Pages

Tuesday, January 29, 2013

ညှော်မိနေသောဦးနှောက်များ ခုခဏတာ စိတ်သာယာဖို့စိတ် စေရည်ကို သောက်နေတာ





♥လူစစ်မစစ် သိဖို့အရေး
မြတ်တရား နဲ့တိုက်စစ်ပါ♥
သူဂုဏ်ကိုယ်နှိမ့် ကိုယ်ဂုဏ်နိမ့်၏
ကိုယ့်ဂုဏ် ကိုယ်ဖော်မသူတော်များ
သူတော်စကား နားဝခါး၏
လမ်းသာလျှောက်တာ
အမောင် တောင်မှန်းမြောက်မှန်းမသိပါ
သမင်မွေးရင်း ကျားစားရင်းနဲ့
လည်ပတ်နေတဲ့ ဒီသံသရာ
ငရဲပန်းကိုရွှေပန်းထင်လို့ခဏ အငှားကိုင်ချင်တာ
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်
သူတစ်လူ ငါတစ်မင်း ထင်ရာခင်းတော့
ခေတ်ပျက်နေသလားမှတ်ရတာ
လူပျက်နေတာ ခပ်များများပေါ့
ဆိုးသွမ်းဟော့ရမ်း မလိမ္မာ
ပျက်စီးခြင်းသာ ခေတ်ရှေ့ရှု့လို့
အေးချမ်းသာယာ ဘယ်နားမှာ
စိတ်ထားလေးတွေ ပြုပြင်ပြီးတော့
ဘ၀များစွာ အမျိုးတော်စပ်
ညီရင်မောင်နှမ ပုံသွင်ပမာ
မေတ္တာစေတနာ မျှကာပေးတော့
အေးချမ်းသာယာရှိနေမှာ




လက်တွေ့ ယ္ခုပြင်ကြည့်ပါ
မြင်မြင်ရာကို အမုန်းကြည့်တော့ အရှုးံကြည့်ပဲဖြစ်တော့မှာ
စိတ်ထားပြုပြင် ဆင်ချင်သင့်ဖို့
တရားဒေသနာ နာကြားပါ
စိတ်ကိုဆုံးမ
မြတ်ဘုရားရဲ့ တရားဒေသနာမြတ်လှတာ
လောက အောချ တရားမသိဖြစ်ကြတာ
အမှန်တရား ဖုံးကွယ်ထား ငရဲသွားသူများလှတာ
ခုခဏတာ စိတ်သာယာဖို့
ငရဲလမ်းကိုလိုက်ကြတာ စိတ်စေရာကို လိုက်မိမှားတော့
အမှားကြည့်ပေါ့ သိလိုက်ပါ
နောင်သံသရာ မကြောက်သေးတော့
စိတ် စေရည်ကို သောက်နေတာ

ဒီဘ၀မှာ အောင်နိုင်ဖို့က
လူထဲကလူ လူစစ်စစ်မှသိမှာပါ..


ညှော်မိနေသောဦးနှောက်များ

စိတ်တော်ကြိုက် ခေါင်းတော်ညိမ့်

ညှော်မိနေသော ဦးနှောက်များ

အဆိပ်သင့်နေသော သွေးများကြား

ဟန်ဆောင်နေသော ပါးစပ်ဖျား
ရန်ထောင်နေတဲ့ ဇာတ်စကားတွေရယ်

အကျင့်ဆိုးတွေ မောင်းထုတ်မရတော့

ဘယ်တိမ်း ညာယိမ်းလျှောက်နေပြီး

ဒဏ်ပိနေတဲ့ စိတ်တွေ

လျှော်ဖွတ်ပြီး ဆေးကြောသင့်ပြီ
.


သတ္တ၀ါအားလုံး ဘေးရန်ကင်းလို့

အမှန်မြင် အမြင်မှန်ကြပါစေ

1 comments:

  1. မမယဉ်မင်းခိုင်ရေ
    ကဗျာလေးကမှန်လှပါပေတယ်ဗျာ

    ReplyDelete