Pages

Thursday, April 15, 2010

သိကြားမင်းသေပြီ.......သက်ပျောက်ဆွမ်းသွပ်မယ်.. ဘယ်သူလာမလည်း.....ဆွမ်းသွတ်တရားနာ...ဖိတ်ပါတယ်

မဏ္ဍဒ်ပေါ်မှာသီချင်းသံတွေဆူညံနေတော့ ဗုံးကွဲတာကိုတချို့ ကကားဘီးပေါက်တယ်မှတ်တာပေါ့
ဆက်တိုက် ၂လုံးပေါက်တယ် နောက်တခါကြမှ တတိယအလုံးပေါက်တယ် မမ ရေပက်တဲ့မဏ္ဍဒ်ရှေ့မယ်
တွင်လေပေါက်တာမမညီမလေးကသင်္ကြန်မဏ္ဍဒ်ရေပက်တဲ့နောက်တန်းမယ်လေ အတန်း၃ခုခွဲထားတယ်
ရှေ့ဆုံးတန်းကရေပက်တဲ့လူတွေတော့ သွေးတွေစင်တာပေါ့ တအားကြောက်နေတယ်ဘာလုပ်ရမှန်းမသိဘူး
နောက်ထပ် စင်အောက်ကများ ပေါက်မလားစင်ပေါ်ကပဲပေါက်မလား ထိန့်လန့်နေရတယ်လုံခြုံရေးတွေကလည်း တပ်ဖွဲတွေကျဆုံးတယ် အကာအကွယ်၇ှိတဲ့နေရာနေကျ ဆင်းကျ ပြေးကျ နဲ့ပြောတာပေါ့တရောက်ကစားပွဲခုံ ကိုယူပေးတယ် ဒီဟာနဲ့ ကာနေတဲ့ သူများတွေကဆင်း ကုန်လည်းညီမလေးကကြောက်လို သူများတွေဆင်းလည်းမဆင်းဘူး
လုံခြုံရေးတွေလည်းသွေးပျက်ကုန်တာပေါ့ ထိုင်နေကျမှောက်နေ လွတ်အောင်နေတဲ့
နောက်ထပ်ထပ်ပေါက်မလားမသိဘူးနဲ့ ပြောနေတာပေါ့ေ၇ှ့စင်ကရေပက်တဲ့ကောင်မလေးတွေတော့မျက်နှာတွေပါသွေးတွေစင်တယ် အောက်သွားကြည့်ပြီး ပြန်လာတဲ့သူငယ်ချင်းက လူတွေ၆ရောက်လောက်ရှိမယ် သေကုန်တာ သွေးတွေအများကြီးပဲတဲ့ နောက်ထပ်သေတာဘယ်လောက်၇ှိမလည်းမသိဘူး
အင်း
အခြေအနေဆိုးတာအများကြီး
မဏ္ဍဒ်ရှေ့ကတဲ့သူတွေသေကုန်တာလေ မဏ္ဍဒ်ကအကြီးဆုံးလေ သိမ်ဖြူတင်းနစ်ကွင်းေ၇ှ့ က
ကန်တော်ကြီးအ၀င်နားတွင် ၀င်လို့ ထွက်လို့ လည်းလွယ်တယ်လေ
သမီးလေးတေ၇ာက်ကအိမ်က သိမ်ဖြူ တင်းနစ်ကွင်းနဲ့ နီးတော့
ပူတယ်အိုက်တယ်ဆိုပြန်လာတာလေ တင်းနစ်ကွင်းနားအရောက်ပေါက်တာ အိမ်အပြန်ကံကောင်းခြင်းပေါ့
လူတွေငိုကျယိုကျနဲ့ လေ တခါမှမကြုံဖူးတဲ့ သင်္ကြန်အဖြစ်ထူးတာလေ
ဖုန်းဆက်မေးတော့လည်းကြောက်လို့ သူတို့ တုန်နေတာပဲ
မဖြစ်သင်တာတွေပေါ့ အပြင်လည်းထွက်မရဖူးတဲ့နောက်တလုံးကျန်သေးတယ်တဲ့
အိမ်မယ်နေရင်းမမသွေးပျက်လာတယ်
ဘာလုပ်မလည်း
ဘာလုပ်မလည်း
သေကုန်ပြီ
သေကုန်ပြီနဲ့ တရောက်ထဲ
မျက်ရည်တွေကျလာတယ်
ဖုန်းဆက်ပြောတဲ့သူငယ်ချင်းတွေကိုလည်းပြန်ဖြေပေါ့
စိတ်ပူလို့ သေတော့မယ်
ချက်ချင်းပြန်ပြော
ငါနားထောင်မယ်
နင်တို့ မပြောပြရင်
ငါဘာသာသွားမယ်နော်
ကူညီနိုင်တာကူညီပေးကျနော် ဆိုတော့ ၅မိနစ်တခါလောက်ဖုန်းဆက်ပြောကျပါတယ်
အိမ်လည်းဝင်လိုက်ထွက်လိုက်နဲ့ပေါ့ ဘယ်သူလာလား လာရင်ခေါ်ပေးထားပါ
စိတ်ပူလို့ နော်မမ ဆိုပြီးလာမေးကျတယ်လေ
လာတယ်
သူတို့သူငယ်ချင်းတွေမတွေ့ လို့ ထပ်ထွက်သွားတယ်
ပြောတော့ သူတို့ အမေတွေအမတွေက စိတ်တွေပူကျနဲ့ပေါ့
ကမ္ဘာပျက်သလား မပျက်သလားမသိဘူး ကန်တော်ကြီးမယ်တော့
ကမ္ဘာပျက်သလိုဖြစ်သွားတယ် မနှစ်က အင်းယားလမ်းမယ်ဆော့ရတယ်
ဒီနှစ်အင်းယားလမ်းမဆော့ရဖူးလေ အင်းယားလမ်းမယ် မဏ္ဍဒ်ပေးမဆောက်ဖူး

လူတွေကိုဘာလို့ သေစေ့ ချင်ကျတာလည်း ဘာလို့ ဒီလိုလုပ်ရပ်တွေရှိတာလည်း
အပြစ်မဲ့ တဲ့လူတွေကိုဘာလို့  သေစေ့ချင်ကျတာလည်း
လူတွေကို သွေးပျက်အောင်ထိပ် လန့်အောင် ကြောက်နေအောင်
စိတ်ဓါတ်တွေရိုက်ချိုးခံနေရအောင် ဘာလို့ လုပ်ချင်ကျတာလည်း
လူတန်းစားမရွေးပျော်မြူးရွှင်လန်းနေကျတာ
သင်္ကြန်ဆိုတာ
မင်္ဂလာကျက်သရေအရှိဆုံးဖြစ်ရမှာ
လူတန်းစားပေါင်းစုံစုပျော်ကျတဲ့ ပွဲ
အဆင့်အတန်းမခွဲရေပက်ကျတဲ့ပွဲ
ဘာသာပေါင်းစုံနွဲပျော်တဲ့ပွှဲလေ
ဖြစ်သင့်လား
ဒီလုပ်ရပ်မျိုးလုပ်သင့်လား
ဘယ်သူအပြစ်ပြောရမလည်း
ဘယ်သူ့ အပြစ်ဆိုရမလည်း
ဘယ်သူလက်ညိုးထိုးရမလည်း
ဘယ်သူ့ ခိုင်းတာလည်း
ဘယ်သူလုပ်တာလည်း
ဘာလို့ လုပ်တာလည်း
ရည်ရွယ်ချက်ကဘာလည်း
ရည်မှန်းချက်ကဘာလည်း
ဦးတည်ချက်ကဘာလည်း
လုပ်ရပ်ကဘာလည်း
ဘာလည်းပေါင်းများနဲ့
တညလုံးမိုးလင်းသွားပါတယ်
ရလဒ်ကတော့ ပြည်သူ့ 
အသက်ပေးလိုက်ရပါတယ်
ရလဒ်ကတော့ပြည်သူတွေငိုကြွေးနေပါတယ်
ရလဒ်ကတော့ပြည်သူတွေထိပ်လန့် နေတယ်
ရလဒ်ကတော့ပြည်သူတွေကြောက်နေတယ်
ရလဒ်ကတော့ပြည်သူတွေသွေးပျက်နေကျပါတယ်ရှင်
ကျွန်မအမြဲပြောနေကျစကားအတိုင်းပေါ့
သွေးပျက်လောက်တယ်
သွေးပျက်လောက်တယ်
သကြားမင်းသေလို့ သက်ပျောက်ဆွမ်းသွတ်မယ်
အမှန် တရား သိကြားသက်သေတဲ့ 
သကြားမင်း သေလို့ အမှန်တရားပျောက်နေတာလေ
ဘုရားက သိကြားမင်းကို သာသနာစောင့်ရှောက်ရမယ်တဲ့
အမှန်တရားသိကြားမင်းစောင့်ရှောက်ဖို့ 
ဘုရားမှာထားတယ်
သာသနာနောက်ပိုင်းရှင်ဘုရင်ကသာသနာကို
မ စောင့်ရှောက် ရဟန်းတော်တွေ တရားမကျင့် 
ဖြစ်ကြတာကိုသိလို့
သီလစောင့်တဲ့ ရဟန်းတော်
ဆရာတော်
တောရကိုယ်တော်ကြီးတွေက
တုံးခေါက်တော့
ရှင်ဘုရင်က ဘာလို့ တုန်းခေါက်လည်းမေးတော့
သိကြားမင်းသေလို့ တုန်းခေါက်တာ လို့
ရှင်ဘုရင်ကို ဖြေတယ်တဲ့

`ကဿပဘုရား´
သာသနာနောက်ပိုင်း
အဖွားအိုတယောက်သားသမီးတွေမစောင့်ရှောက်လို့ 
သိကြားသေတယ်ဆို
သင်္ချိုင်းသွား
ဆွမ်းသွပ်တယ်
ခုလည်း
သိကြားမင်းသေပြီ
ဆွမ်းသွပ်မယ်
တုန်းခေါက်ပြီးဖိတ်ပါတယ်
ဆွမ်းသွတ်
မယ်
သိကြားသေလို့ သက်ပျောက်ဆွမ်းသွပ်
ဖိတ်ပါတယ်နော်

0 comments:

Post a Comment