Pages

Saturday, November 24, 2012

အတွေးမှန် အမြင်မှန် အသိမှန် .....

အတွေးမှန် အမြင်မှန် အသိမှန် .....
   
Note    ဘ၀မှာ အကြီးမှာဆုံး အန္တာရာယ်က ဘာလည်းဆိုတော့ အန္တာရာယ်ကို ရင်မဆိုင်ရဲကြတာပဲ ။

Note    ရှိတာနဲ့ ရောင့်ရဲနိုင်တဲ့ သူအတွက် လိုတယ်ဆိုတာ မရှိဘူး ။   

Note    အများတကာရဲ့ ရှေ့မှာ ထုတ်ပြောရဲတဲ့ အတွေးကိုပဲ စဉ်းစားသင့်တယ် ။   

Note    အနာဂတ်မှာ ကောင်းချင်ရင် ၊ ပစ္စုပ္ပန်ကို ကောင်းအောင်လုပ်ပါ

Note    သူများပါးစပ်လှုပ်တိုင်း ကိုယ့်စိတ်က လှုပ်ရှားနေမယ်ဆိုရင် ၊ ကိုယ့်ဘ၀ဟာ သူများပါးစပ်ဖျားမှာ လမ်းဆုံးသွားမယ် ။   

Note    ဝေဖန်ခံရခြင်းဟာ မဆန်းပါဘူး ၊ ဘုရားတောင် ဝေဖန် ခံရသေးတာပဲ ။   

Note    စုစောင်းထားဖို့ လိုအပ်သလို ၊ ဖြန့်ဝေဖို့လည်း လိုအပ်တယ် ။

Note    ယစ်မူးခြင်းဟာ ကျဆုံးခြင်းပဲ ။   

Note    အယူအဆ ကွဲပြားမူ့ဟာ အချစ်ဆုံးကိုလည်း အမုန်းဆုံး ဖြစ်သွားစေနိုင်တယ် ။

Note    မိုးပေါ်ကို ကြည့်ပါ .......... ဒါပေမဲ့ မြေကြီးနဲ့ ခြေထောက်မလွတ်ပါစေနဲ့ ။   

Note    ကိုယ်က သူတစ်ပါးအတွက် ဥပမာကောင်း ဖြစ်ဖို့ အရေးကြီးတယ် ။

Note    ကိုယ်က သူတစ်ပါးအတွက် ဥပမာကောင်း ( GOOD EXAMPLE ) ဖြစ်ဖို့ အရေးကြီးတယ် ။   

Note    ဖန်ခွက်ထဲမှာ ရေတစ်ဝက် ပြည့်နေတယ်လို့ မြင်တဲ့သူက ၊ ရေတစ်ဝက် လျှော့နေတယ်လို့ မြင်တဲ့သူထက် စိတ်ပိုချမ်းသာတယ် ။ ............ အဲဒါ အကောင်းမြင်တဲ့ စိတ်ထားပဲ ။   

Note    လောကဓံက ရိုက်လှဲတာကို မခံရတဲ့သူ မရှိဘူး ။ အရေးကြီးတာက ဘယ်လောက်မြန်မြန် ပြန်ထသလဲ ဆိုတာပဲ ။   

Note    ပြန်ထနိုင်သေးရင်တော့ ပွဲက မပြီးသေးဘူး ။

Note    အရေးကြီးတာက ပြဿနာမရှိဖို့ မဟုတ်ဘူး ။ ပြဿနာကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းဖို့ပဲ ။   

Note    ပြဿနာရှိတာက ပြဿနာမဟုတ်ဘူး ။ ပြဿနာကို စိတ်ဆင်းရဲစရာလို့ ထင်တာကမှ ပြဿနာ

Note    အခက်အခဲတွေ ပြဿနာတွေရှိနေလည်း စိတ်ချမ်းသာအောင် နေရမယ် ။ အတတ်နိုင်ဆုံး ပစ္စုပ္ပုန်မှာ စိတ်ကိုထားရမယ် ။ ကိုယ့်စိတ်ကို ကိုယ်သိနေရမယ် ။

Note    အဆိုးတစ်ခုကို တွေးမိရင် ၊ အကောင်းတစ်ခုကို အမြန်ဆုံး တွေးမိအောင် ကြိုးစားပါ ။   


Note    ကိုယ်ပြောင်းလဲနိုင်တာကို ပြောင်းလဲလိုက်ပါ ။ ဒါပေမဲ့ .... ကိုယ်မပြောင်းလဲနိုင်တဲ့ ကိစ္စက ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်ခွင့်တော့ မပေးလိုက်ပါနဲ့ ။


Note    ဘာဖြစ်ဖြစ် မေးရမယ့် မေးခွန်းက .... ဘာလုပ်သင့်သလည်း ၊ ဘာလုပ်ရင် အကောင်းဆုံး ဖြစ်မလည်း ..... ဆိုတဲ့ မေးခွန်းပဲ ။

Note    လောကီ စိတ်ချမ်းသာမူ့ဆိုရင် ဘယ်လို စိတ်ချမ်းသာမူ့မှ မမြဲဘူး ။

Note    ရောင့်ရဲခြင်းဟာ အဆင့်မြင့်ဆုံး ဥစ္စာဓနဖြစ်တယ် ။

Note    လုပ်သင့်တာကို မလုပ်ရင် စိတ်ဆင်းရဲရမယ် ။ မလုပ်သင့်တာကို လုပ်ရင်လည်း စိတ်ဆင်းရဲရမယ် ။   
Note    စိတ်ချမ်းသာမူ့ဟာ အရေးကြီးတယ် ။ ဘာဖြစ်လို့လည်း ဆိုတော့ စိတ်ချမ်းသာမူ့မှ မရှိရင် တခြားဘာရှိရှိ အဓိပ္ပါယ် မရှိတော့လို့ပဲ ။   

Note    နောင်တတွေနဲ့ မနေပါနဲ့ ။ ပြီးခဲ့တာတွေဟာ ပြီးသွားပါပြီ ။ ဒီနေ့ဟာ အသစ်ပဲ ။ အသစ်ကနေ စပါ ။   

Note    လိုချင်တာရမှ စိတ်ချမ်းသာမယ်လို့ သဘောမထားပါနဲ့ ။ လိုချင်တာရဖို့ စိတ်ချမ်းချမ်းသာသာနဲ့ လုပ်မယ်လို့ သဘောထားပါ ။   

Note    စိတ်ထားယုတ်ညံ့ သူများရဲ့ နှလုံးသားဟာ မကောင်းဆိုးဝါးများ လုံခြုံစွာ ခိုအောင်းနိုင်တဲ့ နေရာပဲ ။   

Note    လမင်းကို ခွေးဟောင်ပေမယ့် အရောင်မပျက်ပါဘူး ။   
Note    မြင့်တဲ့သစ်ပင် လေအတိုက် ခံရမယ် ။

Note    ပြိုင်သာပြိုင် မနာလိုစိတ်မမွေးရ ။   

Note    ကိုယ်လုပ်လိုက်တဲ့ အလုပ်ဟာ ပြန်တွေးလိုက်တိုင်း ကောင်းကျိုးဖြစ်စေမယ် နောင်တ မရစေဘူးဆိုရင် ဒီလိုအလုပ်မျိုးကို ဆက်လုပ်ပါ။   

Note    ကိုယ့်ကို သူများက ဒုက္ခပေးခဲ့တာတွေကို သဲပေါ်မှာ ရေးထားပါ ။ ကိုယ့်ကို ကြင်နာမူ့တွေ မေတ္တာတွေ ပေးခဲ့တာကို ကျောက်ဖျာပေါ်မှာ ရေးထားပါ ။   
Note    လူ့ဘ၀မှာ ဒုက္ခအစစ်တွေ အလုံအလောက် ရှိပါတယ် ။ သင့်ရဲ့ စိတ်က ဒုက္ခအတုတွေ ဖန်တီးတာကို ခွင့်မပြုပါနဲ့ ။

Note    ကျောင်းပိတ်ထားပေမဲ့ ခေါင်းပိတ်မထားပါနဲ့ ။ ကျောင်းပညာလောက်ကိုသာ ပညာလို့ ထင်မနေကြနဲ့ ။ ပညာတစ်ခုခုကိုတော့ လေ့လာသင်ယူနေသင့်တယ် ။   

Note    ငါ့ဘ၀ကို စိတ်ချမ်းသာစရာကောင်းအောင် လုပ်နိုင်စွမ်း ငါ့မှာရှိတယ် ........... အဲဒိလို အမြဲတွေးပေးပါ ။   

Note    တကယ်တန်ဖိုး ရှိတာကို ရချင်ရင် တန်ဖိုးမရှိတာတွေကို စွန့်လွှတ်လိုက်ပါ ။

Note    အများကျိုးကို လုပ်တာဟာ ကိုယ့်အတ္တကို ကျော်လွှားတာပဲ ။   

Note    စစ်မှန်သော ဆရာကောင်းနဲ့တွေ့ရင် ခြေထောက်နဲ့ ကန်ထုတ်ပါစေ ဖတ်ထားလိုက်စမ်းပါ ။   

Note    အသေးအဖွဲ အသုံးစရိတ်များကို သတိထားပါ ။ ( ဥပမာ ) အပေါက်သေးသေးလေးထဲ ရေစိမ့်ဝင်လာရင် သင်္ဘောတစ်စီးလုံး နစ်မြှပ်တတ်သည်
http://thihathu340.multiply.com/.

1 comments:

  1. လူ့လောကထဲမှာ ပြဿနာမရှိဖို့ မဟုတ်ဘူး ။ ပြဿနာကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းဖို့ပဲ ဟုတ်တာပေါ့ လူတွေ ပြဿနာနဲ့ ကင်းနေတာမှမဟုတ်တာ အဲ ရှိနေတဲ့ ပြဿနာတွေကို
    အကောင်းဆုံးဖြေရှင်းဖို့ကအဓိကပဲနော်
    ခင်မင်တဲ့ sis jasmine

    ReplyDelete