Pages

Sunday, January 13, 2013

မြို့ပျက်ကြီးရဲ့တေးသွား

Jan 14, '13 3:24 AM
for everyone
 မြို့ပျက်ကြီးရဲ့တေးသွား

မဟူရာည မှော်ဝင်ညတွေဟာ

 ပုဇင်းရင်ကွဲတွေ အော်သံနဲ့အတူ

တေးထဆိုတယ်..

ဂန္တ၀င် မြို့ပျက်ကြီးထဲ

ဟန်ဆောင်ခြင်းနဲ့အောင်မြင်ခြင်းတွေ

 တိတ်တဆိတ် ရယူလိုမှုနဲ့

ဂန္တ၀င် မြို့ပျက်ကြီးဟာ

 လှိုဝှက်စွာနဲ့ ဒဏ်ရာတွေစားသုံးပြီး

နေ့သစ်တဖန် ဟန်မာန်အပြည့်

သူမဟုတ်သလို တိတ်တဆိတ် ရယူခြင်းတွေနဲ့

ကကြိုးအစုံအလင် လောက ဇာတ်ခုံကို

နေမင်းကိုအားယူပြီး ရှင်သန်နိုးထတယ်..

ဂန္တ၀င် မြို့ပျက်ကြီ်းထဲက မဟော်ဂနီ စံအိမ်ကြီးဟာ

နန်းဆန်ဆန် ထုံးဖွဲ့ပြီး

လှို့ဝှက်မှုတွေနဲ့သွေးတွေကို သောက်သုံး

 မျက်ရည်တွေ ခြေဆေး

ကျော်ကြားခြင်းတွေ စားသုံးပြီး

နရီပျက်တွေ  စည်းချက်လိုက်ကတယ်..

0 comments:

Post a Comment