Pages

Tuesday, April 13, 2010

ပိတောက်ဖူးနဲ့အတူ မလွမ်းလောက်ပါဘူး





 ပိတောက်တွေ ပွင့်နေတာ အိပ်ရာကနေနိုးတာနဲ့ တန်းမြင်လိုက်ရတယ် ပိတောက်ပန်းတွေ ရနံလှိုင်လို့  မွှေးအီသွားတဲ့ရနံနဲ့အတူ ကျွန်မမောင့်ကိုသတိရနေမိတယ် အခုချိန်ဆိုမောင်လဲသတိရနေမှာ မောင်ကျွန်မကိုပိတောက်ပန်းနဲ့ ငုပန်းနှစ်မျိုးထဲက ငုပန်းကြိုက်လား ပိတောက်ပန်းကြိုက်လားလို အမှတ်မထင်မေးတော့ ကျွန်မချက်ချင်းပြန်ဖြေလိုက်တယ် ငုပန်းကိုပိုကြိုက်တယ်လို ပြောလိုက်တော့ မောင်ကပြုံးပြီးကြည့်နေတယ် ကျွန်မအဖြေကို  သဘောကျနေတယ်ထင်ပါတယ်။ညနေမိုးချုပ် မှောင်စပျိုးအချိန်မှာမောင်ငုပန်းတွေတစ်ပွေ့ တစ်ပိုက်နဲ့ အိမ်ကို ရောက်လာတယ်  ရော့မင်းကြိုက်တယ်ဆိုလို့ မောင်ခူးလာတာလေ ပြောဆိုပြီး ကျွန်မကိုလှမ်းပေးပါတယ်။ကျွန်မ၀မ်းသာ ပျော်မြူးနေတာ ဟန်တောင် မဆောင်နိုင်ပါ ကျေးဇူးတင်ပါတယ် မောင်လို့ တောင်မပြောနိုင်ဖူး    ငုပန်းတွေပွေ့ ပိုက်ပြီး    အိမ်အပေါ်ထပ်ပြေးတက်လို့ဘုရား  ကိုချက်ချင်း   လှုလိုက်တယ်  ရင်ထဲလည်း   ကြည်နူးလိုက်တာငုဝါတွေ  ထိန်ဝင်းနေတဲ့  ဘုရားစင်ကိုကြည့်ပြီး    ကြည်နူးလိုက်တာ စိတ်ချမ်းသာလိုက်တာနော် အယ်တော့....... အိမ်အောက်မှာ မောင်စောင့်နေတာ မေ့သွားတယ်  ချက်ချင်းအိမ်အောက်ကိုပြန်ဆင်းပြီး  အမေနဲ့တူထိုင် စကားပြောနေတဲ့မောင့်ကို ကျေးဇူးတင်ကြောင်း ပြောရတော့တယ်လေ။အမေက မောင့်ကို မင်းညီမကသူလိုချင်တာရရင် ဘာမှသတိမထားတော့ဖူး ပါတ်ဝန်းကျင်ကိုမေ့ နေတတ်တယ်လို့   ပြောတော့  မောင်က ရပါတယ် အန်တီ အားနာစရာမလိုပါဖူးတဲ့  အမြဲခွင့် လွှတ်တတ်တဲ့  မောင့်ကို  ကျွန်မအမြဲအနိုင်ယူ တတ်ပါတယ်............သူကချစ်တာလေနော်  ကျွန်မကချစ်တာမဟုတ်ဖူး နေချင်သလိုနေပေါ့  အားနာပါဖူးနော်  မောင် ဘယ်နေရာကနေ  ခူးလာတာလည်း  ငုပန်းတွေကိုလို့  ကျွန်မမေးတော့ ဟိုးးးးးးးးးရှေ့နားက တောင်တန်းတစ်ခုကျော်ကတဲ့ လှမ်းကြည့်လိုက်တော့ တော်တော်ဝေးတာစိတ်ထဲမှာ သနားသွားတယ် သူ့ ကိုသနားနေတာပါ မချစ်ဖူး ခုတော့ မောင်  ကျွန်မ ဘေးမှာမရှိတော့ဖူးလေ သူရေခြား မြေခြားမှာ အလုပ်တာဝန်နဲ့   နေရတယ်  သတိတော့ရနေတာပေါ့ သူများတွေ   ရေဆော့ကစားနေကျတာကြည့်ရင်း ကျွန်မဘေးနားမှာ   ငယ်ငယ်ထဲက ကလေးတစ် ယောက်လို ကျွန်မကို လိုက်စောင့်ရှောက်ပေးနေခဲ့တာသတိရနေမိတယ်။ဒီနှစ်သင်္ကြန် ဆို သုံးနှစ်ရှိပြီသင်္ကြန်ရောက်တိုင်း ကျွန်မတစ်ယောက်ထဲအိမ်ပြင်လမ်းမပေါ် ကိုငေးကြည်းနေမိရင်း မောင့်ကိုသတိရနေမိတယ် ဒီအချိန်မှာ အိမ်ရှေ့ကိုလူတစ်ယောက် လာရပ်တယ် အမေတံခါးသွားဖွင့်ပေးနေတယ် ဧည့်သည်ကအိမ်ထဲ ထိလိုက်မလာဘူး အမေ့ကိုပစ္စည်းတချို့ပေးပြီးပြန်သွားပါတယ်။ကျွန်မ လမ်းဖက်ဆက်ငေးနေတုန်း အမေခေါ်တာနဲ့အိမ်အောက်ကိုဆင်းပြီး အမေဘာပြောမို့လည်းမေးတော့   အမေမျက်နှာ  မကောင်းဘူးကျွန်မလက်ထဲကို  စာ   တစ်စောင်လှမ်းပေးတယ်  ဘာစာမို့ အမေ  မျက်နှာမကောင်း တာလဲပေါ့  ကျွန်မသိချင်စိတ်နဲ့ စာကို အမြန်ဖတ်လိုက်တဲ့ အချိန်မှာ  မောင် တောင်းပန်ထားတယ် ။
မမ   ခွင့်လွတ်ပါတဲ့   သူ ကောင်မလေးတစ်ယောက်နဲ့ မယူရင်မဖြစ်တော့လို့ ယူလိုက်ရပါတယ်တဲ့  ဘယ်လိုမှ  မထင်မှတ်ထားဘူး ဒီလို  စာမျိုးနဲ့   ဒီလိုမျိုးသူ လမ်းခွဲမယ်လို့   မမ မျှော်လင့်မထားဘူးလေ သူ့ကိုလွမ်းနေတဲ့ အချိန်မှာ တိုက်ဆိုင်စွာ ရောက်လာတဲ့   လမ်းခွဲဖို့ စာ ခွင့်လွတ်ဖို့ စာ စိတ်ထဲမှာ ဒေါသဖြစ်လိုက်တာ ချွေးတောင်ပြန်တယ်။
အမေ့ကိုကြည့်လိုက်တော့ ကျွန်မကို သနားနေတဲ့ ကြင်နာနေတဲ့ မျက်ဝန်းကို ကျွန်မတွေ့ လိုက်ရတယ် ကျွန်မချက်ခြင်းပြုံးလိုက်တယ်  ပြီးတော့အမေ့ကိုဖက်ပြီး ရီ(ယ်)နေရင်းအမေရဲ့ သမီး   ကံကောင်းတယ်မှတ်နော်    ဘာမှစိတ်မကောင်းဖြစ်မနေနဲ့ သမီး   ကံကောင်းတာသိလား  မောင်မောင်ကိုယူပြီးမှ မောင်မောင် သမီးကိုထားခဲ့ရင် သမီး ဘ၀ဘယ်လိုနေမလဲ  ..............သမီးတွေးကြည့် နေရင်းတောင်   စိတ်ချမ်းသာတယ် သိလား  အမေ မလွမ်းလောက်ပါဖူး   အမေရယ်နော် အမေ စိတ်မကောင်း မဖြစ်နေပါနဲ့နော်   ဒီနှစ်သင်္ကြန်က ခုမှ အနှောင်အဖွဲ့ ကင်းစွာနဲ့  စိတ်လွတ်လပ်  ပေါ့ပါးစွာနေရတာ  သမီးစိတ်ကို      စိုးမိုး မယ့်     လူမရှိတော့ဖူး အမေ ဒီနှစ်သင်္ကြန်  သမီးအပျော်ဆုံး  သင်္ကြန်ပေါ့  အမေရယ်နော် ကျွန်မ  အပျော်ဆုံးသင်္ကြန်ပေါ့နော်..........မောင်ကပင်မြင့်ထက်က ခက်ခဲ တဲ့ ငုပန်း ပိတောက်ပန်းကိုတော့  အဝေးမှနေတောင်  အရောက်သူခူးယူပေးနိုင်တယ် လောကထဲက  ဘ၀ အောင်ပန်းကိုတော့ မောင် မခူးယူပေးနိုင်ခဲ့ပါဖူး မောင်ကျရှုံးခဲ့ပါတယ်။ကျွန်မပျော်နေပါတယ် စိတ်ပေါ့ပါးစွာနဲ့ အနှောင်အဖွဲမှလွတ်တဲ့ လူတစ်ယောာက်လို စိတ်လက်ပေါ့ပါးစွာ ဒီနှစ်သင်္ကြန်မှာ မမ ပျော်နေပါတယ် မောင်..............;P

ပန်းပိတောက် ၀ါဝါ၀င်း
စိတ်လွတ်လပ်တဲ့ သင်္ကြန်တွင်း
အနှောင်အဖွဲ့ကင်း သင်္ကြန်တွင်း
ဒီအတာ ဒီတန်ခူး ဒီသင်္ကြန်ရွှင်ကာမြူး
ငုပန်းလေး ချစ်စရာထိန်ထိန်ဝင်းလို့ အနံမပါ
ပျော်ရွှင်စရာ သင်္ကြန်မှာချစ်သူ အဖော်သဟာမလိုပါ
ပန်းပိတောက်ဝါ၀ါဝင်း စိတ်လွတ်လပ်တဲ့သင်္ကြန်တွင်း
ပိတောက်ဖူးတွေ လှိုင်လှိုင်ပွင့်တော့မ..မပျော်ရွှင် မိတာပေါ့။

7 comments:

  1. စပ်စုတာမဟုတ်ပါဘူး..ကိုယ်တွေ့ လားဗျ....
    .

    ReplyDelete
  2. စာကို စာလိုပဲမှတ်ပါ
    ကဗျာကို ကဗျာ လိုပဲမှတ်ပေါ့
    စိတ်ကို စိုးမိုး မယ့်လူမရှိတော့
    နားအေးတယ်ဆိုတာ ပြောတာပါ ကို စိုးမိုးရယ်

    ReplyDelete
  3. ဟုတ်ပါ့...အစ်မရယ်..ပြောတာပြော...အဲ့..လူဇိုးကြီးကိုနော့...ကျနော်တော့မေးဘူးနော်...

    ReplyDelete
  4. ခံစားပေးပါတယ်ဗျာ နောက်ထပ်လည်း ပျော်ရွှင်စွာနဲ့ ဘဝပန်းတိုင်ကို လျှောက်လှမ်းနိုင်ပါစေ

    ReplyDelete
  5. မမေးဘူးဆိုပြီး သူပါဝင်ပြောသွားတယ်........း)

    ReplyDelete
  6. ပျော်ရွှင်စရာနဲ့  ဘ၀ပန်းတိုင်လျှောက်တော့  လျှောက်လှမ်းနေရအုန်းမယ်လေနော်
    ဆုပေးတတ်တယ်

    ReplyDelete