Pages

Tuesday, February 15, 2011

လွမ်းစေပုံဆောင် လွမ်းအောင်ဖန်သည်

ကြင်နာတတ်တာ သနားတတ်တာ
မေတ္တာထားတာ
မောင်ကြည့်တတ်ရင် သိမှာပါ
သတိရနေတာ တမ်းတနေတာ
သစ်ပင်ထက်က အော်မြည်သံပေး
ရွှေချိုး(ဂျိုး)ကူသံ လွမ်းအောင်ဖန်တယ်
ဒီတောဒီတောင်
ကြင်သူဝေးတော့ ရှစ်ခွင်မြင်တိုင်း လွမ်းအောင်ဖန်တယ် မောင်လွမ်းနေလား မေးချင်တယ်.......။

လွမ်း စကားဆိုကာ တီတာတာနဲ့

နွေရင်ပြင်ထဲ ဖူးညွှန့်ခက်ဝေ
ပင်ယံတွေမှ ငှက်လေးသက်သေ ရှိပါလေကော..
လွမ်းနေရတာ မေသိပါစ
နွမ်းကြေရတာ မေသိပါစ
ဝေးနေကြတဲ့ ဘ၀တွေကို ဘယ်သူကူလို့နီးစေပါ့မလဲ။

ရင်မှာ နွမ်းကြေ မောင့်ကိုလွမ်းနေ

တိမ်ပြာမှုံ့မှိုင်း မျှော်တိုင်းလွမ်းနေ
ချစ်ခဲ့တာတွေ  မောင်သိပါစေ ..
ဖေးကူသူမရှိ ဖော်ကွာဝေးတော့
မောင့် မျက်ဝန်းကို မေ လွမ်းနေ..
စိတ်ကူးထဲမှာ ချစ်သူရှိရာ
မေ ရောက်နေ အလွမ်းလေးတွေ တောင်ပုံ ယာပုံ
မေ ထိုင်မိတာ အလွမ်းပင်အောက်
မေ စားနေတာ အလွမ်းသစ်သီး
ချတဲ့မျိုးစေ့
အလွမ်းမျိုးစေ့
မောင်လွမ်းတတ်ရင် မြင်ကြည့်လေ.
အချစ်ပင်အောက် မေ..လွမ်းနေတယ်...
မောင်သိလေ...။

အလွမ်းမီးလျှံတောက်လောင်သံကို
မေ..ကြားပါစ..
အလွမ်းးလေညှင်းးမြားတစ်စင်းလို ရင်ထဲဖောက်ခွင်းး အလွမ်းးးစီးးသံတညံညံနဲ့
အလွမ်းမြစ်နားးမောင်ကပ်နားတယ်
တွေးးလိုက်တိုင်းးလွမ်းး
အလွမ်းးဖျားးလေးးဖျားးနေတယ်...။

မောင်နားနီးကပ် နှစ်ကိုယ်အပ်လို့မေတ္တာဆေးလေး တိုက်ကျွေးချင်လည်း
တစ်ယောက် တစ်ကမ္ဘာ ဖော်ကွာဝေးနေ
ကျန်းမာစေကြောင်း ဆုမွန်တောင်းရင်း
နီးမယ့်ရက်ကို
မေ စောင့်မျှော်နေ ချစ်လှိုင်းဂယက်
ရင်ခုန်သံလေး မေ ပို့ပေးမယ်
ချစ်သူချင်းသာ သိနားလည်တဲ့
ချစ်စိတ်လေးပါထည့်ပေးမယ်နော်......
မျက်ဝန်းလေးမှိတ်
မောင့်နဖူးလေးနမ်းလိုက်တယ်............။

လေထုပါးပါးးအနမ်းးများလည်းးး
အိမ်မက်စိတ်ကူးး အတွေးထဲမှာမြူးလို့
ပြန်ဆုံမဲ့ရက် နီးခဲ့စေတော့
ငေးရင်းသာဆွေးး
ဆုလေးတွေလည်းးတောင်းရင်းးသာပေါ့
နီးရမဲ့ရက်
ရောက်လိုလှပြီ
ချစ်သူ မေ ရယ်
လေထုနဲ့အတူ မောင်လာခဲ့မယ်
အချစ်စောင့်လင့်ကြိုနေကွယ်..........။

မ..မ



မာန်ဟုန်ငယ်(တောသားလေး)



17 comments:

  1. လွမ်းမျိုး၊ လွမ်းနွယ် ၊ လွမ်းကမ္ဘာအလယ်မှာ မွေးခဲ့လေလား မမလွမ်းရယ်........:P

    ReplyDelete
  2. မောင်မလာတာ လေးငါးရက်ခြောက်ရက်ကြာပြီရှင် မျှော်သူမှာ....

    အစ်မရေ....တစ်ခါတစ်လေကျတော့လည်း ပေါ့ပေါ့ပါးပါးလေးတွေပဲ ရေးချင်တော့တယ်
    ခံစားချက်တွေ ရင်ထဲထည့်ထည့်ရေးရတာ ပင်ပန်းလွန်းလို့....

    ReplyDelete
  3. ရင်ဖွင့်လိုက်ပါ.........။

    မောင်လေးရာ............။

    ပေါ့ပေါ့ပါးပါးလေးပေါ့

    ဘ၀ခဏနေရတာနော်.........။

    ReplyDelete
  4. ကြင်ဖော်ဝေးးးးတော့

    အလွမ်းကမ္ဘာ ကလွမ်းတတ်သူအတွက်ရေးထားတယ်.....

    လွမ်းတဲ့သူကသိလိမ့်မယ်........။

    ReplyDelete
  5. အားပေးသွားပါတယ်ဗျာ ပျော်ရွှင်ပါစေ

    ReplyDelete
  6. အားပေးမှုလေးစားပါတယ်
    သူငယ်ချင်း ကျန်းမာပျော်ရွှင်ပါစေ....။

    ReplyDelete
  7. လွမ်းသည်......။
    ပိုပြီးလွမ်းသည်.....။
    အရမ်းအရမ်းလွမ်းသည်.......။
    မတရားလွမ်းသည်........။
    ကိုယ်လွမ်းချင်သလောက်လွမ်းသည်......။
    ကိုယ့်ဘ၀နဲ့ကိုယ်လွမ်းသည်.......။
    အငှားလည်းလွမ်းသည်......။

    ဟီး...........ဆက်မရေးတက်တော့ဘူးဗျ။

    ReplyDelete
  8. ဟားဟားးးးးးးးး

    စိတ်ချမ်းသာသလောက်သာလွမ်းးးးးး

    ပိုးးးဆိုးးးပက်စက်လွမ်းးးးးးးးးး

    ကြေကွဲ ရေဆွဲနေအောင်လွမ်းးးးးးးးးး

    ကမ္ဘာကြီးလောက်လွမ်းးးးးးးးးးး

    ReplyDelete
  9. ရေဆွဲရမယ်ဆိုရင်တော့ မလွမ်းတော့ဘူးဗျ......။

    ReplyDelete
  10. အော် ရေဆွဲရမှာတော့ကြောက်တယ်..........

    ကြေကွဲ ရေဆွဲ မျက်ရည်ဝဲလည်...........းP

    ReplyDelete
  11. လာဖတ်သွားပါတယ် ...............

    ReplyDelete
  12. လေးစား၏........။

    ReplyDelete
  13. နှစ်ဦးသားအလွမ်းက တစ်လှည့်စီ ရင်ထဲတိုးဝင်လာပါတယ် ။

    ReplyDelete
  14. ဆရာ တော်တယ်..........။

    လွမ်းနေတော့ ရေးရင်း လွမ်းလာကြလို့ ရေးတာရပ်လိုက်ကြတာဆရာ.......:(

    ReplyDelete
  15. အလွမ်းတွေ တောင်ပုံ ယာပုံနဲ့ တည်ဆောက်ထားတဲ့ ကဗျာလေးကို အားပေးသွားပါတယ်နော် ....
    မမ ပျော်ရွှင်ပါစေ .....

    ReplyDelete
  16. အော်....
    အားပေးဖော်လေး ကျန်းမာပျော်ရွှင်ရှိပါစေ......။

    ReplyDelete
  17. အလွမ်းတွေ အားပေးသွားပါတယ် မ.မ

    ReplyDelete