Pages

Thursday, April 22, 2010

သား ကို ချစ်တဲ့  အမေ့ ဆန္ဒ

အမေ့လုပ်ငန်းတွေ သားကို

အမေကခဏ လွဲထားတာလေ သားကိုယ်ပိုင် သားကိုယ်တိုင် ဦးစီးပြီးလုပ်မယ် အားကိုးရမယ်ထင်ခဲ့လိုပေါ့နော် ခုတော့အရာရာ ငါအပြစ်တွေလား မင်း အမေတယောက်ရဲ့ ယုံကြည်မှု့ကို
အလွှဲသုန်းစားလုပ်တယ် သားက အမေအားကိုးလောက်တဲ့ သားဖြစ်မလာခဲ့ ဘူးပေါ့နော်

အလုပ်လုပ်ရတာ အဆင်မပြေလို့ ဆက်မလုပ်ချင်ဘူးဟုတ်လားသား ဘယ်အလုပ်မဆို အခက်အခဲရှိတတ်ကြ တာကြည့် ပဲလေနော် အလုပ်တခုလုပ်ပါတယ်ဆိုနေမှ သားရယ်

စိတ်ပင်ပမ်းရင်လူသက်သာတယ်

လူပင်ပမ်းရင်စိတ်သက်သာတယ်

လူရာစိတ်ရောသက်သာတဲ့ အလုပ် အမေတော့ မကြားမိပါဘူးသားရယ်နော်
အမေ့ တုန်းကဘယ်သူမှ အဆင်ပြေအောင်နေပါလို့  မပြောကြဘူး ကိုယ်ကိုတိုင် စိတ်ဆင်းရဲစွာနဲ့ဖြတ် သန်းခဲ့ရတာ ဘယ်သူကိုမှ ငါအဆင်မပြေဘူးလို့ မပြောခဲ့ဘူးသား
ကိုယ်တိုင် စိတ် ဆင်းရဲစွာနဲ့  ဘ၀ ကိုဖြတ်သန်းလာတာလေ အခု အမေသေချင်နေပါတယ်

ဆေးတေါ့ ထသောက်နေရတယ် အိမ်တွေဖျက်မြို့ သစ်ပြောင်းတော့လည်း ဒီလိုမျိုးဖြစ်ခဲ့ဘူးတယ်လေခုလည်း
အလုပ်ရုံတွေဟိုရွှေ့ ဒီပြောင်းနဲ့ လုပ်ငန်းတွေရပ်တန့် သွားတော့ငါမှာ စိတ်ကျ ရောဂါ ခံစားနေရတယ် စိတ်တွေ
တော်တော် နောက်နေတယ် မကူညီချင်လဲနေ  ဘယ်သူမှ မလိုဘူး ငါဘ၀ ငါတစ်ယောက်တည်း အဆင်ပြေသလို လျှောက်လှမ်း လာတာကြာလှပြီ

သူများတွေကို ငါ စိတ်ဆင်းရဲအောင် မလုပ်ဘူး အနီးကပ်က လူတွေကပဲငါ့စိတ်
ကိုဝိုင်းသတ် နေကျတာလေနော် မကူညီချင်နေပါ မနှောက်ယှက်ပါနဲ့ မဖြစ်ဘူးဆိုတာ ငါ့ဘ၀မှာမရှိဘူးမလုပ်နိုင်ဘူး ဆိုတာလည်း ငါ့ဘ၀မှာရှိဘူး မလုပ်ချင်တာပဲရှိတယ်နော်

ငါတစ်ယောက်ထဲ လုပ်ခဲ့တဲ့ အလုပ်ပါနော် မင်းမလုပ်နိုင်ရင် အမေလုပ်နိုင်တယ်သား မိန်းမလေး ဆိုပေမယ့် ငါ့ခွန်ငါ့အားနဲ့  ငါ့အသိတရားနဲ့ သမ္မာအာဇီဝနဲ့ လုပ်ကိုင် ကျွေးမွေး
စောင့်ရှောက်ခဲ့ တာလေနော် ငါမင်းတို့  မောင်နှမတွေ ကို လူတန်းစေ့
နေထိုင်နိုင်အောင် ထားနိုင်ခဲ့တယ်လေနော်

သားတို့ သူငယ်ချင်းတွေဆော့နေရင် ဘေးနားမှာ ကစားရင်းထိုင်ကြည့်နေကြတဲ့
သူငယ်ချင်းတွေ ၀င် ပါ မှာ ဆိုးလို့ ရေထားတဲ့ စာလိုပေါ့နော်
ဘေး ခွေး(===)ပါနဲ့ ဆိုသလိုဖြစ်နေပြီ အမေလဲ တော်တော်စိတ် ဆင်းရဲနေပါတယ်
ငိုရတာများလို့  မျက်ရည်တောင် ကုန်နေပြီနော် ရင်ဘတ်ကြီး စုတ်ပြတ်သတ် နေပြီနော်
အမှားတွေ ရေးနေမိလား စဉ်းစားပီးရင် ထဲကို ၀င်ကြည့်ပေးပါ။

တနေ့ တနေ့  ဘုရား တရား မလုပ်ဘူး ထင်နေတာ လူတွေအိပ်ချိန်မှ ငါဘုရားတရား လုပ်တာလို့  မပြောချင်ဘူး လူတွေနိုးနေ၇င် သူတို့အပူတွေက ငါပါကူးတယ်လေ
နတ်တွေဆို ပိုပူမှာပေါ့ ငါတောင်ပူတာ ညမှ အေးချမ်းတယ်နော်

အိပ်နေတဲ့ အချိန်က  ခဏလေး လူတွေ အကုန်လုံးနီးပါး သေကုန်လို့ လေ ငါ့ကို မသေမချင်း ငွေထုပ်လုပ်တဲ့  စက်အမှတ်နဲ့ ခိုင်းစားဖို့ များ ငါ့အမေက မင်းတို့အတွက် မွေးလိုက်တယ်များ မင်းတို့ ထင်နေလား

အမေလဲ တော်တော် စိတ်ဆင်း ရဲနေပါတယ် ငို၇တာများလို့ မျက်ရည်တောင် ကုန်နေပြီ
ရင်ဘတ်ကြီး စုတ်ပြတ်သတ်နေပြီ စဉ်းစားပြီးရင် ဘတ် ထဲကိုဝင်ကြည့်ပေးပါနော်
မိန်းမတစ်ယောက်ဖြစ်ပေမယ့်   မင်းတို့ ကို မကြောင့်မကျ မတောင့်မတ  ထားနိုင်တယ် မင်းကယောင်္ကျားလေး တစ်ယောက်ဖြစ်ပြီး
ငါ အားကိုးဖို့  မင်းကို    အလုပ်တွေ   လွဲထားတော့လည်း

မင်းကသုံးဖြုန်းပြစ်တယ် ငါဘယ်လို မှ မ ယုံကြည်နိုင်တော့ဘူး နောက်တကြိမ်ဆို
အမေ အသုံးမကျ တဲ့အမေတယောက် ဖြစ်သွားနိုင်တယ် ငါ   သားသမီးယုံလို့ စုံလုံးကမ်းတော့ အဖြစ်မခံနိုင်ဘူးလေနော် ဒါကြောင့်   မင်းဘာသာ မင်းလူလောက ဘယ်လောက် ပင်ပမ်းတယ်ဆိုတာ မင်းတစ်ဝမ်း မင်းတစ်ခါး အတွက် ရုန်းကြည့်လိုက်ပါအုန်းနော်။
 
သား မင်းကိုတော့ အမေယုံကြည်ချင်ပါတယ်  စည်းစိမ်လည်းကုန် မင်း လည်းပျက်စီး ဖြစ်နေမှာ မို့ လို့ ပါနော် ကိုယ်ခွန်ကိုယ့်အားနဲ့  ဘ၀တစ်ခု တည်ဆောက်ကြည့်ပါသား မင်းကတော့   အမေ့ကိုချစ်တဲ့  သားတစ်ယောက်   မဖြစ်လာခဲ့ဘူးပေါ့နော်


အမေ့ပြောတဲ့  စကားတွေက  သားနားခါးချင်ခါးနေမယ် အထိရောက်ဆုံး သားနာတတ်အောင် အမေပြောခဲ့တာ နော်
သားဘ၀ လှပဖို့ ကို အမေ မင်း ကို

လူ့ လောက ထဲ ၀င်ကြည့်ခိုင်းလိုက်တာပါ သားဘယ်ထဲမှာ သားလေးပါလည်း စဉ်းစားပါနော်
သား ဆိုတာမိဘအတွက်တော့ ကြီးလာရင် အားတဲ့ 

သား ဆိုတာမိဘအတွက်တော့ ကြီးလာရင် ကျားတဲ့

သား ဆိုတာ မိန်းမရ တော့မင်း အဖေက အစ သူ့ မိသားစု ဘ၀တစ်ခု အတွက် မနေမနား ရှာဖွေရုန်းကန် ရတော့ တာသား သားကိုအမေ လုပ်ငန်းတွေ လွဲတယ်ဆိုတာ သားမိန်းမယူ  သားချစ်တဲ့မိသားစုနဲ့ နောင်တချိန် ဘ၀တစ်ခုထူထောင် တဲ့အချိန်အခါကြရင် လောကအလယ်မှာ  သားချစ်သူနဲ့  သားမိသားစု   သားတင့်တင့်တယ်တယ် နေနိုင်ထားနိုင်အောင် မိဘတစ်ယာက်ရဲ့ စေတနာ ဂရုနာ မေတ္တာ  သားအပေါ်ထားတဲ့ အမေတစ်ယောက်ရဲ့ ချစ်ချင်းပေါ့ သား အိမ်ယာ တည်ထောင်လူတို့ ဘောင်တဲ့ သား
ဘ၀ သားမိသားစုနဲ့ သားရဲ့သားသမီးတွေချစ်ဇနီးနဲ့  ဘ၀တခုတူတူတည်ဆောက်ကျတဲ့ အချိန်ကျ ငါ့သား  အမေ့ရဲ့  ဂရုနာဒေါသ ကို သား နားလည်မယ်နော် ။
နောင်တစ်ချိန်   အိမ်ထောင်ဦးစီးဖြစ်   လာမယ့် သား   အတွက် အမေရဲ့ သားအပေါ်ကြိုတင်   ပူပင် သောက မောဟ အတ္တကြီးနေတဲ့   အောင်မြင်တဲ့ အမေတစ်ယောက်ရဲ့  သားပေါ်ထားတဲ့    လောဘပေါ့သားရယ် သားအပေါ် အထင်ကြီးချင်နေတဲ့   အမေတစ်ယောက်ရဲ့ မျှော်လင့်ချက် အမေအားကိုးပြီးနေချင်တဲ့  တစ်ဦးတည်းသော သားတစ်ယောက်ပေါ်ထားတဲ့  အတ္တ ကြီးလွန်းတဲ့ ဆန္ဒတခုပေါ့နော် သား ခုချိန်ထိတော့   အမေ့ အမှားမဟုတ်သေးဘူးနော်  သားက ခုနေခါတော့ နားမလည်သေးဘူး   ငွေကို လွယ်လွယ်သုံး  လွယ်လွယ်ဖြုန်းနေလို့   အမေ့စေတနာ ဂရုနာ  ဒေါသောကို   နောင်တစ်ချိန်မှာ   သားနားလည်မယ်။

နောင်မှ နောင်တ ပြင်လို့  မရတဲ့သာလေးရေ အချိန် ရရင်တော်သေးတယ်
အချိန်မှီပါစေ  အမေ ဆုတောင်း ပေးမယ်နော် သား
သား တစ်ယောက်လောက အလည် မျက်နှာမငယ်အောင် အမေ့စေတနာပါသား။

သား ကိုချစ်တဲ့ အမေ

2 comments:

  1. မေမေရယ် သားဘယ်လိုမှ အဆင်မပြေလို့ ပါ
    သားကို နွားထင်ပြီး ခိုင်းစားမယ့် မိန်းမလည်းမတွေ့ သေးပါဘူး
    မေမေ မျက်ရည်ကျရင် သား ဘယ်လိုနေရမလည်းဗျာ
    မေမေ တို့ တိုင်းပြည်ကလူတွေ ရဲ့ ဒုခကို သားနားလည်ပါတယ်
    သားကို ခွင့်လွှတ်ပါမေမေ

    ReplyDelete
  2. ကိုတိုးနော် မျက်ရည်စို့ ပါတယ်
    စိတ်ထဲမကောင်းအောင် လာရေးနေတယ်

    မေမေ ဆိုတာ ခွင့်လွတ်ပြီးသား

    သားသမီးဘယ်လောက်ဆိုးဆိုးနော်

    ReplyDelete