝန်ရှိ ဖဆပလ ဗဟိုခေါင်းဆောင်တချို့အနေနဲ့ ဒီလို ဘင်္ဂါလီတွေခိုးဝင်နေတာ သိပေမယ့် နှာစေးနေခဲ့ကြတယ်။ အိမ်ထောင်စုစာရင်းမရှိ၊ မှတ်ပုံတင်မလို၊ နယ်စပ်တလျှောက် လုံခြုံရေးအားနည်းတဲ့ကာလမှာ သူ့ရွာကိုယ့်ရွာ၊ သူ့ဆွေမျိုးကိုယ်ဆွေမျိုး နေ့ညရယ်မဟူ ကူးချည်သန်းချည်နဲ့ နယ်စပ်တလျှောက် ဒိုးလျှိုပေါက် ၀ါးလုံးထိုး ၀င်လာနေခဲ့ကြတယ်။ ဒီနယ်စပ်တလျှောက်မှာ လွှမ်းမိုးအုပ်စီးထားတာကလည်း မူဂျာဟစ်ဆိုတဲ့ ဘင်္ဂလီလက်နက်ကိုင်သောင်းကျန်းသူ တွေကိုး။ ဆိုလိုတာက ၁၈၂၄-ခုနှစ်ကနေ ၁၉၆၂-ခုနှစ်အထိ နှစ်ပေါင်း တစ်ရာကျော်အတောအတွင်း ရခိုင်ပြည်ထဲကို အနောက်ဘက်ကနေ ဘာ အဟန့်အတားမှမရှိဘဲ ၀င်ရောက်လာနိုင်ခဲ့ကြတယ်။

ခက်တာကခေါင်းတစ်လုံး လုံခြုံရင်တော်ပါပြီလို့ တိုးလျှိုးတောင်းပန်ပြီးမှီခိုပါရစေလို့လာခဲ့တဲ့ ဧည့်သည်က တစ်တဲလုံးကိုသိမ်းပိုက်ချင်တဲ့ အကြံအစည်နဲ့ဗျ။

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

(၃) ကျုပ်မိဘဘိုးဘွားတွေကို သတ်ပြီးယူထားတဲ့ ရပ်ရွာတွေကို ပြန်ပေးပါ

ဒုတိယ ကမ္ကာစစ်ကြီးဖြစ်လာ တဲ့အချိန်မှာ အင်္ဂလိပ်တွေစွန့်ထားခဲ့တဲ့ လက်နက်တွေကို အသုံးပြုပြီး ဘင်္ဂလီစစ်ပြန်တချို့ဦးဆောင်ပြီးတော့ ဘူးသီးတောင်နဲ့မောင်တော့မြို့နယ်တွေမှာ အခြေချနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေကို ရပ်ရွာမီးရှို့၊ လူသတ်၊ မုဒိန်းကျင့်ပြီး မောင်းထုတ်တော့တာဘဲ။ ဒီအရေးအခင်းအတောအတွင်း ဘင်္ဂါလီတွေ လက်ထဲမှာ သေကြရတဲ့ ငြိမ်းချမ်းရေး တမန်တော်တွေ ရှိခဲ့တယ်။ ရခိုင်ပြည်နယ်ငြိမ်ဝပ်ပီပြားရေးအတွက် အင်္ဂလိပ်တွေတာဝန်ပေးခဲ့တဲ့ ရခိုင်ပြည်နယ် အရေးပိုင် အိုင်စီအက်စ် ဦးကျော်ခိုင်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးရအောင်ဆိုပြီး ဘင်္ဂလီလူကြီး A.Dမာရာကံ က ခေါ်ဆောင်တဲ့အတွက် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာသို့ အသွားမှာ အသတ်ခံလိုက်ရတယ်။ နောက်ပြီးတော့ ရဲဘော်သုံးကျိပ်ဝင် ရခိုင်ပြည်နယ် စစ်ရေးတာဝန်ခံ ဗိုလ်ရန်အောင်တပ်ဖွဲ့ထဲက ဗိုလ်ရန်နောင်နဲ့ ရဲဘော်သုံးယောက်ကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့လို့ လှည့်စားခေါ်ယူပြီး မောင်တော့မြို့အ၀င်မှာ သတ်ပစ်လိုက်ခဲ့ ကြတယ်။

ဒီအကြမ်းဖက်ပဋိပက္ခမှာ ဘူးသီးတောင်နဲ့မောင်တောနယ်က ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမီး တိုင်းရင်းသားပေါင်း နှစ်သောင်းခန့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ အသက်မသဘဲ ကျန်ရစ်သူ တိုင်းရင်းသားတွေဟာ မြောက်ဦးနယ် ကျောက်တော်နယ်ဘက် ထွက်ပြေးကြရတယ်။ နောက်ပြီးတော့ မောင်တောနယ် မြောက်ပိုင်းက တိုင်းရင်းသားတချို့ကျတော့ကို ရခိုင်အမျိုးသားအရေးပိုင်တစ်ဦးက အိန္ဒိယနိုင်ငံ ဒင်နာဂျပူရ် ဘက်ကို ကယ်ထုတ်လိုက်တဲ့အတွက်၊ ဒီ(ဘူးသီးတောင် မောင်တော) ဒေသမှာ တိုင်းရင်းသားဆိုလို့ လုံးဝ ကင်းမဲ့သွားတော့တာဖြစ်တယ်။ ကျန်ခဲ့တဲ့ ကျွဲ၊နွား၊လယ်မြေတွေကို ဘင်္ဂါလီတွေက မောင်ပိုင်စီးလိုက်ပါတယ်။

အဲဒီ ၁၉၄၂-ခုနှစ် လူမျိုးတုံးသုတ်သင်ဖို့ ကြိုးစားတဲ့ အကြမ်းဖက်မှုမတိုင်ခင် မောင်တောမြို့နယ်မှာ တိုင်းရင်းသား ၂၅%နဲ့ဘူးသီးတောင်မြို့နယ်မှာ တိုင်းရင်းသား ၄၀%ရှိနေခဲ့ရာကနေ၊ တိုင်းရင်းသားတွေ လုံးဝနီးပါး ပပျောက်သွားရတဲ့အဖြစ်သို့ရောက်ခဲ့ရတယ်။ ဒီနေ့ ကျန်နေသေးတဲ့ ဒီဒေသက တိုင်းရင်းသား ဘယ်သူမဆို မေးကြည့်လိုက်ရင်၊ မိမိတို့ရဲ့ မိသားစုဝင်တစ်ယောက် ဆွေမျိုးတစ်ယောက်ယောက် ဘင်္ဂါလီတွေသတ်လို့ မဆုံးရှုံးခဲ့ဖူးတဲ့လူမရှိသလို၊ မြေယာမဆုံးရှုံးဖူးသူ ရယ်လို့ မရှိတာကို တွေ့နိုင်ပါတယ်။

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

(၄) ယာရှင်ကို နှင်တဲ့ မျောက်တွေက ပြင်ပအကူတွေနဲ့

ဒီလိုတိုင်းရင်းသားတွေကို ရှင်းထုတ်လိုက်တဲ့ သူတို့ရဲ့ရည်ရွယ်ချက်က အင်္ဂလိပ်တွေက တစ်နေ့ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးလာတဲ့ အချိန်ကျရင်၊ သူတို့က မြန်မာ လက်အောက်ခံအဖြစ် မနေပဲနဲ့ ခွဲထွက်လို့ရအောင် တိုင်းရင်းသားတွေကို ရှင်းထုတ်လိုက်တာ ဖြစ်တယ်။ ပြီးရင် ဘူးသီးတောင်နဲ့မောင်တောနယ် ကို လွတ်လပ်တဲ့အာကိစ္စတန်(၀ါ)အာရကန်နိစ္စတန်လို့ မူဆလင် ကြားခံနယ်အဖြစ်ထူထောင်မယ်။ ဒီအကြံမအောင်မြင်ရင် ပါကိစ္စတန်ရဲ့အစိတ်အပိုင်းအဖြစ်ပူးပေါင်းဖို့ ကြံရွယ်ထားတယ်လို့ ဆိုတယ်။ ၁၉၄၂-ခုနှစ်မှာပဲ ပါကိစ္စတန်ရဲ့မြို့တော် ကရာချိမှာကျင်းပတဲ့ ကမ္ကာ့အစ္စလမ္မစ်ညီလာခံကို တက်ရောက်တဲ့ သူတို့ရဲ့ကိုယ်စားလှယ်တွေက ပါကိစ္စတန်နဲ့ ပေါင်းစည်းရေးအဆိုကိုပဲ တင်ခဲ့တယ်လို့ဆိုတယ်။ အရှေ့ပါကိစ္စတန်လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်က ဘာသာရေးအစွန်းရောက် ပါတီခေါင်းဆောင်တွေက အဲဒီအဆိုကိုထောက်ခံခဲ့ကြတယ်

၁၉၄၂-ခုနှစ်မှာ မော်လ၀ီတွေဦးစီးပြီး ဂျမေတူအူလမာအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ရည်ရွယ်ရင်းက ပါကိစ္စတန်နဲ့ပေါင်းစည်းရေးအတွက် ဦးဆောင်ကြိုးပမ်းဖို့ပါ။ သို့သော်ကံကောင်းတယ်လို့ပဲဆိုရမလား။ ဗိုလ်ချုပ်အောင်ဆန်းက ဘင်္ဂလီတွေခွဲထွက်ဖဲ့ယူမယ့်ကိစ္စ ကို အချိန်မီ တားဆီးနိုင်ခဲ့တယ်။ ၁၉၄၆-ခုနှစ် အောင်ဆန်းအီတလီစာချုပ်ချုပ်ဖို့ အင်္ဂလန်ကိုအသွား အိန္ဒိယနိုင်ငံ နယူးဒေလီကနေတဆင့် ကရာချိမြို့မှာရှိတဲ့ ပါကိစ္စတန်ခေါင်းဆောင် မစ္စတာ အာလီဂျင်းနားနဲ့ တွေ့ပြီး ဒီကိစ္စကို အသိပေးဟန့်တားနိုင်ခဲ့တယ်။ အာလီဂျင်းနားကတော့ အဲသည်နယ်မြေတွေကို ရယူဖို့ကြိုးစားတဲ့ လုပ်ရပ်ကိုမလုပ်ဘူးလို့ ကတိပြုခဲ့တယ် လို့ဆိုပါတယ်။ ဂျမေတူအူလမာအဖွဲ့ကတော့ ၁၉၄၇-ခုနှစ်မှာလည်းကရာချိမြို့ကိုအရောက်သွားပြီး အာလီဂျင်းနားနဲ့ တွေ့ပြီး ပူးပေါင်းဖို့ကို တိုက်တွန်းတင်ပြခဲ့သေးတယ်။ အာလီဂျင်နား လက်မခံလို့လည်း ဘူးသီးတောင် မောင်တောနယ် ပါကိစ္စတန်နယ်မြေ ဖြစ်တော့မယ့်အရေးကနေ လွဲခဲ့တယ်တယ်။ ဒါအပြင် ဒီ ဂျမေတူအူလမာအဖွဲ့ကပဲ ၁၉၄၇-ခုနှစ်မှာ မြန်မာ့လွတ်လပ်ရေး စုံစမ်းရေးကော်မတီက မစ္စတာဘော်တွန်မလေထံ သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်တင်ပြခဲ့ပါသေးတယ်။ ဒီတစ်ခါသူတို့ရဲ့ တောင်းဆိုချက်က မော်တော၊ ဘူးသီးတောင်မြို့နယ်များပါဝင်တဲ့မူဆလင်အမျိုးသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် ဖွဲ့စည်း တည်ထောင် ပေးဖို့ ဖြစ်တယ်၊ ဒါပေမဲ့ ဒါကလည်း ဘာမှ အရာမေရောက်ခဲ့ပြန်ဘူး။ တပြိုင်တည်းမှာပဲ ၁၉၄၇-ခုနှစ်ကုန်ပိုင်းမှာ မူဂျာဟစ် လက်နက်ကိုင်ပါတီကိုဖွဲ့စည်းလိုက်တယ်။ နိုင်ငံရေးအရ တင်ပြတောင်းဆိုတဲ့ နည်းလမ်းက မအောင်မြတဲ့အတွက် လက်နက်ကိုင်လှုပ်ရှားဖို့၊ စစ်ရေးနည်းနဲ့ သိမ်းပိုက်ဖို့ ခြေလှမ်းစလိုက်ကြတာဖြစ်ပါတယ်။

၁၉၄၈-ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရအပြီးမှာ ဖဆပလ အစိုးရကအုပ်ချုပ်ခဲ့တယ်ဆိုပေမယ့် ကာကွယ်ရေး၊ လုံခြုံရေးအင်အားက နည်းပါးနေသေးတော့ ဒီဒေသမှာ သောင်းကျန်းနေတဲ့ မူဂျာဟစ်တွေကို အမြစ်ပြတ် မနှိမ်နင်းနိုင်ခဲ့ဘူး။ ဖဆပလ အစိုးရက တိမ်းရှောင်နေရတဲ့ ဒေသခံတွေကို ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လည်အခြေစိုက်စေတဲ့ ပြန်လည်ထူထောင်ရေးစီမံချက်ဆိုပြီးလုပ်ပေးခဲ့တယ်။ သို့သော် မူဂျာဟစ်တွေရဲ့ ဆက်ကြေးတောင်း၊ မုဒိန်းကျင့်၊ ရပ်ရွာမီးရှို့တာမျိုးတို့နဲ့ ဆက်လက်သောင်းကျန်းနေလေတော့ အခြေချဖို့ ပြန်လာသူ တချို့ ပြန်လည်ထွက်ပြေးရတယ်။ ပြန်မပြေးလာရင်လည်း သူတို့ရဲ့နှိပ်စက်မှုဒဏ်ကို အဆက်မပြတ်ခံကြရတယ်။ တော်လှန်ရေးကောင်စီ တက်လာပြီး ၁၉၇၄-ခုနှစ် ၀န်းကျင်လောက်ကျတော့မှ မူဂျာဟစ် သောင်းကျန်းမှု ချုပ်ငြိမ်းသွားခဲ့တယ်။

ဒါပေမဲ့ တစ်ဖန် ဘင်္ဂလီပညာတတ်တွေဟာ ၁၉၆၆-ခုနှစ်လောက်မှာ Rohingya Solidarity Organization (R.S.O)ဆိုပြီး အားသစ်လောင်းဖွဲ့စည်းခဲ့ပြန်တယ်။ သူတို့တတွေဟာ အယ်လ်ကိုင်ဒါအစွန်းရောက် မူဆလင်အဖွဲ့တွေရဲ့ အကူအညီနဲ့ အာဖဂန် နဲ့ ပါကိစ္စန်နယ်စပ်တွေမှာ ဖောက်ခွဲရေးသင်တန်း၊ စစ်သင်တန်းတွေတက်တယ်လို့ ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် ထုတ်ဖော် ပြောဖူးပါတယ်။ သူတို့တတွေဟာ အခွင့်မသာသေးလို့ငြိမ်နေတာ၊ အခွင့်သာခိုက်လှုပ်ရှားဖို့ အဆင့်သင့်ရှိနေတယ်ဆိုတဲ့ သဘောပါ။ ၈၈-အရေးအခင်းကာလ အုပ်ချုပ်ရေးလျော့နည်းနေချိန် မောင်တောမြို့ကို လူအုပ်ကြီးနဲ့ ၀င်စီးဖို့ ကြိုးစားဖူးသလို ယခု ၂၀၁၂-ခုနှစ် ဇွန်လ ၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဟာလည်း ရိုဟင်ဂှာအမည်ခံသောင်းကျန်းသူတွေက နောက်ကွယ်ကနေ အကွက်ချတဲ့အတိုင်း ထကြွလှုပ်ရှားကြတာ အများကြီး ဖြစ်နိုင်ပါတယ်။

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

(၅) မူလတိုင်းရင်းသားအခွင့်အရေးတိုက်ပွဲဝင်သူတွေကို လူ့အခွင့်အရေးနဲ့ လာ အနိုင်မကျင့်နဲ့

လွန်လေခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်ကျော်ကာလအတွင်း မြန်မာ့မြေရယ်လို့ဆိုပေမဲ့ သူတို့ရဲ့ ထိပါး နှောင့်ယှက်မှု ကို အမြဲမပြတ်ခံစားနေရတော့ လူနည်းစုဒေသခံများအဖို့ လုံခြုံအေးချမ်းတယ်လို့ ဘယ်ခံစား နိုင်ပါ့ မလဲ။ ဒီတော့တိုင်းရင်းသား လူဦးရေတိုးတယ်လို့ကို မရှိနိုင်တော့ဘူးပေါ့။ ကြည့်ပါ မောင်တောတစ်မြို့နယ် လုံး လူဦးရေ ၄၅၀၀၀၀ လောက်မှာ တိုင်းရင်းသားက ၂၅၀၀၀ လောက်၊ ဘူးသီးတောင်တစ်မြို့နယ်လုံး လူဦးရေ ၃၅၀၀၀၀ ခန့်မှာ တိုင်းရင်းသားက ၄၅၀၀၀ လောက်ဘဲရှိတာ၊ ဗူးလဲရာဖရုံဆင့်ဆိုသလို စီးပွားရေးအကျပ် အတည်း၊ အလုပ်လက်မဲ့ပြသနာတွေကို ရှောင်လွှဲချင်တဲ့ရခိုင်တိုင်းရင်းသားအများအပြားတခြားဒေသတွေဆီ တဖွဲဖွဲထွက်ခွာနေကြတော့ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ တိုင်းရင်းသားနဲ့ ဘင်္ဂလီအချိုး ၇၀ အချိုး ၃၀ လောက် တောင်ရှိလာပြီလေ။ ယောက်ျားတစ်ယောက် မိန်းမ ၄ ယောက်ထိ လက်ထပ်ခွင့်ရှိတဲ့ ဓလေ့ထဲက အမျိုးသမီး တစ်ယောက် ကလေး ၈ ယောက်ကနေ ၁၀၊ ၁၂ ယောက်ထိ အတားအဆီးမဲ့ မွေးဖွားတတ်တဲ့ ဘင်္ဂလီတွေနဲ့ တိုင်းရင်းသားတွေရဲ့ လူဦးရေတိုးပွားနှုန်းကလည်း အလှမ်းကွာပြီးသားပါ။ နောင်အနှစ် ၅၀၊ ၁၀၀ အကြာမှာ ဒီဒေရဲ့ လူဦးရေကွာခြားနှုန်းကနေ တစ်တိုင်းပြည်လုံးကွာဟမှုမျိုးထိ ဖြစ်မလာနိုင်ဘူးလား။

ဒါကို ဒီဒေသရဲ့ယှက်နွယ်နေတဲ့လူမျိုးရေး၊ နိုင်ငံရေးအတိတ်နဲ့ ပစ္စက္ခအခြေအနေကိုခပ်ရေးရေးပင် မသိရှိသေးလို့လား၊ အရောင်လွှမ်းနေတဲ့ ဆန္ဒဂတိကြောင့်လားတော့မသိ သတင်း၊ မီဒီယာ၊ အသံလွှင့်ဌာနကနေ မြန်မာတစ်ချို့ဖော့ဖော့လေးတွေးပြီး၊ ပေါ့ပေါ့လေးနေကြ၊ ပြောကြတာတွေ့ရသဗျ။ သမိုင်းကြောင်းရာမရှိဘဲ လုပ်ကြံလူမျိုးအမည်ဖြစ်တဲ့ ရိုဟင်ဂျာစကားလုံးကို မြိန်ရည်ယှက်ရည်သုံးပြီး အကြိုက်အလိုက်ဆောင်နေကြ ရုံတင်မက ၁၉၈၂-ခုနှစ် နိုင်ငံသားပြုမှု ဥပဒေကိုတောင်ပြင်ရမည်လို့ ပြောကြရေးကြတာကတော့ ဘယ်လိုမှ မသင့်လျော်တဲ့ကိစ္စပါ။ ကမ္ဘာကြီးရွာမှာ လူ့အခွင့်အရေးဆိုတဲ့ စံပေတံကြီးနဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေတိုင်းတာ လို့ကောရမှာတဲ့လား။ နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် သူ့အနေအထားအတိုင်းအတာနဲ့ လုပ်ဆောင်ကြတာပဲ မဟုတ်ပါလား။ တစ်ခုတော့ရှိတာပေါ့ နိုင်ငံတကာရဲ့ လစာစားနေတဲ့သူတွေကတော့ သူ့ဆန်စားမှ သူ့အလုပ်ကိုလုပ်ရမှာပေါ့။ မြန်မာ့ပြည်တွင်းရေးကိစ္စမြန်မာ့မဟုတ်တဲ့ အခြားသူတွေ တိုင်းချင်တဲ့ ပေတံနဲ့တိုင်းပလေ့စေလေ။

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

(၆) ယာမှာလာနေတဲ့မျောက်တွေ ခုထက်မက မပေါက်ပွားသေးခင်မှာ

တကယ်က သာလာယံဇရပ်မှာတောင် ဘုန်းကြီးရဲ့စောင့်ရှောက်မှု၊ ရပ်လူကြီးရဲ့ ထိမ်းသိမ်းပေးမှုမျိုးက ရှိနေသေးတာဘဲ။ ဇရပ်ကိုအိမ်မှတ်လို့ အမြဲတမ်းနေမည်ဆို ဘယ်ဘုန်းကြီး၊ ဘယ်ရပ်လူကြီးကမှ ခွင့်မပြုပါဘူး။ အမေရိကန်မှာဆို မက္ကဆီကိုနယ်စပ်တလျှောက်က ခိုးဝင်လာတတ်လို့ သံဆူးကြိုး အထပ်ထပ် ကာရံထားတယ် မဟုတ်လား။ အစ္စရေးနိုင်ငံမှာဆိုလည်းဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ကိုတင်းကျပ်ထားသလိုနယ်စပ်တစ်လျှောက် အုတ်တံတိုင်းလည်း ကာရံထားတာဘဲ။ ထို့အတူ မူဆလင်တွေရဲ့ သာသနာ့မြေဆော်ဒီနိုင်ငံမှာဆို နိုင်ငံခြားသား တစ်ယောက်က နိုင်ငံသားကို လက်ထပ်ခွင့်တောင်မရှိဘူး။ မလေးရှားနိုင်ငံမှာဆိုရင် ဌာနေဘူမိပုတ္တရ မလေးလူမျိုးတွေအတွက် သီးခြားဥပဒေနဲ့တောင် အကာအကွယ်ပေးထားတယ်မဟုတ်လား။ သူ့နိုင်ငံသူစည်းမို့ ခွဲခြားဆက်ဆံတယ် လူ့အခွင့်အရေးချိုးဖောက်တယ် လို့ ဘယ်အဖွဲ့အစည်းကမှ အပြစ်တင်သံမကြားမိပါဘူး။ တရားမ၀င်လာသူတွေကို အဟန့်အတားဖြစ်အောင်၊ နိုင်ငံသားလုံခြုံရေးဆိုင်ရာ ဥပဒေမျိုးကိုမှပြင်ရမယ်၊ ဖျက်ရ မယ်ဆိုမျိုးက လိုက်လျောစရာကိစ္စ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက ခေတ္တခိုလှုံဖို့ရောက်လာသူ ဒုက္ခသည်တွေကိုတော် ခွင့်မပြုတာကို တွြေ့မင်နိုင်တယ်။ ထိုင်းနိုင်ငံရောက်မြန်မာ့ဒုက္ခသည်တွေနဲ့ သန်းချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို သူ့နိုင်ငံသားနဲ့တန်းတူအခွင့် အရေးပေးဖို့နေနေသာ ခေါင်းပုံအဖြတ်ခံ၊ အသက်ကိုပါ အလွယ်တကူဆုံးရှုံးခံရတာမျိုးကိုကျတော့ ဘယ်အဖွဲ့အစည်းကမှဝင်ရောက်ကူညီတာ၊ ဟန့်တားတာ၊ ကာကွယ်တာများလုပ်ဖူးလို့လဲ။ မြန်မာ့နဲ့စပ်လျဉ်းတဲ့ ကိစ္စမှန်သမျှ ထစ်ခနဲဆို အပြစ်တင် မြန်သလောက် ပေးဆပ်ဖို့ကျတော့ ဖင့်နှေးလေးကန်နေတတ်ကြတယ်။ ဒီတော့ တစ်ဖက်စောင်း နင်း ကိုင်စွဲတိုင်းတာတတ်တဲ့ ပါဝါမီတာတိုင်တိုင်းကိုလည်း ငဲ့စောင်းကြည့်မနေသင့်ဘူး ထင်တယ်ဗျ။

ဒီဘင်္ဂလားဒေ့ရှ်ဒေသမှာ အခြေချနေထိုင်ခဲ့ဖူးတဲ့ ရခိုင်လူမျိုးတွေရဲ့ လူသိနည်းတဲ့ အနာတရဖြစ်စဉ်တွေ ကိုလည်း ပြန်ကြည့်ဖို့ကောင်းပါသေးတယ်။ ၁၉၄၇-ခုနှစမ အိန္ဒိယနဲ့ပါကစ္စတန်လမ်းခွဲအပြီး ၁၉၅၀-ခုနှစ်တ၀ိုက် မှာ ရခိုင်လူမျိုးရာပေါင်းများစွာကိုနှင်ထုတ်ခဲ့လို့ ရခိုင်၊ ဧရာဝတီနဲ့ ရန်ကုန်မှာ အခြေစိုက်လာခဲ့ရသေးတယ်။ ၁၉၇၃-ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ်ထူထောင်စမှာလည်း စစ်တကောင်းဒေသမှာ နေထိုင်ကြတဲ့ ရခိုင်တွေရဲ့ မြေယာတွေကို သိမ်းပိုက်ပြီး အတင်းနှင်ထုတ်ခဲ့ပါသေးတယ်။ ဘင်္ဂလားဒေသမှာ ရခိုင်တွေ ၁၆ ရာစုကတည်းက အခြေစိုက်နေထိုင်လာခဲ့ကြတာပါ။သမိုင်းနဲ့ချီပြီးနေလာတဲ့လူမျိုးရယ်လို့ဘင်္ဂလီတွေအဖို့ငဲ့ညှာတာမျိုး ဒီဖြစ်စဉ် မှာလည်း မတွေ့ခဲ့ရပါလား။ လူသာအချင်းချင်းစာနာစိတ်၊ ငဲ့ညှာစိတ်ကြောင့်တခြားတပါးက ၀င်ရောက်လာသူ ကိုမှ ကာလရှည်ကြာစွာ ကြည့်ရှုစောင့်မထားရှိခြင်းက မြန်မာတို့အဖို့မှာတော့ လူသားဆန်လှပါပြီ။ သို့သော် အိမ်ရှင်ကို ဧည့်သည်နှင်တဲ့အဖြစ်၊ စပါးရှင်ကို မျောက်ရှင်ကခြောက်တဲ့အဖြစ်ကို ဘယ်သူကနှစ်မြို့နိုင်မှာတဲ့လဲ။ အချုပ်အခြာအာဏာကိုထိပါးတယ်လို့ဆိုတာလည်း ပိုင်နက်နယ်မြေ တစ်ခုကိုအသိမ်းပိုင်ခံရမှ မဟုတ်ပါဘူး။ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု အတင်းတွန်းတိုးလွှမ်းမိုးခံရရင်ကိုဘဲ လုံလောက်တဲ့ထိပါးခြင်းပါ။ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ကြွေးကြော်သံက ဒီကိစ္စမျိုးမှာကော တည်မှီမနေဘူးလား။

ဒီလိုစိန်ခေါ်မှုများတဲ့အနေအထားထဲက အားထုတ်မှုမျှခြေတစ်ခုကိုမှ ဖြစ်မလာခဲ့ဘူး၊ ၁၉၈၂-ခုနှစ်
နိုင်ငံသားဖြစ်မှု ဥပဒေကိုပြဌန်းနိုင်ခဲ့ပေမဲ့ ဥပဒေ ရဲ့ဥပတိရုပ်ကအသုံးချခံခဲ့ရုံမှအပ မပေါ်လွင်ခဲ့ဘူး။ ဒါအပြင် ပြဿနာရဲ့အရောင်အသွေးကိုအနက်ရောင် မဟုတ်တောင်အစိမ်းရောင်ခြယ်သနိုင်ပေမဲ့ပြတ်သားမှုမရှိခဲ့လား လို့တော့မသိ ဘင်္ဂလားဒေ့ခ်ျ အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက ၁၉၉၂-ခုနှစ် မြန်မာနိုင်ငံကထွက်ပြေး လာခဲ့တဲ့ရိုဟင်ဂျာလက်ကျန် UNHCR စခန်းမှာ ၂၅၀၀၀ ကျော်ရှိပြီးတိုင်းပြည်တွင်းခိုးဝင်ပျံ့နှံ့နေတဲ့ ရိုဟင်ဂျာက ၄သိန်းကျော်လောက်တောင်ရှိနေတယ်လို့ ငဖယ်ကပြောင်းပြန်လုပ်လာပြီလေ။ တစ်နေ့မှာမြန်မာသို့ပြန်ပို့နိုင်ဖို့ အတွက် ကြိုပြီးလေသံပစ်ထားတာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံပေါင်းစည်းအပြီး ၁၉၇၅ -ခုနှစ်ကနေ ၁၉၈၀ ၀န်းကျင်အထိ ကပာလအတောအတွင်း သိန်းချီတဲ့ နိုင်ငံခြားသားနဲ့သွေးနှောတွေကို လိုရာအရပ်သို့ လောင်းလှေတွေနဲ့သွားစေခဲ့တာဟာ အနာဆိုးအနာပျက်ကိုဖယ်ထုတ်ကုသလိုက်တာ။ ကြွေးကျန်ဆပ်လိုက်တာပဲပေါ့။ ကြွေးရဲ့သဘောက ပေးဆပ် ပါမှကျေမယ်၊ မဆပ်သမျှ အတိုးတက်ပြီး တိုးရင်းပေါင်းက ကြီးလာမယ်။ ဒီလိုနဲ မြေခွန်မကျေ ကျန်ငွေဖြစ်ဘိသကဲ့သို့ဆပ်မကုန်နိုင်အောင်ဖြစ်လာတော့တာပဲ မဟုတ်လား။

0 comments:

Post a Comment