Pages

Tuesday, February 1, 2011

မပြောင်းလည်းသောအချစ် ♥, ချစ်သူရေးသောကဗျာတစ်ပုဒ်

မပြောင်းလည်းသောအချစ် 


ချစ်သူရေ...
ငါစဉ်းစားတယ်...လှပတဲ့  အရောင်တွေလှပတဲ့ ကောင်းကင်တွေဟာ..
မင်းရဲ့ အလှအပ တွေလိုမျိုးပဲ..

မနက်ဖန်နေထွက်တဲ့  အလင်းရောင်ဟာလဲ တောက်ပနေတယ်
.ငါသိပြီ မင်းရဲ့ အချစ်တွေ ဟာ....ငါ့ ရဲ့ အိမ်မက်ထဲကို အရောက်လာခဲ့ တယ်
ငါ မဖိတ်ခေါ်ပဲလေ.....တောင်ပံတွေမရှိပဲနင်ရောက်လာတယ်
နင့်အချစ်တွေ ဟာ ငါ့ နှလုံးသားထဲ နေထိုင်နေခဲ့ တယ်
နင့်ရဲ့ အချစ်တွေကြောင့် ငါ့ မှာမျက်ရည်တွေဖြစ်စေခဲ့ တယ်
အဲ့ မျက်ရည်တွေဟာ..၀မ်းနည်းလို့ ကျတဲ့ မျက်ရည်တွေ မဟုတ်ဘူးကွယ်
ငါဟာမင်းရဲ့ အကြောင်းတွေကို မသိချင်ဘူး
ငါ့  အသိပညာနဲနဲသာရမယ်ဆိုရင်
ငါ မင်းရဲ့ စကားလုံးတွေကိုဘာသာပြန်နိုင်
တယ် ဟာ
ငါမင်းကိုပြောပြနိုင်တယ်
ငါ ဟာဘယ်သူဘယ်ဝါဆိုတာတောင်မေ့သွား
တယ် အချစ်
ငါမပြောနိုင်တော့ ဘူး
မင်းကငါ့ ကိုစိုးမိုးလွန်းတယ်
ခု ငါ ခန္ဒာကိုယ် ဟာ ငါ မဟုတ်တော့ ဘူး
ငါ မင်းကိုအချစ်စကားတွေ ပြောမယ် ဆိုရင်တောင်
ပြောစရာမလိုတော့ ဘူးထင်တယ်
ငါ အချစ်တွေ ဟာ ဆက်လက်တည်တံ့နေမှာပါ
ခုတင် မဟုတ်ဘူး နောင်လဲ တည်ရှိနေမှာပါ။။

ချစ်သူရေးသောကဗျာတစ်ပုဒ်
♥,<3

8 comments:

  1. မပြောင်းလဲတဲ့ အချစ်တွေက တည်မြဲ တည်ဆဲပါပဲ ...... အားပေးသွားပါတယ် မမ ..... ပျော်ရွှင်ချမ်းမြေ့ပါစေ .....

    ReplyDelete
  2. မပြောင်းလဲတဲ့ အချစ်တွေကနောင်လဲ တည်ရှိနေမှာပါ။။

    မဟေလေး ကျန်းမာပျော်ရွှင်ပါစေ...။

    ReplyDelete
  3. မင်းကငါ့ ကိုစိုးမိုးလွန်းတယ်
    ခု ငါ ခန္ဒာကိုယ် ဟာ ငါ မဟုတ်တော့ ဘူး
    ငါ မင်းကိုအချစ်စကားတွေ ပြောမယ် ဆိုရင်တောင်
    ပြောစရာမလိုတော့ ဘူးထင်တယ်
    ငါ အချစ်တွေ ဟာ ဆက်လက်တည်တံ့နေမှာပါ
    ခုတင် မဟုတ်ဘူး နောင်လဲ တည်ရှိနေမှာပါ။။
    မ..မအချစ်တွေတည်မြဲတည်ဆဲနေနော်မ..မ
    သွေးဖတ်သွားတယ်နော်မ..မ
    မ..မချစ်သလိုမ..မပေါ်ချစ်နိုင်တဲ့သူနဲ့တွေ့ ပါစေမ..မ

    ReplyDelete
  4. မမ ရဲ့ စာတွေကအလွမ်းတွေပဲများနေတော့ ကျွန်တော်ခံစားရတယ်ဗျ ပျော်စရာစာတွေလည်းရေးပါအုံးဗျာ

    ReplyDelete
  5. အမြဲတည်တံ့သော အချစ်များပိုင်ဆိုင်စေသတည်းးးးး
    အလွမ်းနယ်မှ ဝေးစေသတည်းးးးးး

    ReplyDelete


  6. သူပေးသောအလွမ်း တရံတဆစ်မျှ

    ဝေးစေအောင် ပုံဖော်ဆောင်ညွန်း

    မတတ်နိုင်ဘူးဖြစ်နေတယ်.............။

    ယူတဲ့သူက ကိုယ်ကိုတိုင်မို့

    အလွမ်းဇာတ်ကြည့်ဖြစ်နေတယ်...........။



    ReplyDelete
  7. အချစ်ကဗျာတွေ ဖတ်ရတာ အားမရှိလှဘူး.........ဟီး။

    ReplyDelete
  8. ဟုတ်ကဲ့..ရေးပါမယ်...သင်ပေးနော်...........;P

    ReplyDelete