Pages

Wednesday, September 21, 2011

ဒေါ်လာထုတ်စက်ငါ့မှာရှိရင် ဧရာဝတီကို ၀ယ်ထားမယ်..............




https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPR_vl2J_B5gf5m5odqbwlrTgEVuccHD2N2nThJrsYhSNRF4KgJEhDySg7-EpoGsVzinViaWw25QAQiKdsRSiLwgrL5g1lvYXZ-_RZxyqAJxgH1xxX_k4GAh_mXOUQ4s43XRSthn6TIrU/s640/irrawaddy+Scene.jpg
http://farm1.static.flickr.com/123/347698574_a92f581690.jpghttp://www.exotissimo.com/blog/wp-content/uploads/2011/02/MYR-Irrawaddy-River-view-near-Bagan.jpg.




သင်မလာနဲ့

သင်လာခဲ့ရင်အမိမြေမှာ  ရင်သွေးရင်နှစ်သယံဇာတ  သားသမီးတွေ
ကွယ်ပျောက်တယ်လေ
သင်မလာနဲ့
သင်လာခဲ့ရင်အမိမြေမှာ  တောတောင်ရေမြေ
ရွက်ပြတ်တောနှင့် ရိုးတံကိုင်းခြောက်
 သစ်တောပြုန်းလို့ စိမ်းစိုကွယ်ပျောက်
သင်မလာနဲ့
သင်လာခဲ့ရင်ငါ့အမိမြေမှာ   တန်ဖိုးထားရာ
ကျောက်သံပတ္တမြား  စိန်ရွှေရတနာ
ဇယ်တောက်ကစားဖို့ကွယ်ပျောက်တယ်ေ

သင်မလာနဲ့


သင်လာရင်လေ   ပြည်သူအများ


အလုပ်ကျွေးပြုသော  မြစ်မဟာဧရာ


အယုတ်အလတ်  အမြတ်မရွေး

 တိုင်းချစ်ပြည်ချစ်   သမီးပျိုလေး

မိဧရာမှာ    သူ၏ပုံသဏ္ဍန်  သူ၏ဟန်ပန်


လှပလွန်းတော့  ပုံစံပြောင်းလဲ


သတင်းကြီးသော ရွှေမင်းသမီးလို


၇ ပိုင်း ပိုင်းပြီး  ၇ ပြည်ထောင်မှ


မင်းညီမင်းသား  စစ်ခင်းပြိုင်သလို


ပြည်သူအများ ရတက်ပွားအောင်


တိုင်းပြည်အနှံ့  ကြေငြာမောင်းခတ်


မိဧရာခေါ်  ဧရာဝတီကို


ဒေါ်လာထုတ်စက်ငါ့မှာရှိရင် မိဧရာကိုဝယ်ထားမယ်


မိဧရာခေါ်  ဧရာဝတီကို


သူစရိုက်သူဟန်  သင်လာခဲ့ရင်ပျောက်ပျက်မှာဆိုး


ကြည့်လိုက်စမ်းပါ  ချောင်းကောတိမ်ပျောက်


သိပ္ပံ  ထွန်းကားလူတို့ရွာတွင်


သဘာဝပျောက်   ဒုက္ခရောက်၍


လူသားသတ္တ၀ါ သေကြပျက်စီး


 
မြည်ဟည်းပင်လယ်

သဘာဝဘေးဒဏ်  ကြုံနေတယ်


ကြည့်လိုက်စမ်းပါ


မြစ်ဧရာဟာ   လျှိုဝှက်ပုံသဏ္ဍန်


အမျိုးမျိုးဆောင်လို့


သင်လာခဲ့ရင်  ပျက်စီးပျောက်ကွယ်သွားတတ်တယ်


သင်မလာနဲ့ သင်လာခဲ့ရင်


အမိမြေမှ  မြေဆီလည်းပျောက် ရေလည်းနောက်

 ရိုးတံကိုင်းခြောက် ရွက်ပြတ်တောမှာ

သူ၏အဖော်  သယံဇာတ

 ရေ မြေ တော တောင် မြေပေါ်မြေအောက်


ရေပေါ် ရေအောက်

ဧရာဝတီပါ သင့်ကြောင့်ပျောက်မှာဆိုးမိတယ်  .....

ဧရာဝတီ ခေါ် မိဧရာသူလဲ ပျောက်မှာဆိုးမိတယ်

ဒါကြောင့်သင်မလာပါနဲ့


သင်မလာနဲ့.......


မိဧရာခေါ်  ဧရာဝတီကို


ဒေါ်လာထုတ်စက်ငါ့မှာရှိရင် မိဧရာကိုဝယ်ထားမယ်


ဒို့ဘိုးဘွားမြေ  ရိုးရာမပျက်  ဓလေ့မပျောက်


ထိန်းသိမ်းကာကွယ်ထားသင့်တယ်


ဒို့ဘိုး  ဒို့ဘွားရေမြေ တောတောင်သယံဇာတ

 တစ်ယောက် တစ်ခြမ်း ပိုင်ဆိုင်ခြင်းစပ်

ကပြားလေးတွေဖြစ်နေတယ်

ဒို့ဘိုးဘွား အမွေအနှစ်မို့  ချစ်မြတ်နိုးလို့

 ဒေါ်လာထုတ်စက်ငါ့မှာရှိရင်

မိဧရာကိုဝယ်ထားမယ်.............
.

13 comments:

  1. သေချာဖတ်သွားပါတယ်မမ..

    ReplyDelete
  2. မ....မဆိုတဲ့မ....မဘဲထားပါတော့
    ဧရာဝတီသားဦးတိုးကြီးကော်မန့်မပေးခင်
    သွေးဦးဆုံးဖတ်သွားတယ်နော်

    ReplyDelete
  3. လေးစားပါတယ်မိတ်ဆွေ

    ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  4. မအားတဲ့ကြားကလာတာ လေးစား၏

    ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  5. ဦးတိုးက လာနိုင်ဘူးလေ

    မိန်းမရသွားပြီ


    သူမိန်းမက မလွတ်ဘူး မာတီမလာရဘူးပြောထားတယ်တဲ့

    ReplyDelete
  6. ခံစားလို့ ရတယ်ကျွန်တော့်အစ်မရေ....။ ကောင်းပါ့ ။

    ReplyDelete
  7. ခံစားမိတာလေး ရေးလိုက်တာပါ

    ကျွန်တော်တို့ရဲ့ဘဝ

    အနာဂါတ်ကောင်းကင်မှ သီဟက ပုံလေးတွေကို လက်ဆောင်လာပို့ပေးတော့ရေးဖွဲ့ဖြစ်တာပါ


    11:48pmတွင် စက်တင်ဘာလ 20, 2011မှာ,
    ကိုကြီး ပြောကြားခဲ့သည်က…





    မီးတစ်စအတွက်နဲ့ဧရာဝတီမချုပ်ငြိမ်းပါစေနဲ့။
    သဘာဝအတိုင်းစီးဆင်းနေပါစေလို့အနာဂတ်ကောင်းကင်က

    ဆုမွန်ကောင်းတောင်းပေးနေပါတယ်။
    Please "KEEP save the IRRAWDDY"
    ဧရာဝတီကိုကာကွယ်ကြပါ။
    ဧရာဝတီပဲ့တင်သံ
    ဧရာဝတီကိုဆုတောင်းပေးကြပါ။
     

    ReplyDelete
  8. ဧရာဝတီ

    မေခနဲ့ မေလိခ
    မြစ်နှစ်မွှာဆုံရာ
    မိခင်ဧရာဝတီ
    အမိတိုင်းပြည်ရဲ့ အသဲနှလုံး
    ပြည်သူ့သစ္စာနဲ့ ပုခုန်းထမ်းတွန်းတင်ထားတဲ့
    ကြီးမားတဲ့ ရာဇ၀င်သိန်းသန်းတို့
    ဖြတ်သန်းစီးဆင်းရာ
    ထာဝရသစ္စာရှင်။ ဧရာဝတီကို
    ငါတို့ ဘိုးဘေးဘီဘင်တွေလက်ထက်ကတည်းက
    အသက်သွေးချွေးမျက်ရည်တွေနဲ့
    စတေးပြီးရယူခဲ့ရ ။ ငါတို့ခေတ်
    စစ်အာဏာရှင်တွေလက်ထဲက
    အသက်ငင်လုဆဲ
    မြန်မာပြည်နဲ့
    မိခင်ဧရာဝတီရဲ့ ရှင်သန်ရပ်တည်မှုအတွက်
    ငါတို့သွေးအသက်ထောင်သောင်းသိန်းသန်းနဲ့
    ဥဒေါင်းသံအကြိမ်ကြိမ်ချီလို့
    နှစ်ပေါင်းများစွာရင်းတည်ခဲ့ ။ ဧရာဝတီက
    ငါတို့အသက်ဓါတ်ဖြစ်တည်မှု
    ငါတို့ရဲ့မြင့်မြတ်တဲ့ သမိုင်းဂုဏ်ရောင်
    ငါတို့အသက်ရှင်ရပ်တည်မှုရဲ့အလင်းရောင်
    ငါတို့ရဲ့ယဉ်ကျေးမှုအစဉ်အလာ
    ငါတို့ရာဇ၀င်ကိုထွန်းပြောင်ရာ
    ငါတို့မိခင်ဖြစ်တယ်ကွဲ့။ ဧရာဝတီက
    ငါတို့ရဲ့အိမ်ယာ
    ငါတို့ရဲ့တောင်ယာ
    ငါတို့ရဲ့သောက်စရာရေ
    ငါတို့အတွက်ဝမ်းစာ
    ငါတို့ရဲ့ကူးသန်းသွားလာရာ
    ငါတို့ကုန်စည်ရောင်းဝယ်ရာ
    ငါတို့ပြည်သူတွေရဲ့သမိုင်းအဆက်ဆက်ကို
    ဆက်စပ်ပေးရာဖြစ်တယ် ။ ဧရာဝတီကို
    ပြည်သူသာပိုင်တယ် ။ ဧရာဝတီ
    ထာဝရတည်စေရမယ် ။ မြန်မာပြည်တည်နေသရွှေ့
    ဧရာဝတီတည်နေစေရမယ် ။ ဧရာဝတီအတွက်
    ငါတို့အသက်ကိုပေးဆပ်စွန့်လွှတ်ရန်
    အဓိဋ္ဌာန်ပြုပါတယ် ။ အို အမေ
    ဧရာဝတီ
    နီ၍စီးလေ့ စီးလေလေ့ ။ နီလွင်သွေး(ဒဿနိက)

    ReplyDelete
  9. မြစ်မဟာ ရင်တွင်း

    သောက အခင်းအကျင်း

    မင်းမြင်တတ်ရင် သိလိမ့်မယ် ။ ။

    ဆိုစကား မနေသာ

    သူ့ ရင်တွင်းမှာ

    ပြုခဲ့ ကျေးဇူး အထူးထူးကို

    ဆပ်ဖူး ကြုံလို့  ဆပ်ကြကွယ် ။ ။

    ကဗျာ ချစ်သူ

    ခင်တဲ့ နီယွန်....

    ဝမ်းမြောက်မိပါတယ် မ...မ ....

    ချစ်သော ဧရာဝတီ အတွက်

    တနည်း တနည်း နဲ့  တက်နိုင်သမျှ

    တို့ တတွေ့  ကာကွယ်ကြပါစို့ လားဗျာ ။ ။

    ReplyDelete
  10. မမ ...အရမ်းတော်တယ် ... ။
    ထပ်တူခံစားသွားပါတယ် ... ။

    ReplyDelete
  11. လေးစားပါတယ်ဦးမြူရယ်






    ဒို့ဘိုးဘွား အမွေအနှစ်မို့ချစ်မြတ်နိုးပေ....

    ReplyDelete