Pages

Thursday, November 8, 2012

တုနှိင်းယှဉ်စရာမရှိသောအချစ်



ငါချစ်တဲ့ ကဗျာလေးထဲမှာ မင်းရှိတယ်
ငါချစ်တဲ့ ငါ့နှလုံးသားလေးထဲမှာ မင်းရှိနေတယ်
လည်ပတ်နေတဲ့ငါ့ အသွေးအသား ထဲမှာလဲ မင်းရှိနေတယ်
လမင်းလေး ငေးကြည့်မိတော့လဲ လမင်းထဲ မင်းရှိနေတယ်
ငါကြားမိတဲ့ဂီတ သံစဉ်တွေထဲမှာလဲ မင်းရောက်ရှိနေတယ်
ငါ့ရက်စွဲတိုင်း မနက်ဖန်တိုင်းဟာ မင်းရှိနေပါတယ်ချစ်သူရယ်
ဟန်မဆောင်တတ်တဲ့ ငါဟာ ကျောက်သားကျောက်ဆောင်တွေလို 
လှို့ဝှက်ချက်မရှိဘူး
 ငါချစ်တဲ့အချစ်ဟာ မြစ်တွေလိုမာယာမပါဘူး
ကောင်းကင်လိုအရောင်မပြောင်းဘူး
မြေမှုန်လေးတွေလို လေယူရာ ယိုင်းယိုင် လွင့်ပါမသွားပါဘူး 
ငါ့အချစ်လေးရယ်
ရာသီဥတု နွေ မိုး ဆောင်းပြောင်းလဲသလို 
ငါမင်းအပေါ်ချစ်တဲ့စိတ်ဟာ မပြောင်းလဲဘူး
ကမ်းစပ်ကသဲမှုန်လေးတွေလို ရေတိုက်စားတိုင်း 
လှိုင်းပုတ်တိုင်း လွင့်မျောပါသွားသလို
.

 ငါမင်းကိုလွမ်းတော့ ကျတဲ့မျက်ရည်လို
ငါမင်းကို ချစ်တဲ့ အချစ်ဟာ ပျောက်ကွယ် မျှောပါမသွားပါဘူး
ငါ့အချစ်ရယ်
မပြောင်းလဲတဲ့ ငါဟာမင်းအပေါ်ချစ်တဲ့စိတ် သံမဏိထက်လဲခိုင်မြဲတယ်
စိန်တွေထက်လဲ ခိုင်မာတယ်
ငါမင်းကိုချစ်တဲ့စိတ် ငါ့မေတ္တာကို ငါသစ္စာဆိုရဲတယ်ချစ်သူ
ကမ္ဘာကြီး တည်မြဲနေသ၍ ငါအချစ်
 ငါမေတ္တာ မင်းတစ်ယောက်ကိုပဲ တည်မြဲစွာ
 ငါ့နှလုံးသားလေးဟာ မင်းမှမင်း
ဘယ်အရာနဲ့မှ တုပနှိင်းယှဉ်စရာ မရှိသောအချစ်မျိုးနဲ့
ချစ်ခင်မြတ်နိုးပြီး
ကမ္ဘာတည်သ၍ ချစ်နေမှာပါ
ငါချစ်ရတဲ့ ချစ်သူရယ်..

..

....

0 comments:

Post a Comment