Pages
Thursday, April 8, 2010
”မင်း”းးးးးးးးးးးး နှစ်ဖက်မြင် ကျွန်မခံနဲ့ 
သူ့ သတ် ကိုယ်သေ လည်ပတ်နေသည့် သံသရာ
ဆိတ်သတ် နွားသတ် ကြက်သတ် လည်ချောင်းသွေးတွေ သူများလှီးလို့ ထွက်ရှိနေတာ
သမုဒ္ဒရာ လေးစင်းမကပါဖူး အရင်ဘ၀အကြောင်း ပြန်တွေးကြည့်တော့ ဘာမှမသိ
သူတို့ သတ်လို့  သေတာတဲ့လေ ဘုရားဟောလို့   သိရတာနော် သားသမီး ဆွေမျိုး
စည်းစိမ် ဥစ္စာ ရတနာ  အမှောင်ဖုန်းလို့ မအားလပ်ပါ မတွေးမိလို့ မသိတာပါ။
သားနဲ့ သမီး ပစ္စည်းအတွက် တဏှာခိုင်းလို့   မအားပါသည်။
မျက်စိစုံကမ်း  လမ်းလျှောက်သလိုဒုက္ခ ပင်လယ်ဝေတော့မည်။
အချိန်မရောက်သေး တော့ အရွယ်ရောက်အောင်ပူရသည်။
အရွယ်ရောက်တော့  လူလားမြောက်အောင်ပူရသည်။
လူလားမြောက်တော့  လူရာဝင်အောင်ပူရသည်။
လူရာဝင်တော့  လူတန်းစေ့အောင်ပူရသည်။ မိမိတွက်ဆို
ပျှော်ရွှင်ကြည်နူး မေတ္တာထားကာ  ကောင်းတဲ့ စကားကြားချင်သည်။
မကောင်းစကားပြောချင်သည်။
နွေ မိုး ဆောင်း လည်း ခန္ဓာ အကြိုက်လိုက် လို့ နေရ နေတော့လည်း ”ကျွန်”
သေတော့လည်း”ကျွန်” သူသတ် ကိုယ်သေ လည်ပတ်နေသည့် သံသရာ
သံသရာခဏ ခဏ့ ကြုံတွေ့  နေရ ဘ၀များစွာသေရမည် ။
“ကိုယ်ခန္ဓာ “က  “ကိုယ်”  နဲ့ နေတာ
ခန္ဓာခိုင်းသမျှ လုပ်ကိုင်နေရ  နေ၀င် နေထွက် သူမသိပါ။
 စုံလုံးကန်းမို့ မကြည့်တတ်ပါ။လောက  ကောင်းကျိုး အမှန် ပြောသည်
ကြောင့်ကျ သောက ဗျာပါဒနှင့် နေထိုင်နေရ  ဘုရားဟောသည်။
အ၀ိဇာ  တဏှာ ဒေါင်ချာဆိုင်းအောင်ခိုင်းလို့ နေတာ
” မင်း ”ရဲ့ ဘ၀ အရတော်သလား” မင်း”ရဲ့ ဘ၀  အရဆိုးသလား
”မင်း”ရဲ့ ခန္ဓာ ခိုင်မြဲ ရဲ့ လား  မခိုင်မြဲတဲ့ ” မင်း ”ရဲ့ ခန္ဓာရလို့ ထားတာ
ဇာတိ ဇရာ မရဏ  တဲ့ ”မင်း” ခန္ဓာ  ကိုယ်သတိနှင့်ကြည့်ပါ
အခုကောင်း မကောင်း စစ်ဆေးပါ  အရဆိုးတဲ့ဒီ  ခန္ဓာ  ရှုပါများတော့
ဖြစ်ပျက်တွေ့ မှာ သတိထားပြီး ၀ရိယစိုက်လို့  သမာဓိ  ပညာ  ဥာင်္ဏနဲ့ ကြည့် တော့
”မင်း”ရဲ့  ခန္ဓာ  ”မင်း”မလိုချင်တော့ မဂ်ရမှာ  အရဆိုးတဲ့ဒီ  ခန္ဓာ
နှစ်ဖက်  မြင်လို့ ကြည့် တတ်ပါ။့
ခန္ဓာ  ဇာတ်သိမ်း  နိဗ္ဗာန်ထိတောင် ရောက်ရမှာ
”မင်း”းးးးးးးးးးးး
နှစ်ဖက်မြင်  ကျွန်မခံနဲ့ 
စုံလုံးမကမ်းနဲ့
လောကအကြောင်း စုံလုံးမြင်တဲ့
ဘုရားဟောလို့ ထားခဲ့တာ။
6 comments:
  1. ကောင်းတယ်ဗျာ.......
    မှတ်သားသွားပါကြောင်း..............
    ReplyDelete
  2. ကိုဇောင်း ချက်ခြင်းလာဖတ်တယ်
    နှစ်သစ်အတွက်လေ ကုသိုလ်ယူတာ.......း)
    ReplyDelete
  3. ကျွန်မဖြစ်အောင်ကျိုးစားရမှာကလူသားတာဝန်တစ်ခုလို့ထင်ပါတယ်။
    ReplyDelete
  4. ဟုတ်ပါ့ ကိုယ့် အတွက် ခန္ဓာခိုင်းလို့ မွေးထဲကကျွန်ဖြစ်နေပါတယ်ဆို
    သတ္တ၀ါမှန်သမျှ သတ်ချင်နေတော့ ပိုဆိုးတော့မပေါ့နော်
    ReplyDelete
  5. လွန်စွာကောင်းပါ၏
    ReplyDelete
  6. မိုးကုတ်ဆရာတော်တရားတော်လေ
    နှစ်သစ်လက်ဆောင်တရားပေါ့နော်
    ReplyDelete