Pages

Friday, April 9, 2010

မိန်းမလေးများ သိထားသင့်သော ဓါတ်တိုင်နှင့်တူသော ယောင်္ကျားများအကြောင်း

မိန်းမလေးများ သိထားသင့်သော ဓါတ်တိုင်နှင့်တူသော ယောင်္ကျားများ အကြောင်းပေါ့နော်

ယောက်ျားလေးများက မိန်းမလေးမြင်တိုင်း ကြည့်ချင်ကြသည်
စိတ်ဝင်စားကျတယ် သနားတတ်ကြတယ်
ဂရုစိုက်တတ်တယ် ကြင်နာတတ်တယ်။
အိမ်ကမိန်းမကိုမေ့နေတတ်ပြီး အနီးပတ်ဝန်းကျင်မှ မိန်းမလေးများကိုသာ
သူတို့ စိတ်တွင်သာယာတတ်ကြတယ်။
အိမ်မှ မိန်းမ အပြင် သွားသခိုက်လည်း အိမ်တွင် ကူညီရန် ခေါ်ထားသော
အမျိုးတော်သည်ဖြစ်စေ အလုပ်သမား မိန်းမလေးများကို
အိမ်ကမိန်းမထက်ပင် သနားတတ်ကျတယ်။
မိန်းမလေးမှန်သမျှ သူတို့မျက်စေ့ရှေ့တွင်ဖြတ်သွား၍သူတို့ မျက်စေ့နှင့် စိတ်နှင့် မကြည့်မိသည့် ယောက်ျား မရှိသလောက်ပင်ရှားပါးလှပါတယ်။

ဝေးလျှင်လည်း အဝေးက ကြည့်တတ်တယ်လေနော်နီးလျှင်လည်းအနီးကပ် ကြည့်တတ်တယ်။

ဓါတ်တိုင်လည်း  ထိုနည်းအတိုင်းပင် မည့်သည့်အိမ်က မီးလာသွယ်သွယ် အကုန်သွယ်ယူနိုင်သကဲ့သို့နီးလျှင်ပို၍မီးအားဗိုအားများသည်
ဝေးဝေးနီးနီးမည့်သည့်နေရာမှသွယ်
ယူယူ ရရှိနိုင်ပါတယ်။ကျွန်မအကိုသည် သူမိန်းမနဲ့ ကလေးများရှိပါတယ်။ကောင်မလေး တစ်ယောက်ကို ဆင်းရဲလွန်း၍သနားသည်ဟုဆိုကာထပ်ယူထားပါတယ်
မိန်းမကြီးအားလည်းကွာမပေးပါ ။

နောက်အကိုတစ်ယောက်ကလည်း အိမ်မှာခေါ်ထားသော စာရေးမလေးများနှင့် မွေးစားသမီးဟုဆိုကာ မွေးပီးစားပါတယ်


အဝေးလမ်းမပေါ်တွင် ကားမောင်းနေသော
အကိုသည်ကားတစ်ခါနားသည့် နေရာသည် သူအိမ်ထောင်ကျသော နေရာဖြစ်နေပါတယ် အပြင်က ထမင်းသည် အိမ်ကထမင်းထက် စားကောင်းသည်ဟု  ဆိုပြီးယောင်းမအား ခဏခဏ ဟင်းမချက်တတ်၍ အပြစ်ပြောပါသည် ။

အသက်ကြီးသောလူကြီးဟု ဆိုသောလူကြီးများသည်ကေတိဘီ(K T B) ဆိုင်တွင် သူတိုနှစ်သက်သောကောင်မလေးများအားဘိုကင်ချိတ်ထားပါသည်
အိမ်မှာနေ၍အဖွားကြီးစော်  နံနေသောအဖွားကြီးများရှေ့တွင် သူတို့သည်
သီလ သမာဓိ နှင့်ပြည့်စုံသော လူကြီးများ ဖြစ်နေပါသည။်


မိန်းမလေးများ သိထားသင့်သော ဓါတ်တိုင်နှင့်တူသော
ယောင်္ကျားများ အကြောင်းပေါ့နော် မ.မကို စာဖတ်တဲ့သူအပြစ်ပြောမလား ဓါတ်တိုင်က လျှပ်စစ်ကမီးမှန်မှန်မပေးဘူးတဲ့   မီးမလာတဲ့ရက်ရောတဲ့  မေးကျတယ်
ပြန်ပြောရမှာအားနာပါတယ်။
မီး    မလာတဲ့ရက်သည်
အနားယူသောရက်ဖြစ်သည်လို့
ပြန်ရေးချင်တာလေနော်...း )

29 comments:

  1. အောင်မလေးဗျ......သူငယ်ချင်းကလည်း..လုပ်ပြီ

    ReplyDelete
  2. ဟာ.းဟား

    မိန်းမလေးတွေသိသင့်တယ်ထင်လို့ပါ........း)

    ReplyDelete
  3. ဟုတ်ကဲ့ ...ကိုယ့်အမြင်နဲ့ ကိုယ်ပေါ့လေ....ဟီးးး
    သိလည်းသိသင့်တာပါဘဲဗျ

    ReplyDelete
  4. တကယ်ပဲလား အမရယ်..စိတ်ညစ်စရာကြီး..မေမေ့လိုပဲ အပျိုကြီးပဲ လုပ်တော့မယ်.

    ReplyDelete
  5. အယ်တော့

    ကောင်းတယ်နော်..မေမေ့လိုပဲ အပျိုကြီးပဲ လုပ်တော့မယ်.ဆိုတော့....း)

    ReplyDelete
  6. ဒုခပါဘဲဗျာ ဘယ်သူ့ မှလည်းမကြည့်ဘူးတော့မဟုတ်ပါဘူး သက်မွန်မြင့်တယောက်ပဲ သေချာကြည့်ဘူးပါတယ် တခြားသူတွေ လမ်းမှာတွေ့  မကြည့်လို့ တောင်မှ သွေးကြီးတယ်တို့ အချောက်တိုက် ဘ၀င်မြင့်တယ် တို့ အပြောခံရပါတယ် မိန်းမတွေ က ပေါတဲ့သူသာပေါတာပါ မရှိတဲ့သူကျ ရှာလို့ တောင်မ၇ပါဘူး မိန်းမကတွေကလည်း အဲလို လူမျိုးတွေမှ ကြိုက်ချင်တာလားတော့မသိဘူး ပီယသိဒ္ဒိ ဒါမှ မဟုတ် သူ တခုခု များစွမ်းနေလား မသိဘူး

    ReplyDelete
  7. သူမရှိတာကြော်ငြာဝင်တယ်

    ဟုတ်ဘူးမိန်းမကျမ်းကျေတာလေဟာ..........း)

    ReplyDelete
  8. ကျမ်းကျေလို့ ဘယ်သူမှ မကြိုက်တာထင်ပ

    ReplyDelete
  9. ကြိုက်ချင်မနေနဲ့

    အလုပ်ရှုပ်တယ်နော်

    အေးဆေးနေ

    ReplyDelete
  10. ဟုတ် နားထောင်ပါ့မယ်ခင်ဗျ

    ReplyDelete
  11. လိမ္မာတယ် တော်လိုက်တာနော်

    ReplyDelete
  12. လိမ္မာဘူး မိုက်လို့ လည်း အဝေးကြီးရောက်နေတာပေါ့

    ReplyDelete
  13. မထင်မှတ်တဲ့ကိစ္စ လေနော်
    ဘယ်သူကြိုသိမလည်းဟာ
    လောကဓံကို အံကိုကြိတ်လို့  မာန်ကိုချီလေနော်

    ReplyDelete
  14. အံကလည်း ကြိတ်လွန်းလို့ နှခမ်းတောင်ပြတ်ထွက် ရပါတော့မယ်ဗျာ

    ReplyDelete
  15. အိပ်တော့လေ
    နားသေးဘူးလား
    ပြောချင်တာများနေလည်း yinminkhine@gmail.com အပ်လိုက်တော့ကိုတိုးရေ

    ReplyDelete
  16. နားတော့လေနော်
    အိပ်သေးဘူးလား
    mama01306@gmail.com
    အပ်လိုက်တော့နော်
    စိတ်ချမ်းသာသလောက်ပြောနော့

    ReplyDelete
  17. ဘာမှပြောတော့ ဘူးနော် .................
    မပြောဘူးဆို .............. ပြောကိုမပြောဘူး ..................

    ReplyDelete
  18. အင်းးးးကျနော်အမြင်လေးပြောချင်ပါတယ်နော်အမှားပါရင်လည်းခွင့်လွှတ်ပေးပါ
    လက်ခုတ်ဆိုတာနှစ်ဘက်တီးမှမြည်တာပါဗျာ....
    နောက်တစ်ခုက မိန်းကလေးတွေအယုံမလွယ်ရင်ဖြစ်စရာအကြောင်းမရှိဘူး
    ပီးတော့မိန်းကလေးတွေကလက်ထပ်ခြင်းကိုယောက်ျားလေးတွေကို
    ချည်နှောင်တဲ့ကြိုးလို့မှတ်ယူတယ်..အချစ်ဆိုတာမိန်းခလေးတွေအတွက်တစ်ဘ၀စာဖြစ်ပေမယ့်
    ယောက်ျားလေးတွေအတွက်တော့ ခဏတာလို့ပြောတာပဲ..
    ဒါပေမယ့်လည်းအဲ့လိုမဟုတ်တဲ့ယောက်ျားလေးတွေလည်းရှိနေပါတယ်ဗျာ..
    ဒီလိုချည်းပဲလို့တော့တစ်ဖက်သတ်မပြောစေချင်ဘူးးးး
    လွန်တာရှိဝန္ဒာမိပါ.....

    ReplyDelete
  19. ဟဟဟဟဟဟဟဟဟဟဟဟဟဟဟ


    သူ လိမ္မာ သွားပီ..........းP

    ReplyDelete
  20. မလွန်ပါဘူးးးး

    မှန်၏.................။

    ReplyDelete
  21. ကျမ်းဂန်တွေရဲ့  အလာမှာတော့  မိန်းမ တွေ ရဲ့ အလိုဆန္ဒဟာ ပြီးပြည့် စုံတယ်မရှိဘူးတဲ့ အဲဒီတောံ့ယောင်္ကျားတွေက တတ်နိုင်သမျှဖြည့် ဆည်းပေးတာပါ အဲဒါကြောင့်  ဓါတ်တိုင်နဲ့ တူသောယောင်္ကျားများအစား မီးစက်နှင့် တူသော ဒါမှမဟုတ်
    ဘီလူးချောင်းနှင့် တူသော ရဲရွာနှင့် တူသောယောင်္ကျားများလို့ ဆိုချင်ပါတယ်

    ReplyDelete
  22. မိန်းမ အားလုံးကိုတော့ မဆိုလိုပါ

    ReplyDelete
  23. ငှက်ပျောပင်စိုက် မိလိုက် ဖပါ.......

    ဘေးက အမေ နှမ ကျမ်းဂန်နှင့်ညှိပါ.....သေချာတာတော့......



    ရေးထားတိုင်းအကုန် မမှန်ပါ...

    ၀ိသာခ ကျောင်းအမနှင့် ကြက်တောင်ရှင်မ ရှိသလိုပါ။

    လေးစားလျှက် ..။

    လူနဲ့ မူ ကွဲနေတာ

    ReplyDelete
  24. သိရဲ့  နဲ့ များ .................
    ဟင်း ..............

    ReplyDelete
  25. http://yinminkhine.multiply.com/journal/item/71





    စိတ်မဆိုးရင်ပြောလိုက်ချင်.....(--ါ)နိုင်ငံတော့ဖြစ်ပြီထင်.....???????????





    http://yinminkhine.multiply.com/journal/item/221


    ပြောပါရစေငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးလည်းပုတ်နေတယ်


    ဖတ်လိုက်ပါ.......နော်

    လေးစားတယ်.....။

    ReplyDelete
  26. အမျိုးသမီးတွေ အညှာမလွယ်အောင် ရေးထားတာပါ။

    စာဖတ်သူများအား ထိခိုက်နစ်နာစေလိုသော စိတ် စေတနာ

    ရည်ရွယ်ချက်မရှိပါ။


    ရှေ့က တစ်ယောက်ကအော်တယ်..

    ဗေဒင်တဲ့ ဗေဒင်ဟောတယ်တဲ့

    နောက်ကတစ်ယောက်က ထပ်အော်တယ်

    မှန်ပေါင် တဲ့ မှန်ဘောင် ရောင်းနေသလိုတော့ဖြစ်ပေါ့။

    ReplyDelete