Pages

Tuesday, February 8, 2011

အွန်လိုင်းရွှေဝတ္ထုတိုဆု ပထမအကြိမ်ရွေးချယ်ခြင်း

အွန်လိုင်းရွှေဝတ္ထုတိုဆု ပထမအကြိမ်ရွေးချယ်ခြင်း

အွန်လိုင်းစာပေလောကအတွက် တန်ဖိုးရှိသော စာပေဆုလေးတစ်ဆုကို စတင်ဖန်တီးလိုက်ပါပြီ။ ထိုဆုမှာ အွန်လိုင်းပေါ်တွင် ရေးသားထားသော ဝတ္ထုများထဲမှရသအပေးနိင်ဆုံး ဝတ္ထုကို ရွေးချယ်ပေးမည့် အကောင်းဆုံးရသဝတ္ထုတိုဆု ဖြစ်ပါသည်။ ဤအစီအစဉ်သည် အွန်လိုင်းပေါ်တွင် ဝါသနာသက်သက်ဖြင့် စာရေးသားနေကြသော ဝါသနာရှင်များအတွက် ရသစာပေကို ပိုမိုအာရုံစိုက် ရေးသားလာကြစေရန် အဓိက ရည်ရွယ်ပါသည်။

ဤဆုရွေးချယ်ရာတွင် ဘလော့ဂ်ဂါများ ရေးသားထားသည့် ဝတ္ထုတိုများထဲမှ အကောင်းဆုံးရသဝတ္ထုတိုကို ၃ လတကြိမ် ရွေးချယ်ကာ ဆုကြေးချီးမြှင့်မှာ ဖြစ်ပြီး ဆုကြေးကတော့ အမေရိကန်ဒေါ်လာ 100 (တစ်ရာ) ဖြစ်ပါသည်။ ဤဆုအမည်ကိုတော့ အွန်လိုင်းရွှေဝတ္ထုတိုဆု ဟုအမည်ပေးထားပါသည်။

ဤအစီအစဉ်အတွက် စာရေးသူများနှင့် စာဖတ်သူများထံမှာ အဓိကကျသော အကူအညီကိုလည်း လိုအပ်ပါသည်။ စာရေးသူများအနေနှင့် ကိုယ်တိုင်ရေးဝတ္ထုတိုစစ်စစ်များကို စိတ်ဝင်တစား ပိုမိုရေးသားခြင်းဖြင့် ရသစာပေပိုမိုထွန်းကားအောင် ကိုယ်စီကိုယ်စီ ကူညီပေးစေချင်ပါသည်။ မိမိတို့၏ ဝတ္ထုတိုများကို တကူးတက ပြိုင်ပွဲဝင်ရန် မလိုအပ်ဘဲ ပုံမှန်ပို့စ်တင်နေကြအတိုင်း တင်ထားသည့်အထဲမှ အကဲဖြတ်အဖွဲ့က ဖတ်ရှုပြီး ရွေးချယ်မှာဖြစ်ပါသည်။ သို့မဟုတ် စာရေးသူကိုယ်တိုင် thebestnovel@gmail.com နှင့် admin@thebestnovel.com သို့ ဝတ္ထုတို တပုဒ်လုံးဖြစ်စေ ထိုဝတ္ထုတို၏ link ဖြစ်စေ ပေးပို့ပြီး ကူညီနိင်ပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် မိမိတို့ဖတ်ခဲ့ဖူးပြီး နှစ်သက်သဘောကျသည့် ရသဝတ္ထုတိုလေးများ၏ လင့်လေးများကို cbox မှာ ဖြစ်စေ comment ထဲတွင်ဖြစ်စေ ချန်ခဲ့ပေးပြီး ကူညီစေချင်ပါသည်။ ကျွန်တော်တို့အနေနှင့် လက်လှမ်းမှီသလောက် စာတွေဖတ်မှာဖြစ်သော်လည်း ဘလော့ဂ်တိုင်းကိုတော့ သိနိင်မည်မဟုတ်ပါ။ ထို့ကြောင့် စာဖတ်ပရိတ်သတ်များက မိမိတို့နှစ်သက်သည့် ဝတ္ထုတိုများ၏ လင့်ကလေးများ ချန်ထားခဲ့ပေးခြင်းဖြင့် ကူညီစေချင်ပါသည်။ စာရေးသူနှင့် စာဖတ်သူများ အတူတကွ ပူးပေါင်းပြီး ရသစာပေ ပိုမိုထွန်းကားလာစေဖို့ ကူညီကြိုးပမ်းပေး စေချင်ပါသည်။

ဆုရွေးချယ်ရာတွင် လိုအပ်သောစည်းကမ်းချက်များမှာ...

၁။ စာမူရှင်တွင် ကိုယ်ပိုင်ဆိုဒ် တစ်ခုရှိရမည်။ အစုအဖွဲ့ဖြင့်ရေးသားသော ဆိုဒ်မဖြစ်ရပါ။

၂။ စာမူရှင်၏ဆိုဒ်သက်တမ်းသည် ဆုပေးမည့်ကာလမတိုင်မှီ ၆ လခန့်က တည်ဆောက်ထားသော ဆိုဒ်ဖြစ်ရမည်။ ယခုမှ စတင်တည်ဆောက်မည့် ဆိုဒ်အနေဖြင့် ဒုတိယအကြိမ်ဆုပေးပွဲရောက်မှသာ ပါဝင်နိင်မည်။

၃။ ကျစ်ကျစ်လစ်လစ်နှင့် လက်လှမ်းမှီ ရွေးချယ်နိင်ရန်အတွက် (.com) (.net) (blogspot) (co.cc) (wordpress) (info) တို့တွင် ရေးသော ဝတ္ထုတိုများကိုသာ ရွေးချယ်ပါမည်။

၎။ဝတ္ထုတိုသည် ရသပေါ်လွင်ရမည်။ အဓိကအချက်မှာ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ရမည်။ ဘာသာပြန်မဖြစ်ရပါ။ မှီငြမ်းထားခြင်းမဖြစ်ရပါ။ ကူးယူဖော်ပြခြင်း မဖြစ်ရပါ။

၅။ ဇကာတင်ရွေးချယ်သော ဝတ္ထုတိုသည် ရွေးချယ်မည့်အချိန်မတိုင်မှီ ၂ လ အတွင်း တင်ခဲ့သော ဝတ္ထုတိုဖြစ်ရမည်။ ပထမအကြိမ်ဆုပေးရန်အတွက် ၂၀၁၁ခုနှစ် ၁ လပိုင်းမှ ၃လပိုင်း ၁၅ ရက်နေ့အတွင်း တင်ထားသော ဝတ္ထုတိုများကိုသာ ရွေးချယ်ပါမည်။ ထို့ထက်ရှေးကျသော ဝတ္ထုတိုများကို ရွေးချယ်မည်မဟုတ်ပါ။

၆။ ဝါသနာရှင်စာရေးသူများအတွက် အဓိကရည်ရွယ်ခြင်းကြောင့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားနေသော နာမည်ရ စာရေးဆရာများ၏ ဝဘ်ဆိုဒ်မှဝတ္ထုတိုများကို ထည့်သွင်းရွေးချယ်မည်မဟုတ်ပါ။

၇။ စာရေးသူကိုယ်တိုင် ပေးပို့ခြင်းဖြစ်လျင် ပြိုင်ပွဲတစ်ကြိမ်အတွက် အများဆုံး ၃ ပုဒ်အထိသာ ပေးပို့ယှဉ်ပြိုင်ခွင့်ရှိမည်။

၈။ အကောင်းဆုံးရသဝတ္ထုတိုဆုအတွက် ရွေးချယ်ရာတွင် အကဲဖြတ်ဒိုင်များ၏ ဆုံးဖြတ်ချက်များအတိုင်းသာ ရွေးချယ်ပါမည်။

၉။ အမှတ်ပေးစနစ်ဖြင့် ရွေးချယ်မည်ဖြစ်တာကြောင့် အကဲဖြတ်ဒိုင်များပေးသော အမှတ်အများဆုံးရသည့် ဝတ္ထုတိုကိုသာ ဆုချီးမြှင့်ပါမည်။

၁၀။ပထမအကြိမ်အတွက် ၂၀၁၁ခုနှစ်၏ ၄ လပိုင်း လဆန်းတွင် ဆုကြေငြာပါမည်။

ဆုရွေးချယ်ပုံမှာ အဆင့် ၂ ဆင့်ထားရှိကာ ရွေးချယ်မည်ဖြစ်သည်။ ပထမအဆင့်အတွက် ဝါရင့်ဘလော့ဂ်ဂါများဖြင့် စုဖွဲ့ထားသောဇကာတင်ရွေးချယ်ရေးအဖွဲ့မှ ဇကာတင် ၅ ပုဒ်ကို အမှတ်ပေးစနစ်ဖြင့် အရင်ရွေးချယ်ပါမည်။ ဇကာတင်ရွေးချယ်ရေးအဖွဲ့သားများသည် တစ်ဦးလျင် အမှတ်၂၀ ပေးခွင့်ရှိပါသည်။ အမှတ်အများဆုံးရရှိသော ဇကာတင် ၅ ပုဒ်အတွင်းမှ အကောင်းဆုံး တစ်ပုဒ်ကို အကဲဖြတ်ဒိုင်၅ဦးက အမှတ်ပေးစနစ်ဖြင့် ထပ်မံရွေးချယ်မှာ ဖြစ်ပါသည်။ အကဲဖြတ်ဒိုင်၅ဦးသည်လည်း တစ်ဦးလျင် အမှတ်၂၀ ပေးပိုင်ခွင့်ရှိမည်။

ရွေးချယ်ခံရသော ဝတ္ထုတိုအတွက် ဆုကြေး ဒေါ်လာတစ်ရာနှင့်အတူ ဂုဏ်ပြုလက်မှတ် ပေးပို့မှာ ဖြစ်ပါသည်။ အကောင်းဆုံးဆုရရှိသော ဝတ္ထုတိုအတွက် မူရင်းစာရေးသူထံ အကြောင်းကြား ဆက်သွယ်ပါမည်။ အမှတ်တူ ၂ဦးဖြစ်နေပါက ဆုကြေးကို အညီအမျှ ခွဲဝေပေးပါမည်။ အမှတ်တူ ၃ ဦးဖြစ်နေခဲ့လျင်တော့ ထို၃ဦး၏ ဝတ္ထုတို၃ပုဒ်ထဲမှ အကောင်းဆုံးဝတ္ထုတို၁ပုဒ်ကို အကဲဖြတ်ဒိုင် ၅ ဦးမှ နောက်တကြိမ် ပြန်လည် ရွေးချယ်ပါမည်။ ထိုသို့ရွေးချယ်ရာတွင်တော့ အမှတ်ပေးစနစ်ဖြင့် မဟုတ်ဘဲ မိမိတို့ အနှစ်သက်ဆုံး တစ်ပုဒ်ကိုသာ ရွေးချယ်ကြရမှာဖြစ်ပါသည်။

ဆုရရှိသော ဝတ္ထုတိုသည် ဘာသာပြန်ထားခြင်း ၊ မှီငြမ်းရေးသားထားခြင်း၊ ကူးယူဖော်ပြခြင်းများ ဆိုသည်ကို ဆုကြေငြာပြီး ၅ ရက်အတွင်း အထောက်အထားဖြင့် ကန့်ကွက်နိင်သည်။ ၅ ရက်ပြည့်မြောက်သည်အထိ ကန့်ကွက်သူ မရှိပါက ဆုရရှိသူကို အတည်ပြုပြီး ဆုကြေးဒေါ်လာ ၁၀၀ (တစ်ရာ) နှင့် ဂုဏ်ပြုလက်မှတ် ပေးအပ်မည် ဖြစ်သည်။

အကောင်းဆုံးရသဝတ္ထုတိုဆုကို ၃ လတကြိမ် ဆုချီးမြှင့်ခြင်းဖြစ်သောကြောင့် ဒုတိယအကြိမ်အတွက် ၇ လပိုင်း၊ တတိယအကြိမ်အတွက် ၁၀ လပိုင်း၊ စတုတ္ထအကြိမ်အတွက် ၂၀၁၂ခုနှစ် ၁ လပိုင်း တို့တွင် အသီးသီး ကြေငြာပါမည်။

အကဲဖြတ်ဒိုင်များအဖြစ်...
ဦးဝင်းဖေ
ဦးဝင်းငြိမ်း(ရွှေအမြုတေမဂ္ဂဇင်း)
ဆရာမခင်ခင်ထူး
ဆရာနေဝင်းမြင့်
ဦးမင်းဒင်
တို့မှ စေတနာမေတ္တာဖြင့် အကဲဖြတ်ဒိုင်များအဖြစ် ကူညီပေးကြပါမည်။

ဤအစီအစဉ်အတွက် စပွန်ဆာပေးပြီး ကူညီသူများကတော့....

ဦးဝင်းငြိမ်း(ရွှေအမြုတေမဂ္ဂဇင်း)
အရှေ့လေ(သတင်းနှင့်ရသစုံဝဘ်ဆိုဒ်)
ကိုအောင် (ပျူနိင်ငံ)
မြစ်ကျိုးအင်း
မေသိမ့်သိမ့်ကျော်
နှင်းဆီသံစဉ်(ချောကလက်မြို့တော်)

ဤဆုသည် အဖွဲ့အစည်းတစ်ခုခု၏ လက်အောက်ခံအနေဖြင့် ကျင်းပခြင်းမဟုတ်ပါ။ ဘလော့ဂ်ဂါမြစ်ကျိုးအင်းမှ စတင်အကောင်အထည်ဖော်ပြီး ကိုအောင်(ပျူနိင်ငံ)နှင့် အခြားဘလော့ဂ်ဂါ များဖြင့် စုပေါင်းထားသော အွန်လိုင်းရွှေဝတ္ထုတိုရွေးချယ်ရေးအဖွဲ့မှစီစဉ်ခြင်း ဖြစ်ပါသည်။
အသေးစိတ်ထပ်မံသိလိုသည်များ ရှိပါက admin@thebestnovel.com သို့ဖြစ်စေ thebestnovel@gmail.com သို့ဖြစ်စေ mail ပို့၍ဆက်သွယ်မေးမြန်းနိင်ပါသည်။

ပထမဆုံးအကြိမ် ဖြစ်တာကြောင့် လိုအပ်ချက်များရှိနိင်ပါသည်။ ထို့ကြောင့်စာဖတ်သူများထံမှ ကောင်းမွန်သည့် အကြံဥာဏ်များကိုလည်း ဝိုင်းဝန်းပေးကြစေလိုပါသည်။

ရသစာပေကို တိုးတက်စေလိုသော စာဖတ်ပရိတ်သတ်များအနေဖြင့်လည်း ဆုကြေးကို ပါဝင်ချီးမြှင့်ခြင်းဖြင့် ကူညီနိင် ပါသည်။

အွန်လိုင်းရွှေဝတ္ထုတိုရွေးချယ်ရေးအဖွဲ့
Posted by ရသဝတ္ထုတိုရွေးချယ်ခြင်း at 3:05 AM Email This BlogThis! Share to Twitter Share to Facebook Share to Google Buzz
Labels: ကြေငြာချက်
Thursday, January 13, 2011
0 comments
စည်းကမ်းချက်များနှင့်ရွေးချယ်ပုံ
ဆုရွေးချယ်ရာတွင် လိုအပ်သောစည်းကမ်းချက်များမှာ...

၁။ စာမူရှင်တွင် ကိုယ်ပိုင်ဆိုဒ် တစ်ခုရှိရမည်။ အစုအဖွဲ့ဖြင့်ရေးသားသော ဆိုဒ်မဖြစ်ရပါ။

၂။ စာမူရှင်၏ဆိုဒ်သက်တမ်းသည် ဆုပေးမည့်ကာလမတိုင်မှီ ၆ လခန့်က တည်ဆောက်ထားသော ဆိုဒ်ဖြစ်ရမည်။ ယခုမှ စတင်တည်ဆောက်မည့် ဆိုဒ်အနေဖြင့် ဒုတိယအကြိမ်ဆုပေးပွဲရောက်မှသာ ပါဝင်နိင်မည်။

၃။ ကျစ်ကျစ်လစ်လစ်နှင့် လက်လှမ်းမှီ ရွေးချယ်နိင်ရန်အတွက် (.com) (.net) (blogspot) (co.cc) (wordpress) (info) တို့တွင် ရေးသော ဝတ္ထုတိုများကိုသာ ရွေးချယ်ပါမည်။

၎။ စာမူ(ဝတ္ထုတို)သည် ရသပေါ်လွင်ရမည်။ အဓိကအချက်မှာ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ရမည်။ ဘာသာပြန်မဖြစ်ရပါ။ မှီငြမ်းထားခြင်းမဖြစ်ရပါ။ ကူးယူဖော်ပြခြင်း မဖြစ်ရပါ။

၅။ (စာမူအသစ်များ ရေးသားစေလိုသောကြောင့်) ဇကာတင်ရွေးချယ်သော ဝတ္ထုတိုသည် ရွေးချယ်မည့်အချိန်မတိုင်မှီ ၂ လ အတွင်း တင်ခဲ့သော ဝတ္ထုတိုဖြစ်ရမည်။ ပထမအကြိမ်ဆုပေးရန်အတွက် ၂၀၁၁ခုနှစ် ၁ လပိုင်းမှ ၃လပိုင်း ၁၅ ရက်နေ့အတွင်း တင်ထားသော ဝတ္ထုတိုများကိုသာ ရွေးချယ်ပါမည်။ ထို့ထက်ရှေးကျသော ဝတ္ထုတိုများကို ရွေးချယ်မည်မဟုတ်ပါ။

၆။ ဝါသနာရှင်စာရေးသူများအတွက် အဓိကရည်ရွယ်ခြင်းကြောင့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားနေသော နာမည်ရ စာရေးဆရာများ၏ ဝဘ်ဆိုဒ်မှဝတ္ထုတိုများကို ထည့်သွင်းရွေးချယ်မည်မဟုတ်ပါ။

၇။ စာရေးသူကိုယ်တိုင် ပေးပို့ခြင်းဖြစ်လျင် ပြိုင်ပွဲတစ်ကြိမ်အတွက် အများဆုံး ၃ ပုဒ်အထိသာ ပေးပို့ယှဉ်ပြိုင်ခွင့်ရှိမည်။

၈။ အကောင်းဆုံးရသဝတ္ထုတိုဆုအတွက် ရွေးချယ်ရာတွင် အကဲဖြတ်ဒိုင်များ၏ ဆုံးဖြတ်ချက်များအတိုင်းသာ ရွေးချယ်ပါမည်။

၉။ အမှတ်ပေးစနစ်ဖြင့် ရွေးချယ်မည်ဖြစ်တာကြောင့် အကဲဖြတ်ဒိုင်များပေးသော အမှတ်အများဆုံးရသည့် ဝတ္ထုတိုကိုသာ ဆုချီးမြှင့်ပါမည်။

၁၀။ပထမအကြိမ်အတွက် ၂၀၁၁ခုနှစ်၏ ၄ လပိုင်း လဆန်းတွင် ဆုကြေငြာပါမည်။

ဆုရွေးချယ်ပုံမှာ အဆင့် ၂ ဆင့်ထားရှိကာ ရွေးချယ်မည်ဖြစ်သည်။ ပထမအဆင့်အတွက် ဝါရင့်ဘလော့ဂ်ဂါများဖြင့် စုဖွဲ့ထားသောဇကာတင်ရွေးချယ်ရေးအဖွဲ့မှ ဇကာတင် ၅ ပုဒ်ကို အမှတ်ပေးစနစ်ဖြင့် အရင်ရွေးချယ်ပါမည်။ ဇကာတင်ရွေးချယ်ရေးအဖွဲ့သားများသည် တစ်ဦးလျင် အမှတ်၂၀ ပေးခွင့်ရှိပါသည်။ အမှတ်အများဆုံးရရှိသော ဇကာတင် ၅ ပုဒ်အတွင်းမှ အကောင်းဆုံး တစ်ပုဒ်ကို အကဲဖြတ်ဒိုင်၅ဦးက အမှတ်ပေးစနစ်ဖြင့် ထပ်မံရွေးချယ်မှာ ဖြစ်ပါသည်။ အကဲဖြတ်ဒိုင်၅ဦးသည်လည်း တစ်ဦးလျင် အမှတ်၂၀ ပေးပိုင်ခွင့်ရှိမည်။

ရွေးချယ်ခံရသော ဝတ္ထုတိုအတွက် ဆုကြေး ဒေါ်လာတစ်ရာနှင့်အတူ ဂုဏ်ပြုလက်မှတ် ပေးပို့မှာ ဖြစ်ပါသည်။ အကောင်းဆုံးဆုရရှိသော ဝတ္ထုတိုအတွက် မူရင်းစာရေးသူထံ အကြောင်းကြား ဆက်သွယ်ပါမည်။ အမှတ်တူ ၂ဦးဖြစ်နေပါက ဆုကြေးကို အညီအမျှ ခွဲဝေပေးပါမည်။ အမှတ်တူ ၃ ဦးဖြစ်နေခဲ့လျင်တော့ ထို၃ဦး၏ ဝတ္ထုတို၃ပုဒ်ထဲမှ အကောင်းဆုံးဝတ္ထုတို၁ပုဒ်ကို အကဲဖြတ်ဒိုင် ၅ ဦးမှ နောက်တကြိမ် ပြန်လည် ရွေးချယ်ပါမည်။ ထိုသို့ရွေးချယ်ရာတွင်တော့ အမှတ်ပေးစနစ်ဖြင့် မဟုတ်ဘဲ မိမိတို့ အနှစ်သက်ဆုံး တစ်ပုဒ်ကိုသာ ရွေးချယ်ကြရမှာဖြစ်ပါသည်။

ဆုရရှိသော ဝတ္ထုတိုသည် ဘာသာပြန်ထားခြင်း ၊ မှီငြမ်းရေးသားထားခြင်း၊ ကူးယူဖော်ပြခြင်းများ ဆိုသည်ကို ဆုကြေငြာပြီး ၅ ရက်အတွင်း အထောက်အထားဖြင့် ကန့်ကွက်နိင်သည်။ ၅ ရက်ပြည့်မြောက်သည်အထိ ကန့်ကွက်သူ မရှိပါက ဆုရရှိသူကို အတည်ပြုပြီး ဆုကြေးဒေါ်လာ ၁၀၀ (တစ်ရာ) နှင့် ဂုဏ်ပြုလက်မှတ် ပေးအပ်မည် ဖြစ်သည်။

http://www.thebestnovel.com/

9 comments:

  1. မမရေ..mmgမှာလည်း ကြော်ငြာပေးပါအုံးလားရှင်..။
    ကျေးဇူးတင်ပါတယ်..။

    ReplyDelete
  2. မမွန်..လာပြီခုနော်................။

    လေးစားပါ၏ ကျန်းမာပျော်ရွှင်ပါစေ........။

    ReplyDelete
  3. ကောင်းတဲ့ အစီအစဉ်ကိုမျှဝေပေးလို့ ၀မ်းသာရပါတယ် ...

    ReplyDelete
  4. ကျနော်တို့ က ` မာတီ ´ဆိုတော့ ဒါနဲ့ မဆိုင်ဘူးပေါ့ ................

    ReplyDelete
  5. ၃။ ကျစ်ကျစ်လစ်လစ်နှင့် လက်လှမ်းမှီ ရွေးချယ်နိင်ရန်အတွက် တို့တွင် ရေးသော ဝတ္ထုတိုများကိုသာ ရွေးချယ်ပါမည်။

    (.com)
    (.net)
    (blogspot)
    (wordpress)
    (co.cc)
    (info)

    ReplyDelete
  6. အရမ်းကောင်းတဲ့ အစီအစဉ်လေးပါ ....

    ReplyDelete
  7. ကိုယ်ပိုင်ဝက်ဆိုက်တော့မရှိဘူး ဒါပေမယ့် ၀တ္ထုတော့ရေးချင်ရင်ဘယ်လိုလုပ်ရမလဲ ဟင် အကြံပေးနိုင်မလားရှင်
    may.2loon@gmail.com

    ReplyDelete
  8. အသေးစိတ်ထပ်မံသိလိုသည်များ ရှိပါက
    admin@thebestnovel.com သို့ဖြစ်စေ
    thebestnovel@gmail.com သို့ဖြစ်စေ
    mail ပို့၍ဆက်သွယ်မေးမြန်းနိင်ပါသည်။

    ဒီကိုမေးလိုက်နော် လွန်းလေးး

    ReplyDelete