Pages

Friday, September 30, 2011

နေပြည်တော်ရှိ မြို့နယ်များနှင့် ကျေးရွာအချို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့၌ ရေကြီးရေလျံမှုများဖြစ်ပေါ်၍ အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်နေရ

နေပြည်တော်ရှိ မြို့နယ်များနှင့် ကျေးရွာအချို့တွင် စက်တင်ဘာလ ၂၈ ရကနေ့၌ ရေကြီးရေလျံမှုများဖြစ်ပေါ်၍ အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်နေ...


float1
float2
float3
float4
float5
နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ စက်တင်ဘာလ ၂၈ ရက် နေ့ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။  နေပြည်တော်ကောင်စီနယ်မြေ  တွင်းရှိ မြို့မဈေးအနီးတစ်ဝှိုက်၊ သပြေကုန်းဈေး၊ ကျောက်မျက်ရတနာပြတိုက်အနီး၊ ပျဉ်းမနားမြို့ပေါ်ရှိ ရပ်ကွက်များ၊ လယ်ဝေးမြို့နယ်တွင်းရှိ ကျေးရွာတို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။ လယ်ဝေးမြို့နယ် ရုံးပင်အုပ်စု ငှက်ပျောတောကျေးရွာ၌ ချောင်းရေမြင့်တက်မှုကြောင့် ကျေးရွာအတွင်း နေအိမ်များ၊ လယ်ကွင်းများတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေ၍ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများနှင့် တာဝန်သိပြည်သူများက ရွာသူ၊ ရွာသားများအား ပျဉ်းမနားလယ်ဝေး မြို့ရှောင်လမ်းပေါ်သို့ ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
'' မနေ့ ညနေကတည်းက ရွာတဲ့မိုးကတစ်ညလုံးနီးပါးဆက်တိုက် ရွာခဲ့လို့ နေပြည်တော်မြို့ပေါ်ရော ကျေးရွာတွေပါ ရေကြီးခဲ့ပါတယ်။ ပျဉ်းမနားမြို့ပေါ်မှာဆိုရင် ရပ်ကွက်တိုင်းလိုလို ရေလျှံနေပါတယ်။ ကျွန်တော်တို့ အိမ်ဝိုင်းထဲမှာဆို ရေကဒူးလောက်ထိ နစ်မြှပ်နေပါတယ်။ အချို့ကျောင်းတွေဆိုရင် ပိတ်ထားခဲ့ရတယ်'' ဟုပျဉ်းမနားမြို့နယ်၊ပေါင်းလောင်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆိုပါသည်။
လယ်ဝေးမြို့နယ်၊ ငှက်ပျော တောကျေးရွာတွင်းနေထိုင်သူတစ်ဦး ကလည်း '' ဒီနှစ်ရွာသွန်းခဲ့တဲ့မိုးတွေ ထဲမှာ မနေ့ညကရွာတဲ့မိုးက စံချိန်တင် ရွာသွန်းခဲ့ပါတယ်။ မိုးရွာသွန်းချိန်ကြာလို့ မိုးရေနဲ့တင်ရွာထဲမှာ ရေလျှံခဲ့ပါတယ်။မနက်လည်းလင်းရော   ရွာဘေးက ချောင်းရေတဖြည်းဖြည်း  မြင့်တက်လာပြီးရွာထဲမှာရေတွေအရမ်း များလာပြီး ရွာထဲမှာမနေရဲတော့ဘူး။  ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာ ပြီး ရွာထဲက လူတွေကို ရေဘေးက လွတ်ရာကို ကယ်တင်ဖို့ ကယ်ဆယ် ရေးအဖွဲ့တွေ ရောက်လာပြီး ကူညီပေးခဲ့ပါတယ်''  ဟု ရှင်းပြခဲ့ပါသည်။
ကျေးရွာများတွင် ရေကြီးရေလျံမှုများဖြစ်ပေါ်သည့်အပြင် လယ်ကွင်းများတွင်ပါ ရေလျံမှုများကြောင့် စပါးခင်းများရေမြှပ်ခဲ့ကြောင်း သိရသည်။
http://www.first-11.com/index.php?option=com_content&view=artic...

1 comments:

  1. ဟုတ်မမ ..... ဖတ်သွားပါတယ်နော် .....

    ReplyDelete