Pages

Tuesday, January 15, 2013

မီးတောက်များနဲ့လူ

မီးတောက်များနဲ့လူ
Jan 15, '13 4:43 PM
for everyone



နှလုံးသားမီးတောက် ငြိမ်းမရတဲ့အခါ ဘဝကိုပါမီးရှို့လိုက်တယ်
ဘ၀နောက်တစ်ဖန် အသစ်ပြန်စ
လူကို လူကလုပ်တာလို့ပြောပြီး
လူတွေထဲမှာပဲ  လူတွေနဲ့တွေ့ပြီး  စိတ် စိတ်ခြင်း ရိုက်ခတ်
နှလုံးသားတွေ မီးထတောက်ပြန်တယ်
ဘောင်ဘင်ခတ်နေတဲ့ အတွေးတွေနဲ့
အိပ်ပျော်နေတဲ့  အိပ်မက်ရှည်ရယ်
ခရီးလွန်သွားတဲ့ အိပ်မက်တွေကို
ဖန်ဆင်းအသက်သွင်းပြီး
ကဝေလိုပြုစားလို့ နေသစ်တဖန် ရှင်သန်ပြန်တယ်..
ရှင်သန်ခြင်းနဲ့အတူ  မျော်လင့်ချက်တွေ  ဆုတ်ကိုင်ပြီး
မှန်မီးအိမ်တလုံးနဲ့ လမ်းဆက်လျှောက်တယ်
အလင်းမဲ့သူ လူတစ်စုနဲ့ အလင်းငတ်သူ လူတစ်စုအတွက်တော့
ခဏတာ လမ်းပြပေးခဲ့ပါတယ်
မှန်မီးအိမ်လေးအလင်းရောင်နဲ့ လှမ်းမျှော်ကြည့်မိတဲ့အခါ
ခေါက်ရိုးကြိုးနေတဲ့လူတွေထဲ ဘ၀ဟာပုံသေကားချပ်တစ်ခုလိုပါပဲ
ညအမှောင်ဟာ ငြိမ်းမရတဲ့စိတ်တွေ ဖမ်းဆုတ်
လျှို့ဝှက်မှုတွေနဲ့ အတူပြန်အိပ်ပျော်သွားတယ်..

ရွက်ပြတ်တောကို နှလုံးသွေးဖြန်းရင်း
ဝိညာဉ်တွေပြန်နိုးထဖို့ ငါ့ဝင်သက်
ထွက်သက်ကို မေ့ထားမိခဲ့တယ်...
ရင်ထဲမြစ်မှာ ဆုံလာတဲ့ ဒီလိုင်းတွေ
ဘယ်မြစ်ရေဖြစ်ဖြစ် တစ်ပေါင်းတည်းဖြစ်စေခဲ့တာပါ
ကျောက်ဆောင်တွေ ဘယ်လောက်ပေါပေါ
ကမ်းနံဘေးမှာ မီးပြတိုက်လေး တစ်ခု တည်ထားခဲ့ဖူးတယ်
မုန်တိုင်းကိုအံတုရင်း ပင်လယ်အော်သံတွေနဲ့
အားလုံးရဲ့ အာရုဏ်သစ် ကမ္ဘာဆီမရောက်ခင်
အရွယ်လွန်သွားတဲ့ ရာသီခွင်ချစ်ခြင်းတွေကြောင့်
နှလုံးသားမီးတောက် ကုန်ခန်းတော့မှာမို့
ဘဝကိုပါ မီးရှို့ပေးလိုက်တယ်........
အလင်းမဲ့ အိပ်မက်တွေအတွက်
လင်းလက်တဲ့ကြယ်စင်တွေ
မုန်တိုင်းထဲက နိုးထလာခဲ့ကြတယ်...
ဘောင်ခတ်ထားတဲ့ ပုံသေပန်းချီ ကားချပ်တွေအတွက်
အိပ်ဖန်စောင့် နတ်သမီးကတော့ မသိကျိုးကျွန်ပြုနေလေရဲ့
ကမ္ဘာသစ်ကို နောက်ဆုံး ခြေလှမ်းနဲ့လှမ်းဝင်ဖို့
ဘဝကိုငြိမ်းချမ်းရာဆီ ခဏပို့ထားကြမယ်
အနိုင်းမဲ့ကမ္ဘာဆီမှာပြန်ဆုံဖြစ်ခဲ့ကြရင်
လျှို့ဝှက်မူတွေဖွင့်ဟ တို့အတူနိုးထရအောင်....
နေမင်းခိုင်..
.

0 comments:

Post a Comment