Pages
Thursday, January 31, 2013
တလမ်းထဲပါပဲ
တလမ်းထဲပါပဲ
လမ်းဖြောင့်ပေမယ့် ကောက်တဲ့စိတ်တွေကြောင့်
မာနတွေ အတ္တတွေ ထဲ လမ်းလွဲလို့
ရေလိုက်မှားလိုက်ပုံများ
လမ်းကောင်းကို အမြန်မရောက်ခဲ့ဘူး
တလမ်းထဲပါပဲ
ဒုက္ခကိုအဖော်ပြု သမုဒယနွံ့ထဲ
သံယောဇဉ်တွေ ကြိုးချုပ်လို့
မိုးလင်းမှန်းမသိ မိုးချုပ်မှန်းမသိ
လျှောက်ကောင်းနေလိုက်ပုံများ
သက်တန်ရောင် စိတ်တွေထဲ
ဖြူတလှည့် နီတလှည့် စိမ်းတလှည့်
အရောင်စုံခင်းပြီး ထွေကစားနေမိတယ်
တလမ်းထဲပါပဲ
အေးသွားလိုက် စိမ့်သွားလိုက်
မြုတ်တခါ ပေါ်တလှည့်
နစ်မှန်းမသိ မြုတ်မှန်းမသိ
ဝဲလှည့်နေမိလို့
လမ်းတွေအောက် အရိပ်တွေပျောက်
စိတ်ဗွေနှောက်သမျှ
လမ်းပျောက်ခဲ့သူပါ..
တလမ်းထဲပါပဲ
တည့်တည့်လျှောက်ပြီး
အတ္တတွေထုတ်ပိုးမထားပဲ
လွတ်ချလိုက်တော့
တော်တော်လေး ပေါ့ပါးသွားလိုက်တာများ
အစိုင်အခဲတွေ ပျောက်ဆုံးလို့
ငါကောင်းကင်ဘုံထဲ ရောက်နေသလိုပါပဲကွယ်..
.
2 comments:
  1. တလမ်းထဲပါပဲ
    အေးသွားလိုက် စိမ့်သွားလိုက်
    မြုတ်တခါ ပေါ်တလှည့်
    နစ်မှန်းမသိ မြုတ်မှန်းမသိ
    လမ်းတွေအောက် အရိပ်တွေပျောက်
    စိတ်ဗွေနှောက်သမျှ
    လမ်းပျောက်ခဲ့သူပါ..
    ReplyDelete
  2. တလမ်းထဲပါပဲ
    ဒုက္ခကိုအဖော်ပြု သမုဒယနွံ့ထဲ
    သံယောဇဉ်တွေ ကြိုးချုပ်လို့
    မိုးလင်းမှန်းမသိ မိုးချုပ်မှန်းမသိ
    လျှောက်ကောင်းနေလိုက်ပုံများ
    သက်တန်ရောင် စိတ်တွေထဲ
    ဖြူတလှည့် နီတလှည့် စိမ်းတလှည့်
    အရောင်စုံခင်းပြီး ထွေကစားနေမိတယ်
    မှန်တာပေါ့မမ.. မမရေးထားတာ အမှန်တွေချည်းပဲ။။။ အခုတော့ နှင်းဆီလဲ အားလုံးနဲ့တစ်လမ်းထဲသွားတဲ့သူတစ်ယောက်ဖြစ်နေပေမဲ့ ................................................................................. ။။။။။။။။။။။။။။။
    ReplyDelete