Pages

Thursday, November 22, 2012

လပြည့် ည မှာပွင့်တဲ့ကုမုဒြာကြာ


လပြည့် ည မှာပွင့်တဲ့ကုမုဒြာကြာ

ကြင်နာတယ်ဆိုပြီး

နာကျင်မှုတွေနဲ့အတူ

ငါ့ပါးလေးကိုစိတ်ထဲကနေလာလာပြီး

ညာညာနမ်းနေတယ်...

တိမ်တွေရွှေ့သလို နင့်စိတ်တွေရွှေ့လျှားနေတာငါသိပေမယ့်

မိုးပေါ်ကိုမော့ကြည့်ပြီး ကောင်းကင်ကြီးကို မသိသလိုငါဟန်ဆောင်ပြုံးပြလိုက်တယ်

ကောင်းကင်ကြီးတောင်အရောင်ပြောင်းသေးတာ

နင်စိတ်ပြောင်းလဲတာ မထူးဆန်းပါဘူး

ဒါပေမဲ့နင်ညာနမ်းတဲ့အချိန်မှာ ပန်းလေးတပွင့် ပွင့်သွားတယ်

အဲ့ဒါငါ့ရင်ထဲကအချစ်ပန်းလေးပေါ့

ဒီပန်းလေးကို ဘယ်သူမှခူးလို့မရဘူး

ဘာဖြစ်လို့လဲဆိုတော့

လပြည့် ည မှာပွင့်တဲ့ကုမုဒြာကြာပန်းလေးမို့

ဘယ်သူကိုမှခူးခွင့်မပေးဘူးနော်

ဘာကြောင့်လဲဆိုတော့

ကုမုဒြာကြာပန်းလေးဟာ လပြည့်ညကို

မှီတွယ်ရှင်သန်ပြီးပန်းလေးပွင့်သလိုမျိုး

ကြင်နာယုယစွာတန်ဖိုးထားတတ်မှ

ပန်းလေးနဲ့တူတဲ့ အချစ်ပန်းလေးဟာ

နာကျင်မှု့မရှိဘဲကြာရှည်စွာမင်းဘေးနားမှာ

နေထိုင်ရှင်သန်နိုင်မှာမို့ပါချစ်သူ.............






2 comments:

  1. လရောင်ချစ်သောပန်းနဲ့ ပန်းကိုချစ်သောလ။

    ReplyDelete
  2. မမရေ အရမ်းကောင်းတဲ့မော်ဒန်ကဗျာလေးပါ

    ReplyDelete