Pages

Friday, November 30, 2012

သတ်ကွင်းထဲ ငုတ်တုတ်ထိုင်စောင့်

 အချင်းချင်း ဘက်ပင်းတတ်တဲ့စိတ်.................
မှားနေမှန်းသိလည်း လက်သင့်ခံနေတော့..............
အကျင့်ဆိုး အကျင့်ယုတ်တွေ ပြင်မရတော့ဘူး..............


 ဗြောင်လိမ် ဗြောင်စားများလာတယ် သူခိုးသူဝှက် ပေါလာတယ်
ထမင်းတလုပ်အတွက် သတ်ရဲဖြတ်ရဲလာတယ်
ဘာသာရေးဆိုတာ အမည်ခံပဲရှိတော့တယ်
အမှန်တကယ် နားလည်သူ ဘုရားသွားကျောင်းတက် 
ဘာသာရေးလေးစား ကိုင်းရှိုင်းသူကနည်းသွားပြီ
ရဟန်းတော်တွေ ရှေ့ကထိုးကျွေး ခံနေရတယ်
တစ်နေရာစာမြဲဘို့အရေး သတ်ဖြတ်ဖို့ဝန်မလေးကြဘူး
ကောက်ကျစ်ယုတ်မာဖို့ဝန်မလေးကြဘူး
လုပ်သင့်သလားလုပ်အပ်သလား လုပ်ထိုက်ရဲ့လား နားမလည်ကြဘူး



လှည့်စား လိမ်ညာမှုမှာ ပထမပေး ထိုက်တယ်
စားရမှာက တစ်ဘ၀စာထဲ
စဉ်းစား ဆင်ခြေဥာဏ် မရှိကြဘူး သူလူ ငါ့လူခွဲနေသ၍
ဘယ်တော့မှ အောင်မြင်မလာဘူး
သန့်ရှင်းတဲ့စိတ်ဓါတ်မျိုးပိုင်ဆိုင်ထားတဲ့ သူက မြင်မြင်သမျှ
ထိခိုက်နစ်နာမှာကြောက်တယ် ရှေ့နောက်စဉ်းစားတွေးခေါ်တတ်တယ်


 လက်ရှိကလက်မဲ့ဖြစ် စိန်နားကပ်ရောင်နဲ့ပါးပြောင်
သတ်ကွင်းထဲ ငုတ်တုတ်ထိုင်စောင့် ကျားရှေ့မှောက်ရက်လဲ
မစားပါနဲ့ခင်ဗျားဆို ကန်တော့တောင်းပန်နေလို့ရရိုးထုံးစံရှိသလား


 ဘယ်သူသေသေ ငတေမာတွေ များတယ်
ငါလှေ ငါထိုး ပဲခူးရောက်ရောက် ဖြစ်နေတာ
ဒီအကျင့်ဒီစနစ်က ဒီစိတ်ဓါတ်တွေ ပြင်မရဘူး
ဘက်ပင်းပြီး လူတစ်စု တည်မြဲရေး လူတစ်စုကောင်းစားရေးအတွက်
လူအများစုကိုနှိပ်စက်တာ ညင်းဆဲတာ သတ်ဖြတ်တာတွေဟာ
ဘယ်တော့မှ ချုပ်ငြိမ်းမယ် မထင်ဘူး


 ရေ မြေ တော တောင် သဘာဝ သယံဇာတတွေ ပျက်စီးပျောက်ကွယ်သလို
ရာသီဥတုကလည်း ဖောက်ပြန်ပျက်စီးနေတာ နေရာအနှံ့ ကမ္ဘာအနှံ့ပါပဲ
ကြီး ငယ် နိုင်ညှင်း နိုင်ရာစားနေတဲ့ ကမ္ဘာကြီးထဲမှာ လက်နက်ရှိသူက
လက်နက်မဲ့သူကို နိုင်တာ တောမီးလောင် တောကြောင် လက်ခမောင်းခတ်တာ
ကမ္ဘာ စစ်မီးတွေ တောက်လောင်ခဲ့တာ

ဘယ်သူကြောင့်လဲ ဘယ်သူ အတွက်လဲ ဘာတွေ အကျိုးအမြတ်ကျန်သလဲ
မိမိနိုင်ငံကို တိုင်းတပါးနဲ့ တစ်ယောက်တစ်ခြမ်း အမျိုးစပ်ထားတယ်
ခွဲဝေ ခြင်းမမျှတရင် ဆုံးရှုံးမယ် ထိခိုက်နစ်နာအောင်လုပ်ခဲ့မယ်
အယ့်ဒီနစ်နာမှုတွေဟာ ဘယ်တော့မှအစားထိုးလို့ ပြန်မရတော့ဘူး
မိမဲ့ ဘမဲ့ ပစ္စည်းမဲ့ အကျိုးအကန်း အရူးအနှမ်းတွေဖြစ်ပြီး
မိခင်တွေခမျာမှာ လင်ပျောက်သားသေ အိမ်ခြေ ယာခြေမဲ့ပြီး

ဘယ်သူကောင်းစားဖို့ဘယ်လိုအော်နေကြပါစေ
နောက်ဆုံးရလဒ်ကတော့ တိုင်းပြည်နဲ့လူထု တွေ မိအေး အခါခါ နာတာပါပဲ..

4 comments:

  1. လက်ရှိကလက်မဲ့ဖြစ် စိန်နားကပ်ရောင်နဲ့ပါးပြောင်
    သတ်ကွင်းထဲ ငုတ်တုတ်ထိုင်စောင့် ကျားရှေ့မှောက်ရက်လဲ
    မစားပါနဲ့ခင်ဗျားဆို ကန်တော့တောင်းပန်နေလို့ရရိုးထုံးစံရှိသလား။

    အော် မိအေး မိအေး မိအေးအပြစ်သာ ထားလိုက်ပါတော့ ။

    ReplyDelete
    Replies
    1. ကိုမင်းဒင်ရေ
      ထုံးစံတွေမို့ ထားလိုက်ပါတယ်
      ထားလိုက်ပါတယ်..

      Delete
  2. မမရေအရမ်းကောင်းပါတယ်

    ဆက်ရေးပေးပါဦးနော်

    ReplyDelete
  3. စာပေမိတ်ဆွေတွေ
    ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete