Pages

Friday, September 23, 2011

ဒေါ်လာထုတ်စက်ငါ့မှာရှိရင် ဧရာဝတီကို ၀ယ်ထားမယ်..............

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPR_vl2J_B5gf5m5odqbwlrTgEVuccHD2N2nThJrsYhSNRF4KgJEhDySg7-EpoGsVzinViaWw25QAQiKdsRSiLwgrL5g1lvYXZ-_RZxyqAJxgH1xxX_k4GAh_mXOUQ4s43XRSthn6TIrU/s640/irrawaddy+Scene.jpg
http://farm1.static.flickr.com/123/347698574_a92f581690.jpghttp://www.exotissimo.com/blog/wp-content/uploads/2011/02/MYR-Irrawaddy-River-view-near-Bagan.jpg.







သင်မလာနဲ့


သင်လာခဲ့ရင်အမိမြေမှာ  ရင်သွေးရင်နှစ်သယံဇာတ  သားသမီးတွေ ကွယ်ပျောက်တယ်လေသင်မလာနဲ့ သင်လာခဲ့ရင်အမိမြေမှာ  တောတောင်ရေမြေ ရွက်ပြတ်တောနှင့် ရိုးတံကိုင်းခြောက်  သစ်တောပြုန်းလို့ စိမ်းစိုကွယ်ပျောက်သင်မလာနဲ့ သင်လာခဲ့ရင်ငါ့အမိမြေမှာ   တန်ဖိုးထားရာ ကျောက်သံပတ္တမြား  စိန်ရွှေရတနာ ဇယ်တောက်ကစားဖို့ကွယ်ပျောက်တယ်ေ

သင်မလာနဲ့


သင်လာရင်လေ   ပြည်သူအများ


အလုပ်ကျွေးပြုသော  မြစ်မဟာဧရာ


အယုတ်အလတ်  အမြတ်မရွေး

 တိုင်းချစ်ပြည်ချစ်   သမီးပျိုလေး

မိဧရာမှာ    သူ၏ပုံသဏ္ဍန်  သူ၏ဟန်ပန်


လှပလွန်းတော့  ပုံစံပြောင်းလဲ


သတင်းကြီးသော ရွှေမင်းသမီးလို


၇ ပိုင်း ပိုင်းပြီး  ၇ ပြည်ထောင်မှ


မင်းညီမင်းသား  စစ်ခင်းပြိုင်သလို


ပြည်သူအများ ရတက်ပွားအောင်


တိုင်းပြည်အနှံ့  ကြေငြာမောင်းခတ်


မိဧရာခေါ်  ဧရာဝတီကို


ဒေါ်လာထုတ်စက်ငါ့မှာရှိရင် မိဧရာကိုဝယ်ထားမယ်


မိဧရာခေါ်  ဧရာဝတီကို


သူစရိုက်သူဟန်  သင်လာခဲ့ရင်ပျောက်ပျက်မှာဆိုး


ကြည့်လိုက်စမ်းပါ  ချောင်းကောတိမ်ပျောက်


သိပ္ပံ  ထွန်းကားလူတို့ရွာတွင်


သဘာဝပျောက်   ဒုက္ခရောက်၍


လူသားသတ္တ၀ါ သေကြပျက်စီး


 
မြည်ဟည်းပင်လယ်

သဘာဝဘေးဒဏ်  ကြုံနေတယ်


ကြည့်လိုက်စမ်းပါ


မြစ်ဧရာဟာ   လျှိုဝှက်ပုံသဏ္ဍန်


အမျိုးမျိုးဆောင်လို့


သင်လာခဲ့ရင်  ပျက်စီးပျောက်ကွယ်သွားတတ်တယ်


သင်မလာနဲ့ သင်လာခဲ့ရင်


အမိမြေမှ  မြေဆီလည်းပျောက် ရေလည်းနောက်

 ရိုးတံကိုင်းခြောက် ရွက်ပြတ်တောမှာ

သူ၏အဖော်  သယံဇာတ

 ရေ မြေ တော တောင် မြေပေါ်မြေအောက်


ရေပေါ် ရေအောက်

ဧရာဝတီပါ သင့်ကြောင့်ပျောက်မှာဆိုးမိတယ်  .....

ဧရာဝတီ ခေါ် မိဧရာသူလဲ ပျောက်မှာဆိုးမိတယ်

ဒါကြောင့်သင်မလာပါနဲ့


သင်မလာနဲ့.......


မိဧရာခေါ်  ဧရာဝတီကို


ဒေါ်လာထုတ်စက်ငါ့မှာရှိရင် မိဧရာကိုဝယ်ထားမယ်


ဒို့ဘိုးဘွားမြေ  ရိုးရာမပျက်  ဓလေ့မပျောက်


ထိန်းသိမ်းကာကွယ်ထားသင့်တယ်


ဒို့ဘိုး  ဒို့ဘွားရေမြေ တောတောင်သယံဇာတ

 တစ်ယောက် တစ်ခြမ်း ပိုင်ဆိုင်ခြင်းစပ်

ကပြားလေးတွေဖြစ်နေတယ်

ဒို့ဘိုးဘွား အမွေအနှစ်မို့  ချစ်မြတ်နိုးလို့

 ဒေါ်လာထုတ်စက်ငါ့မှာရှိရင်

မိဧရာကိုဝယ်ထားမယ်.............
.

0 comments:

Post a Comment