Pages

Friday, February 25, 2011

♥ဒါကဗျာပဲ ဒါစာပဲ♥

♥ဒါကဗျာပဲ ဒါစာပဲ♥
က

ကြီးလည်းလှတယ်



ပလက်လည်းလှတယ်


ဒွေးလည်းလှတယ်

င်

ငတ်သတ်လည်းလှတယ်

ဒါကဗျာပဲ

ဒါစာပေပဲ

ဒါကိုကဗျာ မဟုတ်ဘူး ဘယ်သူငြင်းမလည်း

စာမဟုတ်ဘူး ဘယ်သူငြင်းမလည်း

စာမတတ်လည်း

က



င်

ဟယ်မောင်ရယ်ကြည့်ပါအုန်း

လှလိုက်တာနော်

ဗျိုင်းလေးတွေပျံနေတာ

နော်

ကြည့်ပါအုန်း

သားလေးဆွဲထားတာ

ဟော........

ပန်ချီလေးဖြစ်သွားတာပဲ

ကဲ ဘယ်သူဘာပြောမလည်း

တတ်သူ

နပ်သူ

နှပ်သူ

ငတ်သူ

လူတစ်စုရဲ့

လူတန်းစားအတွေး

တိုက်ပွဲဝင်ပွဲ

ရှင်းနေတာလာလာရှုတ်တယ်

ဇက်ခုတ်ချင်ရဲ့

ဒီကလောင်ဒီအသွေးကို

အမယ် မင်း တတ်သလိုထင်ပေါ့

မငြင်းတဲ့ပွဲ

လက်သီးလည်းဆုတ်ရဲ့

အံလည်းကြိတ်ရဲ့

တောက်ခေါက်သံ

ငါထပ်ထည့်ချင်

လူသတ်မယ့်ပွဲ...........ညီချင်ရင်စဉ်းတီတုန်းပေါ်
လက်ငါးချောင်တင်ကာညှိကွဲ့
ညီလိုက်မယ့်ပွဲ......

မှားသလားမောင် ..........

ထပ်ငြင်းရင်ဇက်စဉ်းချင် ......
စာရေးသူ မ..မ ကိုကစာချစ်တဲ့ပွဲ
အထင်တွေ အမြင်တွေ ကွဲ လွဲတော့

ဟင်းးးးးးးးးးးးး

လူသတ်တဲ့ပွဲ

20 comments:

  1. ဟုတ်ကဲ့ဗျ
    လာငေးသွားပါတယ်

    ReplyDelete
  2. မ...မ
    သွေးဖတ်သွားတယ်နော်မ..မ..

    ReplyDelete
  3. ( လူသတ်တဲ့ပွဲ ) အဲဒီလောက်တော့ မရက်စက်စေချင်ပါ ...
    ဖိနပ်တိုလို့ ဖနောင့်လှီးတာ မဖြစ်လျှင်ကောင်းပါတယ် ...

    ReplyDelete
  4. ဖနောင့်လှီးယုံတင်မကဖူးဆရာ
    အတွေးအခေါ်မတူညီတော့
    လူသတ်ပွဲဖြစ်တာ မြင်ဘူးတယ်ဆရာ....။

    ReplyDelete
  5. ဟုတ်မမဟုတ်
    က ကြိးက မမလည်း လှတယ်
    ယ ပလက်က မမ လည်း လှတယ်
    စလုံးက မမလည်းလှတယ်
    ဖ ထုတ်က မမလည်း လှတယ်
    မာတီက မမ လည်းလှတယ်
    ကျတော့် မမ လည်းလှတယ်
    အလှ အကြောင်းေ၇းနေတာ ကဗျာပေါ့
    ကဗျာ မဟုတ်ဘူးလို့  ဘယ်သူ ငြင်းမလည်း
    ငြင်းစမ်း ငြင်းစမ်း ငြင်းကြစမ်း
    လူတော့မသတ်ပါဘူး
    ငြင်းခုန်ခြင်းက အဖြေ၇ှာမယ်
့ငြင်းခုန်၇င်းက အလှကို ၇ှာမယ်
    ဘာဘဲပြောပြော
    ကဗျာမဟုတ်တောင်မှ ကဗျက်လောက်တော့ ဖြစ်၇မယ်နော် ။။ ။။။

    ReplyDelete
  6. ကဗျက် ကဖျက် ရဖျက်....ကုန်ရောပေါ့ ..အကုန်ဖျက်ရင်.........ကုန်ပေါ့

    ReplyDelete
  7. ဟုတ် မမရေ .... ကိုယ့်အမြင်နဲ့ ကိုယ့်ထင်နဲ့ပေါ့ .... အားပေးသွားပါတယ်နော် ....

    ReplyDelete
  8. ဟုတ်ပါ့ ညီမလေးရေ...

    ထင်တစ်လုံးနဲ့နင်လမ်းမဆုံးစေနဲ့တဲ့ညီမလေးရေ.....
    စာလည်းစား
    မစာလည်းစားတဲ့.....။

    ReplyDelete
  9. အားပေးသွားပါတယ်.....မမ....

    ReplyDelete
  10. အားပေးသွားပါတယ်.....မမ....

    ReplyDelete
  11. အားပေးသွားပါတယ်.....မမ....

    ReplyDelete
  12. အားပေးတာအားရှိ၏..။

    ReplyDelete
  13. လာဖတ်သွားပါတယ် .......အမ

    ReplyDelete
  14. မမရေ
    မင်္ဂလာပါဗျာ...
    ကဗျာလေးကို လာရောက်ခံစား သွားပါတယ်။
    "လူသတ်တဲ့ပွဲ.တဲ့''


    ခင်မင်စွာဖြင့်
    ကျော်နန္ဒ
    27/02/11

    ReplyDelete
  15. လေးစားပါတယ်....။
    ကျန်းမာပျော်ရွှင်ပါစေ.။

    ReplyDelete
  16. အမြင်မတူ ၀ိဝါဒတွေကွဲပြား လူသတ်ပွဲလားမှတ်ရတယ်.....။

    သူ့စိတ် ကိုယ့်စိတ် တူမှ မတူတာ..........။

    သူအတွေးအခေါ် နဲ့ ကိုယ့်အတွေးခေါ် တူမှ မတူတာ..........။

    ReplyDelete
  17. က


    င်
    ရေးကြည့်မယ်နော်
့ ကယဒင်
    ဘာကိုပြောတာလဲ

    ReplyDelete
  18. ညီချင်ရင်စဉ်းတီတုန်းပေါ်
    လက်ငါးချောင်တင်ကာညှိကွဲ့

    ညှိကြည့်တာ စဥ့်တီတုန်းပဲ ညီသွားတယ်...
    လက်က ရှောင်နေတော့ အရင်အတိုင်းပဲဗျ

    ReplyDelete
  19. က ကောင်းကောင်းနေ

    ယ ယုံလိုက်ပါ

    ဒ ဒီအတိုင်းပဲလား

    င် ဒင်းတော့ နာတော့မယ်တဲ့........:P

    ReplyDelete
  20. ဒါဖြင့် မင်း လက်က အရှောင် အတိမ်း ဂျက်စီဂျိန်းပေါ့....းD

    ReplyDelete