Pages

Sunday, April 18, 2010

ဒို့ ဘိုး ဒို့ ဘွား သျှောင်တစောင်းနဲ့  ပုံပြင် ဆန်ဆန် ပြောပါတယ်

မကြားဖူးတာကြားရမယ် မကြုံဖူးတာကြုံရမယ်

ဒို့ ဘိုး ဒို့ ဘွား သျှောင်တစောင်းနဲ့ 

ပုံပြင် ဆန်ဆန် ပြောပါတယ်

ဘဘုန်းကြီး ကချစ်လွန်းလို့ တဲ့

ဘုရားစကား

တရားစကား


ပုံပြင်လိုလည်း ဟောပါတယ်

တရား
အစစ် တကယ်ချစ်လို့ 


မှတ်သားနာ ယူခဲ့ပါတယ်

မသိတာတွေ သိအောင်ပြောဖို့ 

မ.မ ပြောမယ်မှတ်ထားကွယ်

ကျွဲနှစ်ကောင် ခတ်ပြီ

ခြံတိုင် တွေပြုတ်

အိမ်တွေ လှုပ်ပြီ

ရှောင်နိုင် မှနော် လွတ် လိမ့်မယ်

ကျွဲနှစ်ကောင်ခတ်ရင်

မြေဇာပင် စိစိညက်ညက်ကျေသတဲ့

လူတွေလဲ သေတယ်တဲ့

ရှောင်နိုင်မှ လေလွတ်လိမ့်မယ်။

8 comments:

  1. တို့ ဘိုး တို့  ဘွား
    ယောင်တစောင်းနဲ့ 
    မမပုံတွေပြောနေတယ်------။
    ကျွဲကြီး ၂ ကောင်ခပ်တဲ့ကြားမှာ
    ဘယ်လိုရှောင်လို့ လွတ်ပါ့မယ်
    ခြံတိုင်တွေလှုပ် အိမ်တွေပြုတ်လို့ 
    ပြည်သူတွေလည်း မွဲ ပြီကွယ်
    မသိတာတွေ သိအောင်ပြောကွယ့်
    မမ ပြောတာမှတ်ထားမယ်
    မြေဇာပင်တွေ မကြေဘို့ နဲ့ 
    လူတွေမသေ နည်းလမ်းတွေကို
    မမ ပြောပြပါတော့ကွယ်
    ပြောကွယ် ပြောကွယ် -------။

    ReplyDelete
  2.ိုလာ မေးနေသေး တယ်နော်
    ပုံပြောတာပါဆို လာမေးနေသေးတယ်နော်

    ReplyDelete
  3. လွယ်ပါတယ် ဆရာတိုးရယ် ..ခေတ်တဲ့ ကျွဲ ၂ ကောင်ကို သားသတ်ရုံ ပို့လိုက်ရင် ပြီးပြီ။

    ReplyDelete
  4. ဟားဟားးးးးးးးးး
    ပြောတတ်တယ်... သတ္တ၀ါ သက်တမ်းရှိသလောက်နေပါစေ။

    ReplyDelete
  5. ဟားးးးးးးးးးးး
    အကို
    ကဗျာစပ်တာဒီလောက်တော်မှန်းခုမှသိတော.တယ်
    တကယ်ဘဲကွာ

    ReplyDelete
  6. အင်းလေ
    ခမျာသနားပါတယ်
    ဇီဝိတဒါနဆိုတာရှိတယ်မလားနော်

    ReplyDelete
  7. ဟုတ်တယ် အလင်းစေတမန်ပြောတာမှန်တယ်

    ReplyDelete
  8. မသတ်ကောင်းဖူး

    ဘေးမဲ့လွတ်ပါ ကုသိုလ်၇တယ်

    သူသတ် ကိုယ်သေ လည်ပတ်နေတယ် သံသရာမယ်

    ReplyDelete