Pages

Sunday, April 4, 2010

ကမ်းကုန်အောင် ဆိုးတဲ့သမီး.........

ကမ်းကုန်အောင် ဆိုးတဲ့သမီး.........



အိမ်မှာကျွန်မ အဆိုးဆုံးတဲ့ ၊အဖေကကျွန်မကို ဘယ်လိုမှကြည့်လို့ ကိုမရဘူး
ခဏခဏရိုက်တယ် အဖေ့ကိုလည်းကျွန်မ မုန်းတယ် ကျွန်မအမုန်းဆုံးကလည်း အဖေလေ။

အဖေ့ကို သိတ်မုန်းတာလို့  ပြောတော့ အဖေက အေး ကောင်းတယ် ၊မုန်းပေါ့တဲ့
မချစ်ဖူးနင့်ကိုလည်း ဆိုးလွန်းလို့ တဲ့ အဖေနဲ့ကျွန်မ ဘယ်လိုမှစကားပြော
အစဉ်မပြေပါဖူး အဖေက ကျွန်မကိုနင့်အကိုတွေကို လိုက်တုပြီးနေတာ စကား
ပြောတာ ဆိုတာ မစဉ်းစား မချင့်ချိန်ဖူး၊ မိန်းခလေးနဲ့ ကိုမတူဖူး လွယ်အိတ်လွယ်တော့လည်း၊စလွယ်သိုင်းနဲ့ ကြည့်လို့ ကိုမရဖူး နင့်မြင်တာနဲ
့ငါရိုက်ချင်တာ၊မိန်းမလေးဆိုတာ သိမ်သိမ်မွေ့မွေ့လေးနေရတယ်။

ယဉ်ယဉ်ကျေးကျေးလေးနေရတယ် ၊အေးအေးဆေးဆေး လေးနေရတယ် ၊အဖေပြောတာ နားသာထောင်နေရတာ ၊ကြောက်လိုသာနားထောင်နေရတာ၊ အဖေ့ကိုစကားကိုမပြောချင်တာမုန်းလိုက်တာမှ ဘယ်လိုကိုမုန်းမှန်းမသိဘူး စည်းကမ်းကြီးတဲ့အဖေ အမေ့ကိုနိုင်တဲ့အဖေ မိန်းမပွေတဲ့အဖေကို ကျွန်မမုန်းမိတာ ဘာမှမထူးဆန်းပါဘူးနော် ။

အခုသမီးအဖေ့ကိုသတိရနေတယ် တအားလွမ်းနေတယ်၊မိုးလင်းအိပ်ရာကနိုးတာနဲ့ထမင်း မစားတတ်တဲ့ကျွန်မကို မနက်စောစော၊အဖေလ္ဘက်ရည်ဆိုင် ကိုကျွန်မနဲ့တူတူသွားပြီး ကျွန်မ ကြိုက်တဲ့ နံပြားထောပတ်သုတ်နဲ့ မလှိုင်လိုက်ကျွေးနေကျလေ၊
အခုမနက်အိပ်ရာကနိုးတာနိုးတာနဲ့ ကော်ဖီသောက်နေရင်း အဖေ့ကိုသတိရနေမိတယ်။

လက်သည်းခြေသည်း အဖေကိုတိုင်ညှပ်ပေးတာ ၊ကျွန်မကအဖေခြေသည်း လက်သည်း
မညှပ်ပေးရင် ဒီတိုင်းထားတာလေ ၊အဖေကဘာလို မညှပ်သေးလည်းဆို ကိုယ့်
ဘာသာညှပ်မှ မညှပ်တတ်တာ၊ဒါကြောင့် ဒီတိုင်းထားတာဆိုအဖေ ကျွန်မကို ခုံပေါ်ထိုင်ခိုင်းပြီး ခြေသည်း လက်သည်း ညှပ်ပေးပါတယ်။

အခုခြေသည်းရှည်လိုညှပ်ရင်၊ကျွန်မကောင်းကောင်းမညှပ်တတ်တော့၊
အဖေ့ကိုသတိရနေတယ်။
ရေချိုးရင်လည်း ငယ်ငယ်တည်းက အဖေ ချေးတွန်းပေးတာလေ ။ဆပ်ပြာတော့ အမြုတ်ထွက်အောင်တိုက်တတ်တယ် ၊ချေးကျမတွန်းဘူးဆိုပြီး အဖေဂရုစိုက်ပြီးသေချာချေးတွန်းပေးတယ်။ တော်တော်အလုပ်ရှုပ်တဲ့ အဖေလို့  စိတ်ထဲကနေပြောနေမိတယ်။

အခုရေချိုးရင်းချေးတွန်းဖို့ မေ့နေရင် ရေချိုးပြီးမှ ချေးတွန်းဖို့ ကိုနောက်တခါ ရေပြန်ချိုးရတယ်လေ အဖေ နေရာတကာ၊လိုက်လုပ်ပေးနေလို့ ဒီလိုဖြစ်တာဆိုပြီး အဖေ့ကို သတိရနေမိပြန်တယ် ၊အိမ်မှာဆို ငယ်ငယ်လေးထဲက ကျွန်မတယောက်တည်း ကိုယ်ပုဂံ ၊ကိုယ့်ဇွန်းနဲ့မှစားတတ်တာ၊ ကျွန်မပစ္စည်း မိသားစုယူသုံးရင် အသစ်ပြန်ဝယ်ခိုင်းတတ်တယ်၊အလုပ်သမားယူသုံးရင် လွှင့်ပြစ်တတ်တယ် ၊ ခုတော့ကျွန်မအကျင့်ကပြင်မရဘူးလေနော်သူများတွေနဲနေရတော့သူများတွေ
ယူသုံးရင်စိတ်ထဲမှာ တော်တော်ကသိကအောင့်ဖြစ်ရတယ် ၊
စရိုက်မတူ အကျင့်မတူ နေထိုင်နေရတာ၊ လွှင့်ပြစ်လို့လည်းမဖြစ် ပြန်ဝယ်ရင်လည်းငွေကုန်မှာမကြိုက်ဖူးလို့ လည်း ဘယ်လိုပြောမလည်း၊ ခွဲခြားနေတယ်ထင်မှာ အိပ်တော့လည်း ၊ကိုယ့်စောင်၊ကိုယ့်ခေါင်းဦး၊ သုံးတတ်တာ ကျွန်မအခုသူများက ခဏနော်ဆို လာယူရင်ကြည့်နေရတော့တယ်။

စိတ်ထဲမှာ မကြိုက်တာတော့ အမှန်လေနော် ၊ အသွင်မတူ အမြင်မတူ နေထိုင်နေရတယ်၊
စိတ်တိုလိုက်တာ အိမ်ကိုလည်းသတိရနေတယ် ၊ အစစအရာရာ ကိုယ့်စိတ် ကိုယ့်သဘော ထားခဲ့တဲ့ အဖေ့ကိုဘာလို့များမုန်းမိပါလိမ့်လို့ တွေးနေမိတယ် ၊ အိမ်ကကျွန်မအကိုတွေနဲ့ 
ပြောချင်ရာပြော တတ်တဲ့၊ ကျွန်မကို အဖေဆူတော့ ရိုက်တော့မုန်းမိတာပေါ့ နော်။


အကိုတွေ ဆေးလိပ်သောက်တာ ကြည့်ပြီး ၊ အဖေ မသိအောင်ဆေးလိပ်ခိုးသောက်ပြီး
သောက်တတ်အောင်သင်ခဲ့တယ် ၊ သိတော့ရိုက်ခံထိတာပေါ့ ၊ အဖေကိုမုန်းတာပေါ့နော်
ယောက်ျားလေး၊ မိန်းမလေး ၊ ခွဲခြားမနေဖူး အိမ်ကအကိုတွေကိုပြောသလို
သူငယ်ချင်းတွေ သူတို့ အမျိုးသားတွေကို ကျွန်မနောက်ပြောင်ပြီး ၊အကိုတွေကို
စသလို ရင်းရင်းနှီးနှီးပြောဆို စမိတော့သူငယ်ချင်းမလေးတွေ အူပုတ်စိတ်ကောက် မျက်နှာပျက်နေမှ ကျွန်မသတိရတယ်။

ဒါကြောင့်အဖေက ကျွန်မအကိုတွေနဲ့ စကားပြောရင်၊ဆိုရင် ထိန်းထိန်းသိမ်းသိမ်း ပြောဆို ရတယ်၊မိန်းမလေးဆိုတာ သမီးနဲ့  ဆုံးမတာနေမှာနော်။

အဖေ့ကိုသတိရလို့  စိတ်ထဲမှာ ငိုချင်လာတယ် ၊လူတွေနဲ့ပေါင်းသင်းဆက်ဆံတတ်အောင် သင်ပေးတဲ့အဖေ  ငယ်ငယ်တည်းက  စည်းကမ်းရှိအောင် နေတတ်  ထိုင်တတ်အောင်
သင်ပေးတဲ့ အဖေ ကျွန်မကိုပြုစုယုယခဲ့တဲ့ အဖေ ခုတော့ သမီး  သတိတွေရနေတယ် အဖေကိုဆိုးတယ် ထင်ခဲ့တဲ့ ကျွန်မ အဖေဆို အကောင်းမမြင်ခဲ့တဲ့ကျွန်မ ၊ အဖေဆိုးတာမဟုတ်ဖူး ၊ သမီးဆိုးတာပါ အဖေရယ်နဲ့ စိတ်ထဲမှာ ပြောနေမိတယ် ။

လူလောကမှာ အလိုက်အထိုက် နေထိုင် ပေါင်းသင်း ဆက်ဆံ တတ်အောင်သင်ပေးမှန်း သိခဲ့ရတယ်မှန်တယ်ထင်ရင် ချက်ချင်း ပြန်ပြောတတ်တဲ့ကျွန်မ၊ ပြောဆိုတာယောက်ျား၊
မိန်းမ၊ သိတ်ခွဲခြားမနေဘူး ပြောချင်ရာ ပြောတတ်တဲ့ ကျွန်မ ခုတော့နေရတာပြောရတာ ထိမ်းသိမ်းပြောဆို နေထိုင်နေရတယ် ။

စိတ်ထဲမှာလည်း မွန်းကျပ်နေတယ် ၊အဖေရယ် အောင့်အည်း သည်းခံနေရတယ်။
စိတ်လွတ်ကိုယ်လွတ် ပျော်ပျော်နေတတ်ပြောဆိုတတ်တဲ့ ကျွန်မကို အဖေ စိတ်မချဖူး
အဖေမှာနေတယ်၊ကျွန်မကို သမီးပျော်အောင် ကိုယ့်ဘာသာနေနော် စိတ်ချမ်းသာအောင်လည်း ကိုယ်ဘာသာလုပ်ရတာ နေရာတကာဝင်မပါနဲ့ တဲ့ 
ဝင်မပြောနဲ့ ကိုယ်ဘာသာ  နေတတ်အောင်နေနော်။

ကော်ဖီတွေလည်း တအားမသောက်နဲ့  ရင်တွေတုန်နေမယ် ၊သမီးနဲ့မတည့်ဖူးတဲ့လေနော်
ဆေးရော မှန်မှန်သောက်ရဲ့လား ကိုယ်ကိုကိုယ် ဂရုစိုက်နော်
ထမင်းမကြိုက်တတ်မှန်းသိနေတော့၊ ထမင်းမစားဖြစ်ရင် တခုခုတော့ဗိုက်ပြည့်အောင်
အ၀စားနော် ၊ သမီးကအသီးအနှံတွေကြိုက်တယ်၊အသီးအနှံကို ထမင်းစားသလို အ၀စားတဲ့ ၊အဖေ ကျွန်မကို စိတ်ပူနေတယ် ၊ခဏခဏမှာနေတယ်
မုန်ပုံးဝယ်ကျွေး ပန်းသီးအခွံနွာကျွေးတတ်ခဲ့တဲ့ အဖေကိုကျွန်မသတိရနေတယ်၊၊

အဖေကျွန်မကို မုန်းတယ်လို့ ပြောဆိုတတ်တဲ့  အဖေ အခုတော့ ကလေးပေါက်စလေးလို
စိတ်မချပဲ အစစအရာရာ ဖုန်းဆက်မှာကြား နေတတ်တယ် ။

ကျွန်မကို အဖေ ချစ်တယ်ဆိုတာ အဖေနဲ့  အနေဝေးမှသိခဲ့ ရတယ်၊ ကျွန်မခုအဖေ့ကို သွားတိုင်း စားတိုင်း ပြောဆိုတိုင်း သတိ ရ နေမိတာ၊ ကျွန်မ အဖေ့ကိုချစ်နေလို
့ပေါ့နော် အဖေ့ဂရုစိုက်မှု့ကို ချုပ်ချယ်တယ် ထင်ခဲ့တယ် အခု အဖေ့ ဂရုစိုက်မှု့ကို သတိရနေတယ်။ ၊

အဖေ့ကို ဘာမှကူညီမလုပ်ပေးဖူးတဲ့၊ ကျွန်မ အဖေနဲ့ သမီးကြားမှာသတိရတိုင်း သေချာတွေးလေ သမီးဆိုးလေဖြစ်နေတယ်။

အဖေဆိုးခဲ့တာ မဟုတ်ပါဘူး သမီးဆိုးခဲ့တာပါ အဖေ ၊သမီးအပေါ် အလိုလိုက်အကြိုက်ဆောင် ၊ထိန်းသိမ်း စောင့်ရှောက်ထားတာ၊ အဖေကို
သမီးမုန်းခဲ့တာ ၊အဖေဆိုးတယ်လို့ ထင်ခဲ့မိတာ။

သမီးကမှလူဆိုးမအဖေ ။

အဖေ့ပြောဆိုဆုံးမတဲ့အသံတွေ ပြန်ကြားနေရင်း ၊ လူလောကထဲမှာ သမီးနေထိုင်နေရတော့ အဖေပြောခဲ့တာတွေ မှန်နေတယ်ဆိုတာသိလေ ၊ အဖေ့ကို သတိရလေဖြစ်နေတယ်၊

အဖေရယ် သမီးအဖေ့ကိုလွမ်းနေခဲ့ပါတယ်၊ အဖေနဲ့ သမီးအကြောင်းတွေးနေရင်းနဲ့ 
အဖေ့သမီး
ဒီစာရေးနေရင်း
မျက်ရည်ကျနေတယ် ၊

အဖေ့ကိုသတိရနေတယ်၊
သမီး ငို နေတယ် အဖေ။................?ီ i ?ီ

Fathersdaycake.jpg Father's Day Cake image by Hokess

11 comments:

  1. အင်း...ခံစားနားလည်ပေးသွားပါတယ်ခင်ဗျာ

    ချမ်းမြေ့ပါစေ
    ကိုကြည်နိုင် ( ကျုံတိုင်းရွာ )

    ReplyDelete
  2. အယ်ခုတင်တာ

    ခုသိတယ်

    ReplyDelete
  3. မငိုပါနဲ့နော်။:(

    ReplyDelete
  4. မငိုပါနဲ့  ဗျာ
    သမီးဆိုးခဲ့သလို
    သားလည်း ဆိုးခဲ့ပါတယ် ဘ၀မှာအဖော်တွေ ရှိပါသေးတယ်

    ReplyDelete
  5. ကိုင်း..အခုမဆိုးတော့နဲ့ ဗျာ...
    ငိုလည်းမငိုတော့နဲ့ 
    ကျွန်တော်လည်းလူဆိုးဘဲလေ
    ဒါပေမဲ့ အခုတော့ လိမ္မာသလိုလိုဘဲ...ကိုယ့်ကိုယ်ကိုထင်တာလားတော့မသိဘူးလေ

    ReplyDelete
  6. ငိုပါဖူး မျက်ရည်ကျနေတာလေ.........း (

    ReplyDelete
  7. တော်တော်ဆိုးခဲ့တာ
    တခုမှကိုနားမထောင်တာ
    အရိုက်ခံပြီးကိုဆိုးတာလေ

    ReplyDelete
  8. အခုတော့ အဖေက သမီး အတော်ဆုံးတဲ့

    ခုထိလည်း အဖေ့တွေ့ရင် ဆိုး ချင်တုန်း

    ReplyDelete
  9. အစဉ်မပြေ(အဆင်မပြေ)၊ကျွေးနေကျ(ကျွေးနေကြ)၊လွှင့်ပြစ်(လွှင့်ပစ်)၊အူပုတ်(အူပုပ်) ...စသည့်
    အလျင်စလို အမှားလေးများကိုဂရုစိုက်စေချင်ပါသည်။ကောင်းသောစာလေးဖြစ်၍ အမှားကင်းစေချင်
    ပါသည်။အဖေနှင့်အမေများအပေါ် သားသမီးအမြင်အမှန်ဖြစ်ပါသည်။

    ReplyDelete
  10. ဟုတ်တယ် ခုရေးခုတင် ပြင်သာဖတ်တော့နော်
    ပြန်ပြင်လိုက်ပါ့မယ်နော်..

    ReplyDelete
  11. ဟုတ်တယ် ခုရေးခုတင်
    ပြန်ပြင်လိုက်ပါ့မယ်နော်..

    ReplyDelete