Pages

Sunday, November 11, 2012

စိတ်ချမ်းသာမှု့ဟာ အပြင်မှာမရှိဘူး စိတ်ချမ်းသာမှု့ဟာစိတ်ထဲမှာပဲရှိတယ်..

်Note    ကိုယ့်ယဉ်ကျေးမူ့ အဆင့်အတန်းဟာ ကိုယ့်စိတ်အဆင့်အတန်းပေါ်မှာ မူတည်တယ် ။   
Note    သိပြီးတော့ မလုပ်သေးရင် မသိသေးလို့ပဲ ။ နဲနဲသိ နဲနဲလုပ်ပါ ။ များများသိ များများလုပ်ပါ ။   


Note    စိတ်ချမ်းသာမူ့ဟာ အပြင်မှာမရှိဘူး ။ စိတ်ချမ်းသာမူ့ဟာ စိတ်ထဲမှာပဲ ရှိတယ် ။   


Note    ဇာတ်လမ်းတွေ ရှည်နေတာ အတ္တကြောင့်ပါ ။   

Note    အမှန်တရားကို ထိုက်ထိုက်တန်တန် နေရာပေးချင်တယ် ။ ဒါကြောင့် ... လွယ်လွယ်နဲ့ လက်မခံတာပါ ။ လွယ်လွယ်နဲ့ လက်ခံရင် အမှန်တရားကို မလေးစားရာ ရောက်တယ် ။   

Note    တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။ ကိုယ့်ဖက်က လိုချင်တာတွေ များသွားလို့ပါ။   

Note    အမှားတစ်ခုက နေရာယူပြီး လမ်းပိတ်ထားလိုက်ရင် အမှန်က နေရာ မရတော့ဘူး ။   

Note    စာမတတ်သူအား ငြင်းခုံခြင်း၌ အနိုင်မရ နိုင်ပါ ။   


Note    ယနေ့ ဆိုသည်မှာ မနေ့က သင်စိုးရိမ် ပူပန်ခဲ့သော မနက်ဖြန် ဖြစ်သည် ။   


Note    မစဉ်းစားပဲ စကားပြောခြင်းသည် ၊ မချိန်ရွယ်ပဲ သေနတ်ပစ်ခြင်းနှင့် တူ၏ ။   


Note    သင့်စိုးရိမ်ကြောင့်ကြမူ့ကို သင်သာ သိမ်းစည်းထားပြီ ၊ သင်၏ သတ္တိကိုမူ အခြားသူများအား ဝေငှပါ ။   


Note    ငါးသတ္တ၀ါပင်လျှင် ပါးစပ်ကို မည်သည့်အချိန်၌ ပိတ်ထားရမည်ကို သိလျှင် ဒုက္ခမရောက် နိုင်ပါ ။   


Note    ရှင်ဘုရင်ဖြစ်စေ လယ်သမားဖြစ်စေ မိမိအိမ်တွင်း၌ ငြိမ်းချမ်းမူ့ရှိသောသူသာ အပျော်ဆုံးလူဖြစ်၏ ။   


Note    အဆိုးတွေကို တွေးတဲ့အကျင့် ပါသွားရင် ၊ တစ်ခုခုဖြစ်တိုင်း အဆိုးတွေးကိုပဲ တွေးမိတတ်တယ် ။   


Note    သင့်သားသမီးတစ်ယောက် ကောင်းစွာအိမ်ထောင်ကြလျှင် ၊ သင်သားသမီးတစ်ယောက် ရရှိသည် ၊ .... သို့မဟုတ်လျှင် သင်သားသမီးတစ်ယောက် ဆုံးရှုံးသည် ။   


Note    သဘာဝမကျတဲ့ အယူအဆ တစ်ခုကို ယုံမိရင် ၊ နောက်ထပ် သဘာဝမကျတာတွေကို ယုံဖို့ လမ်းဖွင့်လိုက်သလို ဖြစ်သွားမယ် ။   


Note    ကိုယ့်ကျင့်သိက္ခာကို ဖြူစင်မြင့်မြတ်အောင် မထိန်းသိမ်းနိုင်မူဟာ ကံကြမ္မာဆိုးကို လက်ယပ်ခေါ်နေတာနဲ့ အတူတူပဲ ။   


Note    ပညာရေးကို ကြေးကြီးသည်ဟု ထင်လျှင် ၊ ပညာမတက်ခြင်း၏ အရသာကို ခံစားကြည့်ပါ ။   


Note    ယနေ့ဘွဲ့ရပြီး မနက်ဖြန် စာမလေ့လာသူသည် သဘက်ခါ စာမတက်သူ ဖြစ်သွားမည်။


Note    ငွေရှိကာ မိတ်ဆွေရှိခြင်းက လွယ်၏ ။ ငွေမရှိပဲ မိတ်ဆွေရှိခြင်းကား အောင်မြင်မူ့ တစ်ရပ်ပင် ။။
Note ငါ့ကို ငိုအောင် ပြောမယ်ဆိုရင် မင်းကိုယ်တိုင် အရင်ဆုံး ၀မ်းနည်းမှ ဖြစ်မယ် ။

Note အငြင်းအခုံ မလုပ်ချင်တဲ့သူကို နိုင်အောင်ငြင်းရတာ တော်တော်ခက်တယ် ။


Note ကိုယ့်ကို သူတစ်ပါးက မလေးစားတာ တော်တော်ဆိုးပါတယ် ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို မလေး...
စားနိုင်တော့တာက ပိုဆိုးပါတယ် ။


Note အားလုံးအဆင်ပြေမှ စိတ်ချမ်းသာမယ်ဆိုရင် ၊ ဒီတစ်သက် စိတ်ချမ်းသာဖို့ မလွယ်တော့ဘူး ။ အဆင်မပြေမူ့တွေ ရှိနေပါလျှက်နဲ့ စိတ်ချမ်းသာအောင် နေတတ်မှ တကယ်စိတ်ချမ်းသာအောင် နေတတ်တဲ့သူ ဖြစ်တယ် ။

Note ကိုယ့်ရဲ့ စိတ်ချမ်းသာမူ့ဟာ သူများ သဘေ

ဒါနပြုလျက် ဆင်းရဲရခြင်းအကြောင်း ............

မြန်မာအများစု ဗုဒ္ဓဘာသာဖြစ်ပါလျက် ဒါနပြုပါလျက် ဆင်းရဲရခြင်းအကြောင်း (၁၁)ချက် -

(၁) လိုအပ်သော နေရာတွင် မလှူဘဲ ၊ မလိုအပ်သော နေရာတွင် စုပြုံ၍ လှူကြခြင်း။
...

(၂) သမ္ပဒါလေးပါး ချို့ယွင်းခြင်း။

(၃) စီးပွားရှာရာ မေတ္တာ စေတနာကို အဓိက မထားဘဲ၊ငွေကြေးကိုသာ အဓိကထားခြင်း။

(၄) ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု အထင်မှားခြင်း။

(၅) မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိခြင်း။
နည်းနည်းချမ်းသာလာသည်နှင့် မယားငယ်ထားခြင်း လောင်းကစားလုပ်ခြင်း သေရည်သေရက် သောက်ခြင်းတို့ဖြင့် အောက်ခြေလွတ်လာတတ်ကြသည်။ ထို့ကြောင့် ခောတ်သစ်စကားပုံတစ်ခု ပေါ်နေ၏။ (မြန်မာ ကောင်းစား တစ်မွန်းတည့်)

(၆) အချိန်တန်ဖိုး မသိခြင်း။
လူဘ၀နေရသမျှ အချိန်တိုင်းမှာ ဥစ္စာ ၊ ကုသိုလ် ၊ ပညာ ဗဟုသုတ ဤသုံးမျိုးအနက် တစ်မျိုးမျိုးကို အမြဲတမ်း ရနေရမည်။

(၇) ကိုယ့်ထက်သာလျှင် မနာလိုခြင်း။
ကိုယ့်ထက်သာသူ အပေါ် ၀မ်းသာလျှင် မုဒိတာကုသိုလ်ဖြစ်သည်။မနာလိုလျှင်ဣဿာအကုသိုလ် ဖြစ်သည်။ကုသိုလ် ယူလို့ရပါလျက် အကုသိုလ်ယူခြင်းသည် စိတ်ဓါတ် လူစဉ်မမီခြင်းပင် ဖြစ်သည်။

(၈) စာပေ ဗဟုသုတ မရှိသောကြောင့်

(၉) ဒေသန္တရ ဗဟုသုတ မရှိသောကြောင့်

(၁၀) ခေါင်းဆောင်စိတ် မရှိသောကြောင့်

(၁၁) ကိုယ့်အားကိုယ်ကိုး လိုစိတ် မရှိသောကြောင့်

မြန်မာ အများစုသည် မဆင်းရဲသင့်ဘဲ နှင့် ဆင်းရဲနေကြရခြင်း ဖြစ်သည်။


*** ဆရာတော် ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)၏ စိတ်ဝင်စားဖွယ်ကောင်းသော အမေးအဖြေများ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။ ***

~~~ ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ပါစေ ~~~

Tanzin Moe Facebook စာမျက်နှာမှ
ာကျတာ , မကျတာအပေါ်မှာ မူမတည်ရင် ကောင်းမယ် ။


Note သူများချီးမွမ်းတိုင်း , ကဲ့ရဲ့တိုင်း ကိုယ့်စိတ်မှာ ခံစားမူ့ဖြစ်နေတယ်ဆိုရင် ကိုယ့်စိတ်ဟာ သူများပိုင်နက် ဖြစ်နေပြီပေါ့ ။


Note ချီးမွမ်းတယ် , ကဲ့ရဲ့တယ်ဆိုတာ သူတစ်ပါးအလုပ် ၊ သူတစ်ပါး လက်ထဲမှာရှိတယ် ။ ကိုယ့်အတွက်အရေးအကြီးဆုံးက ဘယ်သူဘာပြောပြော သဘောထားမှန်မှန်နဲ့ ကိုယ်လုပ်သင့်တာကို လုပ်နေဖို့ပဲ ။ အဲဒါကတော့ ကိုယ့်လက်ထဲမှာ ရှိတယ် ။


Note ကိုယ့်စိတ်က ကိုယ့်ကို မကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒိစိတ်က ကိုယ့်ရန်သူပဲ ။ ကိုယ့်စိတ်က ကိုယ့်ကို ကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒိစိတ်က ကိုယ့်မိတ်ဆွေပဲ ။


Note သူတစ်ပါးရဲ့ အမှားကိုထောက်ပြနိုင်အောင် ကိုယ့်ဘက်က အမှားအမှန်ကို ခွဲခြားသိအောင် အရင်ကြိုးစားရမယ်။


Note " ပျက်အစဉ် ပြင်ခဏတဲ့ " ဒါပေမယ့် ... ခဏနဲ့ပြင်လို့ရတယ်ဆိုပြီး အစဉ်မပျက်ပါစေနှင့်။ Mar


Note အမှားဆိုတာ အဆိုးဘတ်ကကြည့်လျှင် အပြစ်တစ်ခုဖြစ်ပေမယ့် အကောင်းဘတ်က ကြည့်ရင်တော့ သင်္ခန်းစာပါ ။


Note မှားမှန်းသိလျှက်နဲ့ အဲဒီအမှားကို ကျူးလွန်တာဟာ မိုက်မဲမှု့ပဲ ။


Note အလှပဲပိုင်ပိုင် ဓနပဲပိုင်ပိုင် အနိစ္စဆိုတာကို မမေ့ပါနဲ့။


Note အသိပညာ ကြွယ်လိုလျှင် စာများများဖတ်ပါ ၊ အတတ်ပညာ ကြွယ်လိုလျှင် အလုပ်များများလုပ်ပါ ။


Note တန်ဖိုးမဲ့အရာတွေကို တွယ်တာနေရင် တန်ဖိုးကြီးအရာတွေ လက်လွှတ်ဆုံးရှုံး သွားတတ်တယ်။


Note လောကကြီးမှာ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် ရင့်ရင့်ကျက်ကျက်နဲ့ နေသွားတဲ့ လူတွေလိုတယ် ။ ဘ၀ကို ဒီလိုနေပါလို့ နေပြသွားတဲ့ လူတွေလိုတယ် ။

Note ကိုယ့်ကိုယ်ကို ဘယ်လိုလူဆိုတာ အပြောနဲ့ သက်သေပြလို့ မရဘူး ။ အလုပ်က သက်သေပြနေတယ် ။


Note ကိုယ့်ကိုကိုယ်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ရဲရဲကြီး ပြင်လိုက်ပါ ။


Note အတွေးအခေါ် ဥာဏ်ပညာကြီးမားတဲ့ သူတွေရဲ့ဘ၀ဟာ ဓလေ့ထုံးစံဆိုတဲ့ ဘောင်ရဲ့အပြင်ဘက်မှာ တစ်ခါတစ်ခါ ရောက်နေတတ်ကြတယ် ။ သူတို့ဟာ ဓလေ့ထုံးစံဆိုတဲ့ ဘောင်အတွင်းမှာအမြဲတမ်း မနေပဲ အမှန်တရားဆိုတဲ့ ဘောင်အတွင်းမှာ နေနေကြလို့ပဲ ။

Note ဥာဏ်နဲတဲ့သူဟာ ရုပ်ပိုင်းကို ဦးစားပေးတယ


ဥာဏ်ပညာ ရင်ကျက်တဲ့သူဟာ စိတ်ပိုင်းကို ဦးစားပေးတယ် ။
http://thihathu340.multiply.com/

0 comments:

Post a Comment