Pages

Monday, April 26, 2010

စာရေးဆရာကြီး သာဂဒိုး ကွယ်လွန်

'ဟေ့ကောင် သာဂဒိုး၊ ငါမော လာတယ်ကွာ၊ လက်ဖက်ရည် တစ် ခွက်တိုက်စမ်းဟာ''
ကျွန်တော်တို့ ဂျပန်ခေတ် ဆက်သွယ်ရေးတပ် အမှုထမ်း ဖက် ဖြစ်သည်။ ဘယ်ကပေါ်လာသည် မသိ၊ ဂျပန်ခေတ်တုန်းကတော့ ဗဟန်းသားစစ်စစ်ဖြစ်သည်။
''ကိုမြင့် အခုဘယ်နေ တုံး ဟ၊ အိမ်သားတွေရော နေကောင်းကြ လား။ မင့်
ပင်စင်နဲ့တော့ မလွယ်မှန်း ငါတို့လည်း ဘဝတူမို့ သိတယ်ဟာ''
သူက တစ်ချိန်တစ်ခါ၏ ပင်စင် စနစ်နှင့်လာခဲ့သူဖြစ်တော့ မျက်နှာ ရှုံ့ပြ သည်။ နို့-
ကျွန်တော်ရော ဘာ ထူးသနည်း။ အယ်ဒီတာချုပ်ပင်စင် က တစ်
ထောင်စွန်းစွန်းလေးပဲ။ လက်ဖက်ရည်ဆိုင်ထိုင်လျှင်ဖြတ်သွား သည့်လူသိများ
ကျောပေးနေရမည့် ကိန်းဖြစ်သည်။ အခုက စာလေး ဘာလေးရေးရ၍ တော် သေးသည်။ ပြီး
ပိစပ်ကလည်း အတော်ကူတာမို့။
''ဟေ့ကောင်၊ မင်းဘာတွေ နာ မည်ကြီးနေတာလဲဟ။ ငါ့မိန်းမက မင့်ဆီ သွားဖြစ်အောင်သွားလို့ တွန်း
ချည်းလွှတ်နေတာ။ ငါ့နှမတစ် ယောက် အသက် ရှစ်ဆယ်၊ အိုဇာ တာ ဆိုးတယ်ကွာ။
အိမ်မှာလာခို နေရရှာတယ်။ သူတို့မှာ ဟိုလူသေ ဒီလူသေနဲ့ဟာ ဘဝအိမ်ထောင်ပြို
ပျက်တာဖြစ်ရတော့ အားကိုးရာ မရှိ တော့တဲ့ဘဝရောက်လို့ ငါ့ဆီရောက် နေတာပေါ့။
ငါတောင်အိုနေတာ သူအိုတဲ့ဒဏ်ပါခံရတော့ မှောက် တာပေါ့ကွာ။ ဒီနှမ အိုစိတ်ကလည်း
ဟိုမသိ ဒီမသိ ဖြစ်ချင်တာဖြစ်ဟ။ ဆွမ်းခံဘုန်းကြီးလှမ်းပြီး ငယ်ပေါင်း
လိုပြောလို ပြော နဲ့ဟာ။ ငါ့မိန်းမပြော တော့ မင့်ဆီမှာ အိုတဲ့လူသောက်
ဖို့လို့ ဆေးကောင်း ရှိဆိုလား''
ကျွန်တော်ရယ်မော၍ ''ဘယ် ကသတင်းစကား မဟားတရား ပြန့် ကားနေ ပြန်တုံး၊ အိုတဲ့လူသောက်ဖို့ ဆေးကောင်းရှိရအောင်
ငါကိုယ် တိုင်အိုပြီး ခနော် ခနဲ့ဖြစ်နေတဲ့ ဥစ္စာ''
''ဟ..မင်းအိုတာက ခံသာ သလိုလိုပဲ။ လူလည်းပဲ စိုပြည်လို့၊ မျက်မှန်မ တတ်ဘဲတောင် စာဖတ်၊
လူကလည်း သွက်လက်၊ ဂျာနယ် တွေ စာရေး ကောင်းနေတာလည်း တဖြောင်းဖြောင်း၊ မင်း
သောက်တဲ့ ဆေး ငါတို့ လည်း ကျွေးကွာ''
''ငါသောက်တဲ့ဆေးကတော့ ပိစပ်ပဲဟ။ ယုံကြည်ရင်လည်း သောက်ဖို့ ယူသွား''
''ဟ.. ကျေးဇူးတင်တယ်ကွာ၊ ဒါလိုချင်တာ၊ မင့်ရုပ်မင့်စတိုင်ကြည့် ပြီး
မင်းသောက်တဲ့ဆေးသောက်ရမှ ဖြစ်မှာလို့ကို စိတ်ဖြစ်နေတာ''
''မင်းနဲ့ငါနဲ့ကလည်း ကွာလှ တာ မဟုတ်တာ''
''မင်းသောက်လို့ ကောင်းသလို ငါလည်းသောက်လို့ကောင်းမှာပေါ့။ ခုကြည့်တော့ ငါ့အမြင်တော့ မင်းနဲ့ ငါနဲ့က
ကွာလွန်းနေတယ်ထင်တယ်။ ငါ့တစ်ကိုယ်လုံးကြည့်စမ်းပါဦး၊ အရိုး ငေါက်ငက်ဟာ၊
အိမ်မှာရှိနေကြတာ တို့လင်မယားမှာလည်း အရိုးပဒေ သာတွေချည်းဟ။ ဒီလိုအထဲ ပဒေ
သာ တစ်ဦးက တိုးလာသလိုဖြစ်တာ ငါ့နှမပဲ။ ခုလို အရိုးတွေပဒေသာဖြစ် နေသူ
အားလုံးဟာ မင်းလို အသားစို စိုတွေဖုံးပြီး ရုပ်လုံးပြောင်းပစ်အောင်
မင်းလုပ် ပေးကွာ။ မင့်မျက်နှာကြည့် တော့လည်း အိုတဲ့ကောင်ဖြစ်လျက် ကနေ
မှဲ့တွေ၊ အိုကွက်အိုဖုတွေ တစ် ပြောက်မရှိဘူး။ မင်းဘာဆေးလိမ်း လဲဟ၊
ငါတို့လည်း တစ်အိမ်လုံးလိုက် လိမ်းမယ်ပေါ့''
ကျွန်တော်မှာ သူပြောတာတွေ အူထဲကလည်း ရယ်၊ မျက်နှာက လည်း ရယ်တွေဖြစ်နေရသည်။
သာဂဒိုးပုံပေါက်ဖို့ သာဂဒိုးသောက် တာကို သောက် မှာတဲ့ဗျာ။
သူကပင် ''အိမ်မှာ အိမ်ထဲဖြစ် တာတွေက အိုလက္ခဏာတွေကွာ၊ ခဏခဏ သတိလစ်ချင်၊ အိုနာရော
ဂါတွေက ရှိလိုက်သေး။ မင့်ဆေး ငါ့ နှမ အရင် ကျွေး ချင်တယ်ဟာ။ အသိ
ကောင်းကောင်းပြန်ဝင်လာဖို့ အရေး ကြီးတယ်ကွာ။ ခုကတော့ ခွေးနဲ့ရန်
ဖြစ်ချင်ဖြစ်၊ ပဲပြုတ်သည်ကို 'အရှင်မ ကြီး' ဆို ရှိခိုးလို ခိုးကွာ။ နေဦး
သူ့က 'စိတ်ကယောက်ကယက်' ဖြစ်တာ လား။ အသက်ကြီး လာလို့ သူငယ် ပြန်ချင်သလို
ဖြစ်တာလား''
''မင်းက ငါ့စစ်ဆေးမနေနဲ့လေ။ ရောဂါပျောက်ရင် ပြီးရောမဟုတ် လား။ အိုလို့စိတ်ကယောက်ကယက် ဖြစ်ဖြစ်၊
အိုက်ဇိုင်းမားဝင်လာပြီး အတိတ်မေ့ သွားသွား၊ ကောင်းမွန် ညင်သာဖြစ်လာရင်
မင်းကျေနပ် ပေါ့ဟ''
''အိုက်ဇိုင်းမားက တကယ့်ကို အတိတ်မေ့တာနော်။ အဲဒါပြန်သတိ ရအောင် လုပ်ပေးနိုင်တဲ့ မြန်မာဆေး ဆိုရင်တော့ ဟား..လက်မထောင်
ရော့ပဲ''
''အေး..ကမ္ဘာကျော်၊ ကမ္ဘာ့ အထိတ်တလန့် ရောဂါဟ''
''သာဂဒိုးရာ-မင်းအဆင်ပြေရင် ငါတို့အိမ်တစ်ခေါက်လောက် လာခဲ့ ပါလား ကွာ။
ဘုန်းကြီးတစ်မျိုး၊ ဈေး သည်တစ်မျိုးလုပ်နေတဲ့ ငါ့နှမရောဂါ သည်
ကြည့်ကြည့်ပေးစမ်းပါ။ သူ့ အဖြစ်က စိတ်ထိခိုက်ဖောက်ပြန်တာ လား၊
ရိုးရိုးသတိမေ့ရောဂါလိုဖြစ် တာလား ဒါမှမဟုတ် အိုက်ဇိုင်းမား ဆိုတာ ဖြစ်တာ
လား၊ ကူညီစမ်းပါ ကွာ။ နေဦး မင့် တစ်ခုမေးရဦးမယ်။ မင်းရဲ့ အတွေ့အကြုံ
အရပေါ့ကွာ၊ မင်းလုပ်တဲ့ ပိစပ်ဟာ အိုက်ဇိုင်းမား ရောဂါ ပျောက်သလား၊
စမ်းပြီးပြီ လား၊ အတွေ့အကြုံရှိလား''
ဤမေးခွန်းများကို ကျွန်တော် ဘာမျှပြန်မပြောနိုင်ဘဲ ကျွန်တော့် စိတ်ဝေကာ ငေးသွားစေခဲ့ပါသည်။ မကြာခင်က
အဖြစ်အပျက်တစ်ခု အတွက် ကျွန်တော် အတွေးခက် ကာ ကြောင်သွားမိ ရခြင်းပဲ
ဖြစ်ပါသည်။
''သူငယ်ချင်းကို ဘာလို့တော့ မပြော နိုင်ဘူး။ မကြာ ခင်က ပိစပ် ထူး ဆန်းမှု တစ်ခုကို တော့ ငါတို့ တွေ့ကြုံခဲ့တယ်ကွာ။ အဖြစ်ကို
ငါပြောမယ်။ ဒေးဒရဲက မိသားစုပေါ့လေ။ သားသမီးများက ရန်ကုန်မှာ နေတယ်။
ရန်ကုန်မှာ နေတဲ့ သမီးဖြစ်သူနဲ့ ဒေးဒရဲက အဖေကိစ္စပါ။ အဖေက အသက် ၉၂ နှစ်
ရှိပြီ''
''ဟ..ဟ..အသက်မနည်း ပါလား၊ တကယ်ကို ရှားပါး''
''ဒေးဒရဲက အဖေကြီးဖြစ်သူ နာမည်က ဦးပေါ်ငါးတဲ့။ ရန်ကုန်က သမီး
ဖြစ်သူနာမည်ကတော့ မခင် ဆွေတင့်ဆိုတယ်။ အဖေဖြစ်သူက သတိမေ့ မေ့နေတယ်။
သတိမေ့တာ က များများလာနေတယ်။ အသက် ကြီးလာရင် မေ့တတ်တာမို့ အဆန်း ကြီးလို့
မပြောနိုင်ဘူး။ ဒါပေမဲ့ သမီး အရင်းကြီးကို နောက်မေ့မေ့လာတာ ကို
အထိတ်တလန့်ဖြစ်တယ်ပေါ့။ မခင်ဆွေတင့်ကို ရှေ့မှာထားပြီး လုံး လုံးမသိတဲ့အထိ
ဖြစ်သွားတာကို အံ့သြထိတ်လန့်ဖြစ် ကုန်ရတယ်။ နောက် သမီးက ရန်ကုန်ပြန်လာ တယ်။
ခင်ပွန်းရှိရာပေါ့လေ။ ခင်ပွန်း အမည်က ဦးထွန်းဝင်းတဲ့၊ ရွှေတောင် တန်းမှာ
နေကြတယ်။ တစ်နေ့မှာ သတင်းတစ်ခုကြားပြီး ထိတ်လန့်ကြ တယ်။ မခင်ဆွေတင့်ဟာ
အဖေသုံးဖို့ ပိစပ်ချောပေးခဲ့တယ်လေ။ ဒီ ပိစပ် စားမိပြီးမှ မခင်ဆွေတင့်ကို
အဖေ သတိတရဖြစ်သွားပြီး မေးတော့ တယ်၊ အဲဒီမှာ အံ့သြကုန်တာ''
''ဟ...ဟ...ဒါလည်း အကြောင်းဆန်းတစ်ခုပါလား။ စိတ် ဝင်စားစရာ ပါလား။ ဒါကို
သူငယ် ချင်းက ဘယ်လိုသိလဲ၊ ဘယ်စကား ဝိုင်းကနေ ကြား တာလဲဟာ''
''တစ်ဆင့်စကားဆိုရင်တော့ တစ်မျိုးပေါ့ဟာ။ ဟိုက ဒီကကြား တာမျိုး မဟုတ်ဘူး။
မခင်ဆွေတင့်တို့၊ ဦးထွန်းဝင်းတို့ဆီကကို ကိုယ်ကြား တာပါ။ ကိုယ်က
တိုက်ရိုက်မေးတာ လေ။ တစ်ဆင့်စကား လုံးလုံးမဟုတ် ဘူး''
''ဒါမျိုးက ဆက်လေ့လာရမှာ အသေအချာပဲ။ နင်ပေါ့မနေနဲ့ဟ။ ဖြစ်နိုင်ရင် သတင်းအဆက်ကို ရနိုင်
ဖို့ကြိုးစားလေ။ မေ့မေ့လျော့လျော့ ကြီးဖြစ်နေတဲ့ သက်ကြီးရွယ်အိုကို
ပုံမှန်ပြန်ဖြစ်အောင် လုပ်နိုင်တယ်ဆို တဲ့စွမ်းရည်ဟာ နည်းတဲ့စွမ်းရည်
လားဟာ။ ဒါ.. ဒါ..သက်ကြီး ရွယ်အိုတွေရဲ့ သားသမီးတိုင်းလိုလို က လိုချင်နေတဲ့
ဆေးအမျိုးတစ်မျိုး ပဲ။ ဒီရောဂါဖြစ်တဲ့သူတွေရဲ့ သား သမီးတိုင်းဟာ အင်မတန်
စိတ်နှလုံး ကြေကွဲလှုပ်ရှားတွေ ဖြစ်ကြရတယ်။ အခု ငါ့နှမစိတ်ကိစ္စဆို
တစ်နေ့တစ် နေ့ အေးရတယ် မရှိဘူးလေ။ စိတ္တဇ ဘက် ရောက်နေရှာလား။ အသက် ကြီး
လာလို့ ဖြစ်လာတဲ့ အခြေအနေ လား။ စိတ်ကျန်းမာရေးဆရာဝန်ဆီ သွားရ လည်း
လုပ်ရတယ်။ အသက် ကြောင့် ပြောင်းလဲတာလည်း ပါနိုင် တော့ သိရ ကြည့်ရခက်ကိုး။
အခု တော့ မင့်ဆေးကျွေးကြည့်ချင်တာ၊ စမ်းချင်တာ ဖြစ် သွားပြီ''
''ယူပါသူငယ်ချင်းရာ၊ လိုသ လောက်ကိုယူကွာ။ ပြီးတော့ တွေ့ တာဖြစ်တာ
သိသမျှလည်း ကိုယ့် ပြန်ပြော''
''အေး...အသက်ကြီးလာ ခြင်းသဘာဝကိစ္စလား၊ရောဂါကြောင့် ဖောက်ပြန်ခြင်းလားတွေပေါ်အောင်
ကိုယ်တို့ဂရုစိုက်ပါ့မယ်။ အချိန်အခါ အသက်အရ ကလည်း ဒီလိုမျိုးတွေ ဖြစ်ဖို့ရာ
တိုက်ဆိုင်တာကိုး။ သဘာဝ ကိစ္စကတော့ ကျော်လွှားဖို့မလွယ် ဘူးပေါ့။
ရောဂါကြောင့်ဆိုရင်တော့ ကိုယ်စွမ်းရှိသမျှ ကတော့ ဝိုင်းကြိုး
စားပေးရမှာပေါ့လေကွာ။ မင့်ဆေး စွမ်းလည်း ပေါ်မှာ ပါကွာ''
ကျွန်တော်တို့ နှစ်ယောက်သား သက်ပြင်းပူတွေ ပြိုင်တူမှုတ်မိရပြန် လေသည်။
သာဂဒိုး

စာရေးဆရာကြီး တစ်ဖြစ်လဲ သတင်းစာဆရာ တစ်ဦး ဖြစ်တဲ့ ဆရာသာဂဒိုး (၈၅) နှစ် ဟာ ဧပြီလ ၂၄ ရက် နံနက် ၆ နာရီအချိန်တွင် ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံကြီးမှာ ကွယ်လွန် အနိစ္စ ရောက်သွားခဲ့တယ်လို့ သိရှိရပါတယ်။
ဆရာကြီးဟာ ဧပြီလ (၇) ရက်နေ့တုန်းက နေပြည်တော်မြို့ ကို နေ့ချင်းပြန်ခရီးနှင်ခဲ့ပြီး ခရီးပန်း အပူဒဏ် ခံရတာကနေ လူကြီးတစ်ယောက်ရဲ့ ဇရာနဲ့ ဆုံးရှာတယ်လို့ သိရပါတယ်။
ဆရကြီး သာဂဒိုး ကို ၁၉၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် အဖ ဦးဆိုင်၊အမိ ဒေါ်မေညွှန့်တို့က ဧရာဝတီတိုင်း ၊ပုသိမ် မြို့နယ် ဒါးကမြို့အနီးရှိ ဖျာတန်းကျေးရွာမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
၁၉၄၄ ခုနှစ်ကနေစပြီး ရန်ကုန်သတင်းစာ၊ အိုးဝေ သတင်းစာတို့မှာ ကာတွန်းများရေးဆွဲပြီး ကာတွန်းဆရာအဖြစ် စာနယ်ဇင်းလောက ထဲကို ၀င်ရောက်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်သူရိယသတင်းစာ စတင်ထွက်ရှိချိန်မှာတော့ မတော်လှန်ရဲသူတို့၏ တော်လှန်ရဲသူ ဆိုတဲ့ ကိုယ်တွေ့ဆောင်းပါး များ ရေးသားမှု စတင်ခဲ့ပြီး တပ်နီလမ်းစ စာအုပ် ပထမဆုံးထွက်ရှိခဲ့ပါတယ်။
၁၉၄၆ မှာတော့ ရှုမ၀မဂ္ဂဇင်း၊ မြ၀တီမဂ္ဂဇင်း စတဲ့ မဂ္ဂဇင်းတွေမှာ ၀တ္တုတို ၀တ္တုရှည်များကို ရေးသားခဲ့ပြီး ၁၉၅၂ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်မှာ သတင်းစာ ဒီပလိုမာ သင်တန်းတက်ရောက်ခဲ့ပြီး သြစတြေးလျ၊ နယူဇီလန် စတဲ့ နိုင်ငံတွေမှာ သတင်းစာ ပညာကို လေ့လာခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မှာ ယနေ့မြန်မာနိုင်ငံတွင် လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ နေ့စဉ်ထုတ် ကြေးမုံ သတင်းစာ အယ်ဒီတာချုပ် ဘ၀နှင့် အငြိမ်းစားယူသည် အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂၀၀၄ ခုနှစ်တွင် စာများကို ပြန်လည် ရေးသားခွင့် ရခဲ့ရာမှ စူလာနဖာနှင့် ဆေးနည်းဆေးပင်များ စာအုပ်ထွက်ရှိခဲ့ပြီး အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။
ဆရာကြီးရဲ့ ရုပ်အလောင်းကို ဧပြီလ ၂၆ ရက်နေ့ တနင်္လာနေ့ နံနက် ၈ နာရီ ခွဲအချိန်တွင် ရေဝေးသုဿာန်တွင် မီးသဂြိုလ် ပြီးစီးကြောင်း ...........
အစီရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျာ။
သာဂဒိုးအိမ်သို့ 'လေ့လာချင် လို့' ဆိုပြီး စင်ကာပူမှ တိုင်းရင်းဆေး ပညာရှင်ကြီးတစ်ဦးလာပါသည်။ လေ့လာချင်လို့တဲ့။ ကျွန်တော်အံ့သြ သွားရပြန်ပါ သည်။ ကျွန်တော်နှင့် ပိစပ်ကို နိုင်ငံခြားက လေ့လာမေး မြန်းသူ
အတော်ကြုံနေကြရာတွင် ဒီတစ် ခါတော့ အတော်ထူးသည် ပြောရ မည်လား။ တစ်နေကုန်
ဤပုဂ္ဂိုလ် ကထိုင်ကြည့်နေပြီး သာဂဒိုး ကိုကြည့်ကာ ငွေတစ်သိန်းကျော်ဆု
ချသွားခဲ့လေပါသည်။ (ဆုတွေ ကြည့် လိုက်တော့ ငွေတစ်သိန်းနှစ် သောင်း)
အမှန်က သူကျွန်တော့်ကိုမေး ဖို့ လာတာဖြစ်သည်။ ပိစပ်ဆိုတာ ဘယ်လိုလဲ၊
လူတွေဘယ်လိုရောဂါ ပျောက်နေလဲ၊ ဘယ်လောက်အထိ ရောဂါပျောက်သလဲ၊ ကုသတယ်ဆို တာက
ဘယ်လိုလဲ၊ ဒါတွေသူသိချင် တာများဖြစ်နေလို့ တမင်လာခြင်း ဖြစ်သည်။
စင်ကာပူတွင် တိုင်းရင်း ဆေးအကြီးအကျယ်လုပ်သူကြီးလို့ သိထားရသည်။
ကျွန်တော်က ပိစပ်ဆိုတာ မြန်မာပြည်အနှံ့ အလေ့ပေါက်အပင် တစ်မျိုးဖြစ်ပြီး
တစ်နိုင်ငံလုံးတွင် ကြိုကြိုကြားကြား နေရာလိုကအစ
အပင်တွေပျံ့နှံ့တည်ရှိနေပုံကို ပြော ပြသည်။ ပြီး အပင်၏ထူးခြားချက် မှာ
ဤအပင်တစ်မျိုးတည်းကပင် ရောဂါပေါင်းစုံတွေ အစုံပျောက်ပုံကို ပြောပြသည်။
ဟင်..သူဘယ်လို ယုံမည်နည်း။
မယုံရင်လည်း မတတ်နိုင်၊ ဒီ အတိုင်းပြောသည်။ သူ ကျွန်တော့် ကိုစူးလို့ကြည့်နေသည်။
ရောဂါပျောက်ပုံများကိုရော သူ့မျက်လုံးကြီးပြူးလို့ကြည့်နေသည်။ ဘယ်လိုလုပ်
ယုံမည်နည်း။ ကင်ဆာ မျိုးစုံစပြောကတည်းက ခေါင်းကုတ် ပြီ။ သေမိန့်ကျ၊
(ဘယ်တော့သေ မယ်သတ်မှတ်) ကင်ဆာကိုအသက် ပြန်လုနိုင်ခဲ့တာတွေပြောတော့ သူမယုံတာ
မျက်နှာ၌ထင်းခနဲကြီး ပေါ်နေသည်။ ဘာတတ်နိုင်မည် နည်း။ ကိုယ်က အမှန်တွေပြောနေ
တာပဲ။
ဦးနှောက်ကျူးမား အကျိတ် များ အစုံအကုန်ပျောက်ပုံ လုံးဝမခွဲ ဘဲ ပိစပ်စားတာနှင့်ပျောက်ပုံ၊ နှလုံး အဆို့ပျက်ရောဂါ လုံးလုံးမခွဲဘဲ
ပျောက်ပုံ၊ တစ်ကမ္ဘာလုံးမှာ ခွဲကုနေ ရသည့် ဂရင်ဂျီနာကို ပိစပ်ဝါးစားရုံ
ဖြင့် ကျွတ်ထွက်ပုံကိုပြောလိုက်တော့ သူခေါင်းခါနေပါတော့သည်။
ဘီပိုး၊ စီပိုးရောဂါကို ပိစပ်နဲ့ကု တာ၊ ငါးလနှင့်နဂ္ဂတစ်ပျောက်ရပုံ၊
အေအိုင်ဒီအက်စ်ရောဂါလက္ခဏာ ရောဂါတွေ သုံးပတ်(သုံးပတ်)နှင့် ပျောက်ပြီး
ရှစ်လ၊ တစ်နှစ်မှာရောဂါ စင် နဂ္ဂတစ်ရပုံ၊ ပါကင်ဆန်ရောဂါ လက်လှုပ်ခြင်း၊
ပိစပ်သောက်၍ ခြောက်လမှာ လုံးလုံးပျောက်ခြင်း များပြောရာ သူ့ကြည့်ရတာ နား
ကြားပြင်းကတ်လာသလား မျက်နှာ မှာ ပေါ်လေတော့သည်။
ဒီလို ဒီလိုတွေ ကျွန်တော်ပြော လို့အရှိန်ရနေတုန်းမှာ အချိန်က ထမင်းစားချိန်ကျော်လာတော့
ပိစပ် ကိစ္စလာသူတို့ရှိရှိလာရာ သူနှင့် စကားပြောရတာ နည်းနည်းတန့် သည်။
''ဆရာ၊ ကျေးဇူးတင်လိုက်တာ၊ ကျွန်မလျှာကင်ဆာ လုံးလုံးပျောက် သွားပြီ။ အခုက
အဖေအတွက် ဆေးယူဖို့''
အမျိုးသမီးတစ်ယောက်လာ ပြောလာသည်ကို သူ့စကားပြန်က ပြန်ပြောရာ သူ ဟိုက်ခနဲကို အံ့သြ သွားပုံပေါ်ပါသည်။
ကျွန်တော့်ကို တောင်းပန်ပြီး ထိုအမျိုးသမီးကို မေး ခွန်းမေးခွင့်တောင်းသည်။
သူ့စကား ပြန်ကနေ မေးချေတော့သည်။ လျှာ ကင်ဆာဖြစ်ပုံ၊ ဘယ်နေရာမှာကုခဲ့ပုံ
နှင့် အခုပိစပ်ဖြင့်ရောဂါပျောက်ပုံ များကို မေးနေတော့သည်။ လျှာ ကင်ဆာကုတာ၊
ကုနိုင်တာတွေကို သူခေါင်းထဲသွင်းမရ ဖြစ်ပုံရသည်။
သူ့အသိစိတ်မှာသွင်းမရသော်လည်း သူ့မျက်စိရှေ့မှာက တကယ့်တကယ်
တကယ်ဖြစ်နေသည်လေ။
နောက်တစ်ယောက်ကတော့ သူပိုစိတ်ညစ်ပြီ။ ရောဂါက ပါကင် ဆန်ရောဂါဖြစ်နေသည်။ ကမ္ဘာမှာ အကုခက်နာမည်ကြီးရောဂါ မဟုတ် လား။
အခုသူ့ရှေ့တွင်ရောဂါပျောက် သူကို မျက်မြင်တွေ့နေပြီ။ ပိစပ်ဆို တာ
ဆန်းပြားမှုကို အံ့သြတကြီးဖြစ် နေရပြီ။ ဘယ်လိုအထိ အစွမ်းထက် သလဲ။
သူ့ရှေ့တွင် မျက်မြင်နားကြား ဖြစ်ကာ ခေါင်းကလက်မခံချင် နေ ဦး၊
မျက်လုံးကတော့ မျက်မြင်ကြီးမို့ လက်ခံနေရပြီ။
နောက် လူငယ်တစ်ဦးလာ သည်။ ဆေးထုပ်များ ရပါရစေလို့ဆို သည်။ ဘယ်မှာသောက်မှာလဲ၊ ဘာ ရောဂါလဲ
သူဝင်မေးသည်။ လူငယ် ကဖြေတော့ သူမထင်တော့ ဟိုက်ခ နဲဖြစ်သွားသည်။ သူငယ်ဖြေတာက
ဤပိစပ်ကို အမေရိကန်ကမှာလို့ ပို့မှာတဲ့။ ကင်ဆာရောဂါအတွက် သောက်ဖို့ပါတဲ့။
မြန်မာများ ကမ္ဘာ သို့ပို့ရန်လုပ်ပုံကို ပြောပြသည်။ အင်
မတန်ဆေးထူးတွေပေါသည့် အမေ ရိကန်က ပိစပ်ဆိုတာကို မှာသည် ဆိုသည်ကို
သူအံ့သြပြန်တာ ဖြစ် တော့သည်။
ဒီနောက် ရောဂါရှင်တို့ လာ တာပြောတာ၊ သာဂဒိုးလုပ်တာကိုင် တာများကို သူစူးကြည့်နေလေပါ တော့သည်။ သာဂဒိုးလုပ်တာက
လာသူကို ရောဂါမေးသည်။ ပြီး တော့ ကုရန်နည်းလမ်းပြောသည်။
ပိစပ်ထောင်းသောက်ခြင်း၊ ပိစပ်ကျို သောက်ခြင်းကိစ္စများပြောသည်။ ရောဂါဖြစ်သူက
သူ့မှာအခြေအနေ အရ ပိစပ်ကိုမရှာနိုင်၊ တောင်း၍ အဆင်မပြေနိုင်၊
အသင့်လုပ်ပြီး ပိစပ် ချောကို လိုချင်သည်ဆိုရင် ပိစပ် ချောပေးသည်။
နေရာဒေသကို မေးသည်။ ပိစပ် ရှိမရှိမေးသည်။ ပြီး နည်းလမ်း များပေးသည်။
ဤလိုကုနည်းဖြင့် ဘယ်လိုပျောက်နိုင်တာပြောသည်။ သာဂဒိုးပြောတာဆိုတာနှင့်
ဆက်ဆံ တာများ သူစူးကြည့်နေပြီး ကမ္ဘာ့ ဆန်းပြားတဲ့နေရာတစ်ခုပါလားလို့
သူပြောပါတော့သည်။
ဒိုး ''ဘာများ ကျွန်တော် ဘာ တွေဆန်းပြားလှတာလဲ။ ဆရာကြီး ခင်ဗျ''
ဆရာကြီး ''ခင်ဗျား လူမမာ သည်တွေ၊ ရောဂါသည်တွေဆီက ပိုက်ဆံမတောင်းပါလားဗျ''
''ဟာ..ကျွန်တော်က ဆေး ကုနေတာ မဟုတ်ဘူး။ ဆေးကူညီ နေတာပဲ။ ဘာလို့ ကျွန်တော်က သူ တို့လူနာများဆီက ကြည့်ခ၊ မေးခ၊
လမ်းညွှန်ခရယ်လို့ ယူနေရမှာလဲ။ ဟဲ..ဟဲ..ကျွန်တော်က ကိုယ့်
ထမင်းကိုယ်စားစရာလည်း ရှိနေပါ တယ်လေ။ ဒါ..ဒါ..အင်း.. မတော်တဆ
သူများလည်ပင်းညှစ် ရာလည်း မကျချင်ပါဘူးလေ။ ရောဂါဖြစ်တာတွေ လမ်းညွှန်တယ်။
ပိစပ်သောက်နည်းများသင်တယ်။ ပိစပ်သောက်ဖို့ အဆင်မပြေဘူး။ အချိန်မရှိဘူး။
ဘာဘာညာညာ သမားတော့ ပိစပ်ချောသောက်ပေါ့ လေ။ ကျွန်တော်လုပ်ပေးတော့ လုပ်
ခတောင်မယူပါဘူး။ မီးသွေးဖိုးပဲယူ တယ်။ မီးသွေးဖိုးက ပိစပ်အဆီထုတ်
ရတာဆိုတော့ ရှားပါးတဲ့မြိတ်မီးသွေး ကို တစ်ခါဝယ် သုံးသိန်း၊ လေးသိန်း
ကုန်တယ်လေ။ ဒါ..ဒါ..စေတ နာထားလို့ ကိုယ်ခန္ဓာညှာတာပြီး ဒီလိုယူရတာ။ အမယ်မယ်
ဒုက္ခိတ အများလည်း လှူရတာ ခမ်းနား တယ်နော်''
ဟုတ်ကဲ့..ဒုက္ခိတ ဖြစ်ရသူ များလည်း များနေသားကိုးလေ။
စင်ကာပူဆရာကြီး တစ်ချက် တွေပြီး ''ခင်ဗျား ဆေးခမယူ၊ ဆေး နည်းပေး၊ ကုနည်းသင်ပြနဲ့ဟာ ခင် ဗျား အလုပ်ဟာ
မဟာအလုပ်ပဲ။ ကျွန်တော်စိတ်စေတနာတွေ လှုပ် ရှားလာတယ်ဗျ။ ခင်ဗျားကို ဂုဏ်ပြု
လှူချင်လာတယ်ဗျာ''
ဤဆရာကြီးက ဒီလိုပြောခဲ့ပြီး သူ့အိတ်ဆွဲဖွင့်ကာ ကျွန်တော့်ကို ထူးခြားစွာ ငွေတစ်သိန်းကျော်ပေး အပ်ပါတော့သည်။ ကျွန်တော်
လည်း မကြုံစဖူး၊ စိတ်လည်းမကူး တာမို့ သူငွေပေးတာနှင့်ပင် ခွကျ ကုန်ပါသည်။
''မရှောင်နဲ့၊ မရှောင်ပါနဲ့။ ခင် ဗျား လူထူးလူဆန်း၊ စိတ်ဆန်း ကျွန်
တော်ခေါင်းထဲ စွဲသွားတယ်။ ကျွန် တော် ကမ္ဘာနှံ့ခဲ့သူပါ။ ခုလို ရှားပါး
နေပါတယ်။ ခင်ဗျား စေတနာ၊ ခင် ဗျားကုသိုလ်ကို ကျွန်တော်စေတနာ
ကုသိုလ်လုပ်တာပါဗျာ။ ဆေးနည်း ပေးတဲ့ ဆေးဆရာက ကမ္ဘာမှာဘယ် ရှိမလဲ၊ မရှိဘူး၊
မရှိဘူး။ ဆေးနည်း သင်ပြီး ဆေးကုတာရော ကမ္ဘာမှာ ဘယ်မှာရှိမလဲ၊ မရှိဘူး၊
မရှိဘူး၊ လုံး လုံးမရှိဘူး''
ကျွန်တော် နေခက်ခက်ကြီး ဖြစ်သည်။ ကျွန်တော်လုပ်နေတာ မြန်မာစိတ်ဖြင့် လုပ်နေတာဖြစ် သည်။ မြန်မာလိုပဲတွေး၍
မြန်မာလို ခံစားသည်။ မြန်မာလိုဆောင်ရွက် သည်။ ရှေးဆရာကြီးများဆို လွယ်
အိတ်တစ်လုံးနှင့် လျှောက်သွားပြီး အပင်၊ အပွင့်များထိုးထိုး ထိုးပြ
ကာဆေးကုကြသည်လေ။ ရောဂါ ပျောက်သည့်နောက် လက်ဖက် ကျွေးလည်း ပြီးတာပဲ။
ရောဂါကြီး လို့ လုံချည်ကန်တော့တော့လည်း ပြီးတာပဲ။ မြန်မာစိတ်လေ။ အခု
ကျွန်တော်လည်း မြန်မာစိတ်ပဲလေ။ အင်္ဂလိပ်စိတ်ပေါက်သည့် ဆရာများ နှင့်
တွဲကြည့်လို့ကတော့ စေတနာ အရှိကို ဘယ်လာသိမှာလဲ။
''ဟုတ်တယ်.. ဆေးနည်းပေး ပြီး ဆေးကုပေးတာ အခုကမ္ဘာကြီး မှာ မရှိပါဘူးလေ။ ဆေးနည်းကို
ကြပ်ကြပ်ကျစ်ကျစ် ညှစ်ဝှက်ပြီး လုပ်စားပစ်တာချည်းပဲ''
ကျွန်တော်မျက်နှာတွေ ထူ ကုန်ပါပြီ။ အနေခက်ကုန်ပြီ။
ကိုယ့်ကို ဂုဏ်တင်တာ ဝမ်း သာပါသည်။ စိတ်ထဲမှာ ကိုယ်ထဲမှာ ဂုဏ်ယူပါသည်။ မြန်မာပြည်မှာ
စင် ကာပူကလာပြီး အမြင်ကောင်းတာ သိပ်ကိုဝမ်းသာပါသည်။ စင်ကာပူ တွင်
တရုတ်တိုင်းရင်းဆေးကို အကြီး အကျယ်လုပ်နေသော ပညာရှင်ကြီး တစ်ဦးဆိုတာလည်း
သူနှင့်ပါသူက ထပ်ပြောသည်။ ဤလိုပညာရှင် အမြင်လှသွားခြင်းကို သိပ်ကိုဝမ်း
သာရပါသည်။
သာဂဒိုး

0 comments:

Post a Comment