Pages

Wednesday, April 14, 2010

လူတို့ဌာနေ..လူတို့ရွာလေး မေတ္တာလေးဘဲပို့တတ်တယ်....

လူတို့ဌာနေ..လူတို့ရွာတွင်..အချ
င်းချင်းနှိပ်စက်နေတော့တယ်..

လူတို့ဌာနေ..လူတို့ရွာတွင်..လူအချင်းချင်းစစ်မက်တွေလည်းဖြစ်နေတယ်...

လူတို့ဌာနေ..လူတို့ရွာတွင်..ဒေါသချောင်းစီးလူတွေသေလို့နေတော့တယ်...

လူတို့ဌာနေ..လူတို့ရွာတွင်..၀တ်စားဆင်ယဉ်အမြင်မတင့်ကာမချောင်းစီးနေတော့တယ်.....

လူတို့ဌာနေ..လူတို့ရွာတွင်..တိုင်းပြည်..နိုင်ငံ.ကာကွယ်ဖို့တဲ့ သွေးချောင်းစီးလို့နေတော့တယ်....

လူတို့ဌာနေ..လူတို့ရွာတွင်..ငလျှင်တွေ့ ကြုံလူေ တွသေလို့နေတော့တယ်....

လူတို့ဌာနေ..လူတို့ရွာတွင်..ပင်လည်သမုဒ္ဒရာရေလှိုင်းဒဏ်ကြောင့် လူတွေသေလို့နေတော့တယ်....

လူတို့ဌာနေ..လူတို့ရွာတွင်..မြေကြီးအက်ကွဲမြေအောက်ရောက်ပြီး လူတွေသေလို့နေတော့တယ်

လူတို့ဌာနေ..လူတို့ရွာတွင်..မီးတောင်ပေါက်ကွဲ..မီးလောင်မှု့ဖြစ်လူတွေသေလို့ နေတော့တယ်.....

ငတ်မွတ်ခေါင်းပါးဘေးရန်များလို့နေတော့တယ်..မိဘမျက်နှာမထောက်ညှာဘဲဆွေမျိုးပျောက်လို့နေတော့တယ်...

မောင်နဲ့နှမ..အမိနဲ့သား..အဖနဲ့သမီး..ရိုသေရမှန်းသိဘူးကွယ်.

.နေထိုင်ကျက်စားလူတို့ရွာကား...တ၀မ်းဝဘို့ပင်ပမ်းတယ်..လှုပ်ရှားရုန်းကန်လူတို့ရွာကားပင်ပမ်းဆင်းရဲလှပါတယ်..

နေရာမြဲအောင်ကြိုးစားနေရ..လှုပ်ရှားရုန်းကန်ကြိုးစားနေရအမှု့အမျိုးမျိုးကြုံနေတယ်.....

ဘ၀ရပ်တည်ကျိုးစားနေရ..ပုံစံမျိုးစုံကကြိုးစုံလင်လှုပ်ရှားရုန်းကန်.နေရတယ်.....

မေတ္တာခေါင်းပါးလူတို့ရွာကား.....ပျက်စီးခြင်းများကြုံနေတယ်..

တိုးတက်ထွန်းကားလူတို့၇ွာကား..ပျက်စီးခြင်းများတွေ့ နေတယ်..

စက်မှု့ထွန်းကားလူတို့ရွာကား......ပျက်စီးခြင်းများကြုံနေတယ်..

အဏုမြူထွန်းကားလူတို့ ရွာကား....လူတွေသတ်လို့ .ပျက်စီးခြင်းများကြုံနေတယ်..

သံသရာအရေးမတွေးခေါ်ဘူး..လူအခြင်းခြင်းစောက်ရှောက်ဖို့ ရာမတွေးခေါ်ဘူး..

ကြီးနိုင်ငယ်ညှင်းလုပ်နေတယ်..လူဟာလူမို့ ကြည့်တတ်ရင်တော့မြင်လိမ့်မယ်....

မေတ္တာခေါင်းပါးလူတို့ ရွာကားကပ်ဘေးတွေလည်းသင့်နေတယ်.....

မကြည့်တတ်လို့ မမြင်ကြဘူးဖြစ်နေတယ်..

မတွေးတတ်လို့မသိကြဘူးဖြစ်နေတယ်..

မသိကြလို့ မဆင်မချင်လုပ်ချင်ရာလုပ်ပြောချင်ရာပြောဖြစ်နေတယ်...

ဆင်ချင်တုံတရားနည်းလှတယ်..လူတို့ ဌာနေလူတို့ ရွာကိုသာယာဝပြောစေချင်တယ်...

လူတို့ ဌာနေလူတို့ ရွာကို..လူအခြင်းခြင်းသတ်ဖြတ်ခြင်းမှကင်းဝေးစေချင်လှပါတယ်...

လူတို့ ဌာနေလူတို့ ရွာကို..သွေးချောင်းစီးတာမကြည့်ချင်တယ်....

လူတို့ ဌာနေလူတို့ ရွာကို..ငတ်မွတ်ဆာလောင်..မြေတွေပြိုကာ.ငလျှင်တွေလှုပ်...

ရေတွေလွှမ်းနဲ့ ..မမြင်ချင်လည်းမြင်နေရတယ်..မကြည့်ချင်လည်းတွေ့ နေရတယ်...

မေတ္တာခေါင်းပါးလူတို့ရွာလေး နှိပ်စက်ခြင်းမှဝေးပါစေကြောင်း သတ်ဖြတ်ခြင်းမှဝေးပါစေကြာင်း...

ငတ်မွတ်ခြင်းမှဝေးပါစေကြာင်း..ဆုတောင်းမေတ္တာပို့ လိုက်တယ်.......


လူတို့ဌာနေ..လူတို့ရွာလေးမေတ္တာလေးဘဲပို့တတ်တယ်....

0 comments:

Post a Comment