Pages

Monday, November 5, 2012

စိတ် နဲ့ ခန္ဓာ

ငါ့ခန္ဓာကိုယ်  ငွေထုတ် စက်လား

ငါ့ကိုခိုင်းစေ မနေမနား

ငါပေးဆပ်နေ နေ့မအား ညမနား

ငါရှာဖွေနေ ငါတည်ဆောက်နေ

ငါ့တွက်မဟုတ်  လောက လူ့ရွာ

မပေးတတ်ရင်   မယူတတ်ရင်

သံသရာမှာ  ငရဲရောက်လိမ့်

ယခုခဏ  လောဘအတ္တ

အမိုက်မှောင်ဖုန်း  တဏှာရာဂ

သူခိုင်းစေလို့  စေသည့်ကျွန်လား

ထွန်သည့်နွားလား   ခန္ဓာသဘော

လိုက်လျှောပြီးတော့   ခန္ဓာခိုင်းသမျှလုပ်ရတယ်

မင်း  ရဲ့သယုဒ်   မင်း  ပြယုဒ်ကို

မင်း ကြည့်တတ်ရင် မြင်လိမ့်မယ်

လောကလူ့ရွာ မကြည့်တတ်ရင်

ငရဲပန်းကို ရွှေပန်းအမှတ်

မင်းမြင်နေတယ်

လောဘ အတ္တ တဏှာ ရာဂ ကိလေသာကို

ရွှေပန်းမှတ်လို့   ပန်ချင်တယ်

လောဘ အတ္တ သူခိုင်းစေတော့

သားတွက်သမီးတွက်

ဆွေတွက်မျိုးတွက်

စည်းစိမ်ဥစ္စာ တည်မြဲဖို့အရေး

နောင် သံသရာ မတွေးခေါ်ဘူး

ခန္ဓာခိုင်း သမျှလုပ်ရတယ်

ခန္ဓာသဘောမလိုက်ရောရင်

အာရုံတွေနောက်  စိတ်တွေ   ဖောက်ပေါ့

ရင်မှအပူ မီးလိုဆူလို့

စိတ်ဝယ်  မောပန်း   မရွှင်လန်းနိုင်

ခန္ဓာနားလည်း  စိတ်ကပြေးလွား

မမောပန်းနိုင်  စိတ်ရဲ့စေရာ

အမှား  အမှန်  ရှုမြင်သုံးသတ်

ဝေဖန်စစ်ကြည့်   လောကလူရွာ

စိတ်နဲ့ခန္ဓာ   တရားသလား

အမှားများသလား    မေးချင်တယ်........။
18 CommentsChronological   Reverse   Threaded
kotoegyi wrote on Jul 25, '10
ဟုတ်
မမငွေထုတ်စက်
ဒေါ်လာနဲနဲလောက် ထုတ်ပေးပါ
မမြင်ဘူးလို့ ပါ
ဓါတ်ပုံထည်းမှာတော့မြင်ဘူးတယ်နော် အပြင်မှာပြောတာ
yinminkhine wrote on Jul 25, '10
kotoegyi said
ဟုတ်
မမငွေထုတ်စက်
ဒေါ်လာနဲနဲလောက် ထုတ်ပေးပါ
မမြင်ဘူးလို့ ပါ
ဓါတ်ပုံထည်းမှာတော့မြင်ဘူးတယ်နော် အပြင်မှာပြောတာ
လာနောက်မနေနဲ့ ...သက်မွန်မြင့်.ထံကတောင်းပါ..
nyeinsoeoo wrote on Jul 26, '10
သက်မွန်မြင့် ဘယ်မှာလည်း ဟင်...။အဲဒါ ကိုက တရားနဲ့ အမှား ဘာများသလဲ ရှင်းနေပါပြီ ...ခိုင်ရေ ...
mizzuri09clysna wrote on Jul 26, '10
ဖတ်သွားပါတယ် ယဉ်မင်းရေ

ချမ်းမြေ့ပါစေ
ကိုကြည်နိုင်(ကျုံတိုင်းရွာ)
generalzinminko wrote on Jul 26, '10
လူ့လောကကို ဝေဖန်စစ်ကြည့်ဖို့  အတွေးများစွာနဲ့  ဖတ်သွားပါတယ် မမရာ .....။
dhammaanalysis wrote on Jul 26, '10
အမှား အမှန် ရှုမြင်သုံးသတ်

ဝေဖန်စစ်ကြည့် လောကလူရွာ

စိတ်နဲ့ခန္ဓာ တရားသလား

အမှားများသလား မေးချင်တယ်........။
အမှန်ပေါ့ ဘယ်အရာမဆို အမှားလား အမှန်လား
ဝေဖန်ဆန်းစစ်တတ်ဖို့ အရေးကြီးပါတယ်
စိတ်နဲ့ ခန္ဒာ တရားသလားဆိုတာတော့ တရားသဘောနဲ့ ကြည့်ရင် တရားတွေ တွေ့မှာပေါ့
ကြည့်တတ်ဖို့ပဲ လိုတယ်တယ်လေ
ရည်ညွန်းချက်လေးများ ကောင်းမွန်ပါပေ၏။
သာဓု သာဓု သာဓု
yinminkhine wrote on Jul 26, '10
သက်မွန်မြင့် ဘယ်မှာလည်း ဟင်...။အဲဒါ ကိုက တရားနဲ့ အမှား ဘာများသလဲ ရှင်းနေပါပြီ ...ခိုင်ရေ ...
လူသဘောကိုစောကြောမိတော့........တရားနဲ့ အမှား
အမှန်တရား..ရေးမိသွားတာပါ။
wearelife wrote on Jul 26, '10
သားတွက်သမီးတွက်

ဆွေတွက်မျိုးတွက်

စည်းစိမ်ဥစ္စာ တည်မြဲဖို့အရေး

နောင် သံသရာ မတွေးခေါ်ဘူး

ခန္ဓာခိုင်း သမျှလုပ်ရတယ်

ခန္ဓာသဘောမလိုက်ရောရင်

အာရုံတွေနောက် စိတ်တွေ ဖောက်ပေါ့

အမှားတွေထဲကအမှန်တွေပေါ့...လုပ်နေရတယ်ပဲလေ

တရားကတော့ကိုယ်ဘေးနားမှာအမြဲရှိနေတယ်လေ

ယူတက်ရင်ပေါ့
yinminkhine wrote on Jul 26, '10
ဖတ်သွားပါတယ် ယဉ်မင်းရေ

ချမ်းမြေ့ပါစေ
ကိုကြည်နိုင်(ကျုံတိုင်းရွာ)
အားပေးမှု့လေးစားပါ၏
yinminkhine wrote on Jul 26, '10
လူ့လောကကို ဝေဖန်စစ်ကြည့်ဖို့  အတွေးများစွာနဲ့  ဖတ်သွားပါတယ် မမရာ .....။
ကောင်းတယ်..တွေးတတ်မှပေါ့နော်.. ဒါမှမြတ်လားရှုံးလားသိမှာလေနော်.......

လူလောကမှာနေတာ.....အမြတ်ရမှနော်...အနေမြတ်တာနော်.........
yinminkhine wrote on Jul 26, '10
အမှန်ပေါ့ ဘယ်အရာမဆို အမှားလား အမှန်လား
ဝေဖန်ဆန်းစစ်တတ်ဖို့ အရေးကြီးပါတယ်
စိတ်နဲ့ ခန္ဒာ တရားသလားဆိုတာတော့ တရားသဘောနဲ့ ကြည့်ရင် တရားတွေ တွေ့မှာပေါ့
ကြည့်တတ်ဖို့ပဲ လိုတယ်တယ်လေ
ရည်ညွန်းချက်လေးများ ကောင်းမွန်ပါပေ၏။
သာဓု သာဓု သာဓု
တပည့်တော်..မ.

ရှိခိုးဦးတင်ကန်တော့ပါတယ်ဘုရား။

အရှင်ဘုရားကျမ်းမာပါစေ။
yinminkhine wrote on Jul 26, '10
wearelife said
သားတွက်သမီးတွက်

ဆွေတွက်မျိုးတွက်

စည်းစိမ်ဥစ္စာ တည်မြဲဖို့အရေး

နောင် သံသရာ မတွေးခေါ်ဘူး

ခန္ဓာခိုင်း သမျှလုပ်ရတယ်

ခန္ဓာသဘောမလိုက်ရောရင်

အာရုံတွေနောက် စိတ်တွေ ဖောက်ပေါ့

အမှားတွေထဲကအမှန်တွေပေါ့...လုပ်နေရတယ်ပဲလေ

တရားကတော့ကိုယ်ဘေးနားမှာအမြဲရှိနေတယ်လေ

ယူတက်ရင်ပေါ့
သေချာတယ်သီဟရေ......နောင်သံသရာမတွေးတော့ဘူးးးးးးးး

စိတ်ခိုင်းစေသမျှလုပ်နေကြတယ်....ယူတော့ယူတယ်..ပေးတော့ပေးတယ်.....လုပ်နေရတယ်...

သူများတွက်ပေါ့....ကိုသေတော့လည်းမပါဘူးနော်...

မြင်တယ်သိတယ်..မကျင့်ကြံတတ်ဘူးဖြစ်နေတယ်လေ.နော်.......
ainlay44 wrote on Jul 28, '10
ငါ့ခန္ဓာကိုယ် ငွေထုတ် စက်လား

ငါ့ကိုခိုင်းစေ မနေမနား

ငါပေးဆပ်နေ နေ့မအား ညမနား.....။


ဝဋ်ကြွေးရှိသမျှပေးဆပ်ခဲ့ပါတယ်...။။။။။
yinminkhine wrote on Jul 28, '10
ainlay44 said
ငါ့ခန္ဓာကိုယ် ငွေထုတ် စက်လား

ငါ့ကိုခိုင်းစေ မနေမနား

ငါပေးဆပ်နေ နေ့မအား ညမနား.....။


ဝဋ်ကြွေးရှိသမျှပေးဆပ်ခဲ့ပါတယ်...။။။။။
ယခုခဏ လောဘအတ္တ

အမိုက်မှောင်ဖုန်း တဏှာရာဂ

သူခိုင်းစေလို့ စေသည့်ကျွန်လား

ထွန်သည့်နွားလား ခန္ဓာသဘော

လိုက်လျှောပြီးတော့ ခန္ဓာခိုင်းသမျှလုပ်ရတယ်..............။
kovida wrote on Jul 28, '10
ဦးဇင်းဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခဲ့ပါတယ်။
yinminkhine wrote on Jul 28, '10
kovida said
ဦးဇင်းဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခဲ့ပါတယ်။
တင်ပါ့ဘုရား.............တပည့်တော်.....မ.....ရှင်ခိုးဦးတင်ပါတယ်.ကန်တော့ပါတယ်ဘုရား..........
mahaythi2010 wrote on Jul 30, '10
အားပေးသွားပါတယ် ... မယဉ်မင်းရေ .....
yinminkhine wrote on Jul 30, '10
အားပေးသွားပါတယ် ... မယဉ်မင်းရေ .....
အားပေးမှု့လေးစား၏
Add a Comment
 

0 comments:

Post a Comment