Pages

Thursday, January 10, 2013

ကဗျာသစ်ပင်

A Poet`s Tree
ကဗျာသစ်ပင်

ချစ်သူရေ ....
ငါတွေ့ခဲ့တယ်
သစ်ပင်တစ်ပင်ဟာ တစ်ပင်တည်းရပ်တည်နေတယ်
... ငါ မသိဘူး အဲ့ဒီအပင်ရဲ့ နာမည်ကိုပေါ့
ဒါပေမယ့် .... ကြည့်ရတာ အရမ်းလှပတယ်
အံ့သြစရာကောင်းလောက်အောင် သန်မာတယ်
လေတိုက်တဲ့ နေ့မှာပေါ့
လေနဲ့အတူ သစ်ရွက်လေးတွေက လှုပ်ခါနေတယ်
သူဟာ ... နှင်းပွင့်လေးထဲမှာ သန်မာနေတယ်
သူဟာ ... နေရောင်အောက်မှာလည်း သန်မာနေတယ်
သူဟာ ... မိုးရေထဲမှာလည်း သန်မာနေတယ်
ငါလေ .... အဲ့ဒီအပင်လေးကို စောင့်ကြည့်နေမိတယ်
ငါ့ရဲ့အချစ် ကျောက်တိုင်လေးလိုပါပဲ
အချစ်ဆိုတဲ့စကားလုံးတွေက ကဗျည်းထိုးထားတာ
သူ့ရဲ့လှုပ်ခါနေတဲ့ သစ်ရွက်လေးတွေလိုပဲ
ငါလေ .... ဒီသစ်ပင်လေးကို စကားပြောဖြစ်တယ်
မင်းနဲ့ငါ့ရဲ့ အကြောင်းကို
နေ့တိုင်းပေါ့ .....
ဒါ့တွေကို ဒီသစ်ပင်လေးက အမြဲနားထောင်ပေးခဲ့တယ်
ငါတို့ရဲ့ချစ်ပုံပြင်လေးကိုပေါ့
တစ်နေ့မှာ ... သစ်ပင်လေး ငိုကြွေးနေခဲ့တယ်
ဘာ့ကြောင့်လဲဆိုတော့ မင်းဆီက သတင်းစကားကို ရရှိခဲ့လို့ပေါ့
လေနဲ့မိုးတွေကလည်း ပြောင်းလဲစွာနဲ့ပေါ့
သစ်ပင်လေးက ငါ့ကိုပြောတယ် ....
"မင်းနဲ့ငါ ထပ်တွေ့ဆုံမှုဟာ မဖြစ်နိုင်ဘူး"တဲ့
ဒါ့ကြောင့် ... မင်းဟာ ငါ့လိုပဲသန်မာရမယ်နော်
အကယ်၍ မင်း စဉ်းစားကြည့် !!
အချစ်စစ်ဟာ ရှင်သန်နေတယ်
ဒါကြောင့် .... မင်းပိုပြီး သန်မာရမယ်
ပို ကြီးမားရမယ်
ငါ့လိုပဲ သန့်ရှင်းတဲ့သစ်ရွက်တွေနဲ့ပေါ့
မင်း ... အိုမင်းလာတဲ့အခါမှာ
မင်း ... ပိုပြီး သန်မာလာရမယ်နော်
မင်းရဲ့ အနာဂတ်မှာ မင်းရဲ့အချစ်ကို တစ်ခါပြန်ရလိမ့်မယ်
ဒါ့ကြောင့် မင်းရဲ့နှလုံးသားမှာ သစ်ပင်တစ်ပင်လိုအချစ်ကို
စိုက်ပျိုးထားလှည့်ပါ ....
ငါ့ရဲ့ ... ချစ်လှစွာသော ချစ်သူရယ် ။။ 
 
♥ချစ်သူပေးသောကဗျာတပုဒ်♥
 

0 comments:

Post a Comment