Pages

Friday, September 30, 2011

သတင်းကောင်းးလေးပါ....မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့်
်ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာဆရာကြီးများ၊
တက်ကြွလှုပ်ရှားသူများ၊ ပြည်သူများအားလုံးက လှိုက်လှဲစွာ ကြိုဆို

http://www.first-11.com/index.php?option=com_content&view=secti...

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည်တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။

http://www.first-11.com/

3 comments:

  1. ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး..၀မ်းသာလွန်းလို့
    30.9.2011 ရက်နေ့ကို ဧရာဝတီနေ့အဖြစ် သတ်မှတ်ချင်ပါတော့သည်။

    ReplyDelete
  2.ို ဧရာဝတီနေ့အဖြစ်သတ်မှတ်ပါရတယ်......:P

    ReplyDelete
  3. ၀မ်းသာတယ်ဆိုတာထက် စိတ်အေးသွားတာပေါ့ .. ခုမှရင်ထဲပေါ့သွားတယ်ဆိုတာမျိုး ။ ဘာပဲဖြစ်ဖြစ်ပေါ့ အများနည်းတူဝမ်းသာရပါတယ်။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့အဓိပ္ပါယ်တော့မသက်ရောက်စေနဲ့ပေါ့။

    ReplyDelete