Pages

Saturday, January 26, 2013

သမီးလည်း အမေဘဲလေအမေရယ် အမေအားလုံးအား သတိရစွာဖြင့်။။။။။။။ အမေနေ့အမှတ်တရ


Blog EntryFeb 7, '10 4:35 PM
for everyone
အိမ်မက်တိုင်းတကယ်ဖြစ်ခဲ့ စိတ်ကူးတိုင်း အကောင်အထည်ဖော် ခွင့် ရခဲ့ပါတယ်
ဘ၀မှာရည်မှန်းချက်တွေ ယုံကြည်ချက်တွေရှိဖို့ ဘဲလိုတာပါ
ကျွန်မငယ်ငယ်က ကဗျာတွေရေးချင်ခဲ့တယ် စာတွေရေးချင်ခဲ့တယ်..
စာအုပ်တွေထဲမှာရေးခဲ့တာပေါ့နော် ကျောင်းစာအုပ်ရဲ့ ဗလာစာရွက် အလည်စာရွက်လေးတွေဟာကျွန်မရဲ့
စာရေးထားတဲ့ နေရာလေးတွေပေါ့
ရည်းစားစာမှတ်လို့ အမေးခံခဲ့ရတယ် ၀တ္ထုလေးတွေကဲ့သိုလုပ်ပြီး မရေးတတ်တဲ့ ကျွန်မစကားပြောသလိုဘဲ ရေးတတ်ခဲ့တယ်
ရည်းစားစာမဟုတ်ပါဘူးဆိုပြီး အိမ်နဲ့ ဆရာမတွေ ဆရာတွေကို တော်တော်ဖြေရှင်းခဲ့ရပါတယ်။
စိတ်လဲညစ်တယ် ပျော်လည်းပျော်တယ် ကိုယ်ရေးထားတာလေးတွေကို တကယ်ထင်နေတော့ ပျော်တာပေါ့နော် တကယ်လည်း ဘေးကသူငယ်ချင်းတွေက သူတို့ရဲ့ ခံစားချက် လေးတွေ ကို လာပြောပြကြရင်ဖွင့်ကြတော့
ကျွန်မရေးမိတာပါ။
သူများလာပြောပြရင်ကျွန်မက သူတို့နေရာကနေ၀င်ပြီး ခံစားနားလည်တတ်ခဲ့တယ်

မေမေ ကိုသူရဲ့ငယ်ဘ၀လေးမေးတော့ မေမေငယ်ငယ်က တောသူမလေးပေါ့တဲ့ သိပ်ကို ပင်ပမ်းခဲ့တယ် ပြောင်းတွေချိုးရတယ် သူများကောက်စိုက်ခေါ်လည်း လိုက်ရတယ် ဖေဖေနဲ့တွေ့ တော့မှ မေမေဘ၀လေး
သက်တောင်သက်သာနေထိုင်လာရတာတဲ့ မေမေ
ဖေဖေကိုခေါ်တာမောင်တဲ့လေ
မောင်နဲ့တွေ့တော့မှ မေမေ အ၀တ်အစားကောင်းကောင်းဝတ်ခဲ့ရတာ
မောင်က မေမေ့ကိုရည်းစားဘ၀ထဲက အိမ်မှာလာပြီး အမေကို

ခွင့်တောင်းတယ် မေ့ကိုဘ၀လက်တွဲဖော်လိုအပ်တယ် မေ့ကို လက်ထပ်ချင်ပါတယ်ဆိုပြီး မေမေ့ရဲ့အမေဆီမှာလက်ထပ်ခွင့်တောင်းပြီး လက်ထပ်ခဲ့တာပေါ့ မောင်ကစည်းစနစ်ကြီးတယ် စစ်သားပေါ့

တပ်မှာလည်း လက်ထပ်ခွင့်တင်တယ် မေကို မောင် ကျကျနန မင်္ဂလာဆောင်တယ်
မေ မျက်နှာမငယ်ခဲ့ရဘူး
လူပျိုဘ၀ စုဆောင်းထားတဲ့ ရွှေတွေလည်း မေလက်ထည်းကို မေ့အိမ်လာတောင်းထဲက တခါတည်း။ မေ့ရဲ့ အမေကိုအပ်ခဲ့တယ် မေပျော်တာပေါ့နော် မောင်ကချစ်တယ် မြတ်နိုးတယ်ဆိုပြီး မောင်ကမေ့ကိုလက်ထပ်ပြီး စိတ်မချဘူး တပ်ထဲခေါ်သွားတယ်
လိုင်းခန်းယူပြီး တူတူနေကျတယ် မေသားဦးလေးမွေးတော့ မောင်ရှေ့တန်းထွက်ရတယ်...
မောင်ရှေ့တန်းကပြန်လာတော့ မေ ပျော်တာပေါ့
မေ့ အပျော်လေးကြာကြာမခံလိုက်ပါဘူး
မောင်ရှေ့ တန်းမှာတွေ့ခဲ့ ချစ်ခဲ့တဲ့ ကောင်မလေး အိမ်လိုက်လာတယ်။
ဒီကြားထဲ အိမ်ကို ရည်းစားစာတွေကလည်း ခဏခဏရောက်လာတတ်တယ်

တခါကလည်း လူပျိုမှတ်လို့ အိမ်လိုက်လာတဲ့ ကောင်မလေးကို မေ့မှာသနားလိုက်တာ
သေချာထမင်းခူးကျွေး ဧည့်ခံပေါ့ ပြီးတော့မှ တောင်းပန်ပြီးပြန်လွတ်ရတယ်
မောင်ထံကိုနောက်တခါ ဘယ်ဒေသက ရည်းစားစာလာလာ အိမ်မှာကပ်ပြီးထားလိုက်တယ် ဒီလိုနဲ့ မောင်နဲ့ သားသမီးတွေနဲ့နေထိုင်ပေါင်းသင်းလာရင်း စိတ်ထဲမှာ သည်းခံနေခဲ့ရတယ်
မေ အစွမ်းအစမရှိတဲ့ မိန်းမတော့ အဖြစ်မခံနိုင်တော့ဘူးဆိုပြီး

ဈေးရာင်းခဲ့တယ် မေ ဈေးရောင်းတာနဲ့ မောင်ကပြသနာရှာတော့တာပေါ့
ဘယ်ကောင်နဲ့ မင်း ကြိုက်နေလဲ ဈေးမရောင်းနဲ့ အိမ်မှာနေ
ဘာမှ လုပ်စရာမလိုဘူး
မေ.ကလည်းသူ့စကား နားမထောင်ပါဘူး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်တယ် နေ့တိုင်းရန်ဖြစ်ရတာပေါ့။
စိတ်လဲမချမ်းသာရတော့ဘူး စည်းပွားရေး သားသမီးအရေး အိမ်ထောင်ရေး တွေး လိုက်ရင်
ဘာမှ ပျော်ရွင်စရာ မကောင်းဘူးလို့  မေ ခံစားနေရတယ် ဒါပေမဲ့ သားသမီးလေးတွေ မွေးထားတယ်
မေ သူတို့အတွက် မေ တတ်စွမ်းသလောက် တတ်နိုင်သလောက် မေ သည်းခံနေခဲ့ရတယ်။
မိသားစုဘ၀လေး မပြိုကွဲအောင် မေ ထိန်းသိမ်းစောင့်ရှောက်ခဲ့ရတယ်
သားသမီးလေးတွေ ပညာတတ်အောင် လူရာဝင်အောင်
လူတန်းစေ့ နေထိုင်စားသောက်နိုင်အောင်
မေ ဈေးရောင်းတယ် သားသမီးလေးတွေ မျက်နှာမငယ်ခဲ့ရဘူးလေ

သူတို့လိုအပ်တာ မေ
ဖြေ့ ဆည်းပေးနိုင်ခဲ့တယ် ခုဆိုသား တွေ သမီးတွေက ပညာတွေတတ်
အလုပ်အကိုင်ကိုယ်စီနဲ့ တာဝန်ကိုယ်စီနဲ့ မေ့ အနားမှာ တစ်ယောက်မှ
မရှိကျတော့ဘူး
သူတို့အလုပ်အကိုင်နဲ့သူတို့ သူ့တို့အိမ်ထောင်နဲ့သူတို့နေထိုင်နေကြပေမယ့်
မေ့ မှာ သူတို့ပြန်လာမယ့်လမ်း လှမ်းမျှော်ပြီး လွမ်းနေရပါတယ်

ဘုရားမှာ သားသမီးများ ကျန်းမာစေဖို့ ဆုတောင်းမေတ္တာပို့ရတယ်..
ဈေးသွား စားသောက်စရာဝယ်ရင်လည်း သားသမီးလေးတွေ ကြိုက်တတ်တာလေးတွေကို တွေ့ရင်လည်း စိတ်ထဲကနေလိုက်ကြည့်ပြီး ဒါလေးကတော့ အကြီးကောင်ကြိုက်တတ်တာ ဒါလေးကတော့ဖြင့် အကြီးမကြိုက်တတ်တာ အငယ်မကြိုက်တတ်တာနဲ့ လိုက်ကြည့်နေမိပါတယ်။
ပြီးတော့မှသာအော် သူတို့က အလုပ်ကိုယ်စီနဲ့အဝေးမှာဘဲလေဆိုပြီး

မောင့်အတွက်
တွေ့တာမြန်မြန်ဝယ်ပြီး အိမ်ပြန်ခဲ့ရပါတယ်။
ကျွန်မ သားသမီးလေးတွေအတွက် လုပ်ကိုင်ရည်မှန်း ကြိုးစားနေထိုင်လာခဲ့ရတာ
အခုတော့လည်း ကျွန်မဘေးမှာ
ဘ၀ လက်တွဲဖော်လို့ခေါ်တဲ့ ကျွန်မရဲ့ မောင်
ကျွန်မဘေးမှာ ဘုရားသွားကျောင်းတက် အဖော်အဖြစ်ကျန်ခဲ့ပါတယ်
မောင်နဲ့ ကျွန်မတောင်ဘယ်သူလက်တွဲ အရင်ဖြုတ်မလဲ မသိတဲ့ဘ၀မှာ
ကျွန်မဘေးနားကနေ အချိန်တန်အရွယ်ရောက်လို့ ထွက်ခွာသွားကျတဲ့ သားသမီးတွေကို
ကျွန်မလေ တရားသိ တရားရှိပေမဲ့ သားသမီးလေးတွေကို အခုချိန်အထိကျွန်မ
သူတို့မအားလို မလာနိုင်မှန်းသိနေလည်း မျှော်နေမိပါတယ် လွမ်းနေမိပါတယ်..သတိတွေရနေပါတယ်..
ကျွန်မဖတ်ခဲ့ဘူးတဲ့ တစ်မျက်နှာ ၀တ္ထုတိုလေးကိုသတိရနေမိပါတယ်။

အိမ်ဘေးကအဖွားအိုကို အိမ်နီးနားခြင်းမိတ်ဆွေ တစ်ယောက်က အဖွားစားဖို့ဆိုပြီးမုန့် လာပို့ တယ်။
အဖွားက မစားဘူး။
သူ့ သမီး ကလေးမီးဖွားနေတော့ အဖွားက သူ့သမီးကို ရော့စား သမီးမုန့် စား အားရှိအောင်စားဆိုပြီးကျွေးတယ်။
အဖွားရဲ့သမီးကမစားဘဲ သူ့သားလေးကိုကျွေးလိုက်တယ် ရော့သားလေးစားပေါ့။
အဖွားအိုကစိတ်တိုသွားတယ် ဟဲ့ ငါတောင်မစားရက်ဘူး နင့် ကိုစားစေချင်လို့ ကျွေးတာ
မီးဖွားပြီးကာစမို့ အားရှိအောင် နင်စားသမီးလို့အဖွားကပြောလဲပြော မြေးကိုလဲငေါက်တယ်
် ဒီအချိန်မှာ သမီးလုပ်သူက အမေသမီးကို စားစေ့ချင်သလို သမီးကလဲ ကိုယ့်သားလေးကို ကိုယ်ကျွေးချင်တယ်
သမီးလည်း အမေဘဲလေအမေရဲ့လို့  သူမရဲ့ အမေ အဖွားအိုကိုပြန်ပြောလိုက်ပါတယ်

ကျွန်မရဲ့ သားသမီးလေးတွေကို သတိရတဲ့အခါတိုင်း ။
သူတို့နှစ်သက်တတ်တဲ့ စားသောက်စရာလေးတွေကို ကျွေးချင်လာတဲ့အခါတိုင်း ။

သမီးလည်း အမေဘဲလေအမေရယ် ဆိုတာလေးကိုသတိရနေမိပါတယ်။

အမေအားလုံးအား သတိရစွာဖြင့်။။။။။။။


အမေနေ့အမှတ်တရ.

0 comments:

Post a Comment