Pages

Wednesday, January 30, 2013

“ ပြေးပွဲဝင် Save The Aged ” ကဗျာ ဒုတိယဆု



ကဗျာ ဒုတိယဆု ( ဇီးရိုး - “ ပြေးပွဲဝင် Save The Aged ” )



" ပြေးပွဲဝင် Save the aged "



ကံစီမံရာပြေးလမ်းပေါ်က
ပေအဖြစ်ခံနှလုံးသားများ
တာတို၊တာလတ်၊တာရှည်
လက်မှိုင်မကျစတမ်းပြေးလွှား
အိပ်မက်ကိုဆုပ်ဖမ်းမယ့် ခွန်အားနဲ့ပေါ့ ။

ပုဝါမသုတ်ရ .. ရေတစ်မှုတ်မရ
ဒီအတိုင်းလေးပဲ ...
ဝါလိုက်ကြ
စိမ်းလိုက်ကြ
နီလိုက်ကြ
အနတ္တလမ်းဘေးတစ်လျှောက်မှာ
လက်ပြအားပေးနေတဲ့ အတ္တတွေကတအုံတမ  ။

နာရီတွေကုန်လွန်ရွေ့လျား
တော်တော်လေးပြေးလွှားဆဲ
ပန်းတိုင်လည်းမမြင်သေးတဲ့
မြေစမ်းခရမ်းပျိုးလို
မာယာများတဲ့လမ်းချိုးတွေမှာ
ခင်ဗျားဟာ ....
အလိုက်သင့်ပြေးသူလား
ဦးဆောင်နေသူလား
ခရီးဆုံးဖို့သာကြံရွယ်ထားသူလား
ရိုးသားစွာပဲလား ၊
ဆန်းပြားစွာပဲလား
သေချာပါတယ် .......
တခမ်းတနားကျရှူံးခြင်း ဖြစ်ခဲ့ရင်တောင်
သင့်နာမည်ဟာ -
ထင်ပေါ်တောက်ပနေနိုင်ရဲ့ ။

နေမင်းကအချက်ပြ
နာရီကနှိုးစက်မြည်
ပန်းတိုင်ဆီ ရောက်လိမ့်နိုး
မျှော်လင့်ချက်ဟာ စိတ်တန်ခိုးပါ ၊
အားမလျော့ပါနဲ့ အပြေးသမား
သင့်ဘေးနားက ....
အားပေးလက်ခုပ်တီးသူဟာ ကျွန်ုပ်
ပန်းဝင်ချိန်ထိစောင့်ပြီး
ဝမ်းပမ်းတသာနှုတ်ဆက်ဖို့စောင့်နေမယ်   ။    ။


ဇီးရိုး

0 comments:

Post a Comment