Pages

Wednesday, January 23, 2013

စစ်နှင့် လုလင်♥ ဝေးကမ္ဘာသို့ " စစ် " မုန်းသူ




မုန်းတယ်........
လွတ်လပ်ရေးတဲ့   တော်လှန်ရေးတဲ့
ယမ်းငွေ့ဝေပြီ
သေနတ်သံ ကျည်သံ ဗုံးသံတွေကြား
အနုမြူလက်နက် တိုးတက်ထွန်းကား
လူတွေသေကြေ

မိကွဲ ဖကွဲ  တစ်ကွဲတပြား

စိတ်ချောက်ခြား ကျီးလန့်စာစား

သွေးမြေကြနေ

စစ်ကို  မုန်းတယ်လေ 

လက်နက်ကိုင်ဆွဲ တိုက်ပွဲဝင်နေ

ကမ္ဘာမျက်လုံးတစ်လုံး ဘယ်သူမှမပြုံးနိုင်တာသေချာနေ

အသက်များစွာ သေကြေနေ၍ စစ်ပွဲတွေကို မုန်းတယ်လေ

နိုင်သူလည်းသွေးမြေခ ရှုံးသူမှာလည်းသွေးမြေကျ

လူနှင့် လူခြင်း ရက်စက်လှတဲ့ သတ်ဖြတ်ခြင်းမို့

ကမ္ဘာရေ မြေ  နေထိုင်စားသောက်
အေးချမ်းရာအရပ် စစ်ဆိုတဲ့အသံမကြားရာ
ဝေး ကမ္ဘာတစ်နေရာ ရှိရင်ပြောပါ  ကမ္ဘာရေ

နှစ်ဦး နှစ်ဖက် သားကောင်းမိခင်
သားများဆုံးရှုံး အရူမီးဝိုင်း
ကမ္ဘာကြီးပေါ်မှာ စစ်မီးတွေတောက်
သွေးတွေစွန်းထင်းနေပြီလေ
ကမ္ဘာလောက ဒီမိုးမြေကြား
ကောင်းကင်အောက်မှာ
် တူတူနေထိုင် ငြိမ်းချမ်းစေချင်လှတယ်လေ။။။။

♥♥ငါချစ်တဲ့  ကမ္ဘာကြီး♥♥

.

.
ငါချစ်တဲ့နိုင်ငံလေး  မေတ္တာနိုင်ငံလေးပါ


ဘာသာမရွေး လူမျိုးမရွေး

အဲ့ဒီနိုင်ငံမှာ

မေတ္တာလက်နက်  ကိုင်ဆွဲထားရင်

ငါချစ်တဲ့  ကမ္ဘာကြီး  အေးချမ်းတယ်။

ငါချစ်တဲ့ ကမ္ဘာမြေအေးမြပါစေ

ငါချစ်တဲ့ကမ္ဘာမြေငြိမ်းချမ်းပါစေ

Sep 22, '12 1:06 AM
for everyone

စစ်နှင့်လုလင်


လွတ်လပ်ရေးဟု
ယေးဘိတ်ကုန်စင် ချင်းတွင်းဝင်သည်
လုလင်တုက်ပွဲဆိုင်ခဲ့၏။

တော်လှန်ရေးဟု

ရန်ကြွေးဆပ်ချင် တောခိုဝင်သည်
လုလင်သေနပ်ကိုင်ခဲ့၏။

ပွဲတခုတွင် တိုက်ကင်းပြင်သော်

အရှင်လှလှ ရန်ဓါးပြအား
လက်ရဖမ်းလေ မှာလိုက်ချေလည်း
သေမင်းသခင် သွေးနတ်ဝင်သည်
လုလင်မထိန်း နှိုင်ခဲ့ပြီ။။။။။။။။။။။။။။။။။။
ဆရာဇော်ဂျီ


ဝေးကမ္ဘာသို့



မျက်စိကိုပိတ် နားကိုပိတ်လျှက်
အံကျိတ်ဟစ်ငို မကြားလိုပြီ
စစ်ဆိုလေသည့် အသံဆိုး။။။
စစ်ကြောင့်ငါတွင် ဘခင်လည်းဆုံး
မိလည်းရှုံးလျက်
နှလုံးကွဲကြေ အက်ခဲ့သည်။။။။
စစ်ကြောင့်ငါ့တွင် အစဉ်ညိုးသိမ်
အိုးအိမ်လည်းပြုန်း မြေလည်းသုန်းလျက်
လူလုံးမလှဖြစ်ခဲ့သည်။။။။။။
မျက်စိကိုပိတ် နားကိုပိတ်လျက်
အံကျိတ်ဟစ်ငို ငါပြေးလိုပြီ
စစ်ဝေးလေသော ကမ္ဘာသို့...
................... .....။။။။။။။။။။။။။။။။။
မောင်ဒေါင်းနီ
Sep 22, '12 12:25 AM
for everyone
ငြိမ်းချမ်းပါစေ အမိမြေ
အမိမြေ ငြိမ်းချမ်းပါစေ ..
သားသမီးတွေဒုက္ခရောက်လို့
မိပျောက်ဖပျောက် မိသေဖသေ..
မျက်ရည်မြစ်တွေပင်လယ်ဝေ ..
ငြိမ်းချမ်းခြင်းတွေဘယ်စီနေ
ပြည်တွင်းစစ်တွေ ရပ်စဲလေ..
ငြိမ်းချမ်းပါစေ အမိမြေ..
မုန်းတယ်........
ငြိမ်းချမ်းရေးတဲ့
လွတ်လပ်ရေးတဲ့
တော်လှန်ရေးတဲ့
ယမ်းငွေ့ဝေပြီ
သေနတ်သံ ကျည်သံ
ဗုံးသံတွေကြား
အနုမြူလက်နက်
တိုးတက်ထွန်းကား
လူတွေသေကြေ
မိကွဲ ဖကွဲ တစ်ကွဲတပြား
စိတ်တွေခြောက်ခြား
ကျီးလန့်စာစား
သွေးမြေကြနေ
စစ်ကို မုန်းတယ်လေ ..။။
 
ဒေါင်းမြကြည်





0 comments:

Post a Comment