Pages

Thursday, April 1, 2010

စိတ်ရဲ့ စေရာ

လောကထဲမှာ ဟန်ဆောင်နေရ
 
လှိုင်းပုတ်သံတွေ နှလုံးသားထဲ

ကြားနေရတယ် 

ဝုန်းး ခနဲ့


မြစ်တွေ ချောင်းတွေ

ဝဲကတော့တွေ


လောက ထဲမှာကြားနေရတယ်

စကား သံတွေ

ဟိုဖက်နားက၀င်


ဒီဖက်နားကထွက် ဟန်ဆောင်နေရ

ငိုချင်းအတု နဲ့ ရယ်ချင်းအတု

မျက်နှာဖုန်းစွပ်

ချုပ်လုပ်တပ်ဆင်


လောကထဲမှာ ဟန်ဆောင်နေရ

ခေါင်းသာညိမ့် ရ စိတ်က တနေရာ

ဟန်ဆောင်ပလွှား

အကြွားတွေပြိုင်


လောကထဲမှာ ဟန်ဆောင်နေရ

ရာထူး ဂုဏ်သိမ် ရှိသူတွေ

မျက်နှာငယ်ရ

ဆင်းရဲနှုံ့ရှာလှသူတွေ


ပြောတတ်တိုင်းသာ ပြောရပါမူ

စိတ်ရှိတိုင်းသာပြောရပါမူ

မင်းးးးးးးးးးးးးးးးးး
မုန်းသွားမှာ

ကြောက်နေလို့ နော်

ဒီဖက် နား လည်းမ၀င်

ဟိုဖက် နား လည်းမထွက်

ဟန်မဆောင်တတ်လို့ 

နားကိုမထောင်တာ

နှလုံးသားရဲ့လှိုင်းပုတ်နေသံ

ဝုန်းးးးးးးကနဲ့ နော်

စိတ်ရဲ့

စေရာ

ငါသွားနေတယ်


စိတ်ရှိတိုင်းသာ ပြောရပါမူ

မင်းးးးးးးးးးးးးးးး

မုန်း သွားမှာ  ကြောက် လို့ နော်

6 comments:

  1. သူငယ်ချင်း....ကဗျာလေးကောင်းတယ်ဗျာ......

    ReplyDelete
  2. စိတ်ထဲရှိတာရေးလိုက်တာပါ။
    ကျေးဇူး............း)

    ReplyDelete
  3. ယဉ်လေးရေ ကဗျာလေးက တကယ့်အမှန်တရားတွေပါတယ်။ လောကထဲကိုဝင်ပြီဆိုတာနဲ့ ဟန်ဆောင်ကြရတော့တာပဲနော်။

    ReplyDelete
  4. ဟုတ်တယ်
    ဟန်ဆောင်ရတာပင်ပမ်းတယ်လေနော်...
    အမှန်တရားအတိုင်း ပြောရင်လည်းမုန်းမယ်

    ReplyDelete
  5. ဟန်ကိုယ့်ဖို့ ဆိုတဲ့စကားကြီးကလည်းလူတွေကိုတိုက်တွန်းနေသလိုပါပဲနော် ....

    ReplyDelete
  6. ဟန်ဆောင် ရတာမုန်းတယ်

    ReplyDelete