Pages

Thursday, February 17, 2011

♥♥ပျော်နိုင်ပါစေချစ်သူ♥♥

ပျော်နိုင်ပါစေချစ်သူ
ဘယ်တုန်းကမှချစ်သူကို ရယူဖို့ပိုင်ဆိုဖို့ မကြိုးစားခဲ့ပါဖူး
ချစ်သူကို
အပြီးတိုင် စွန့်လွှတ်လိုက်ရတဲ့ အချိန်
အထူးတစ်လည် မဟုတ်တဲ့ ဖြစ်ရိုးဖြစ်စဉ်ဆိုပေမဲ့
ဝမ်းနည်းစရာ ဖြစ်ခဲ့တာတော့
သေချာနေခဲ့တယ်...........
ချစ်သူကိုလွမ်းတော့ ကဗျာရေးရင်း သီချင်းဆိုညည်းရင်း
သတိရနေပေမဲ့ ကဗျာရေးဖို့အတွက် သက်သက်ချစ်ခဲ့တာ မဟုတ်ခဲ့ပါဘူး
ချစ်သူစွန့်ပြစ်တဲ့အချိန်မှာ
ချစ်သူမုန်းလို့ ငါ့စိတ်နှလုံး တိမ်တွေနဲ့အပြိုင်ညို့မှိုင်းအုပ်ဆိုင်းနေတယ်
ဒီအချိန်မှာ
အဖော်အဖြစ် ကဗျာနဲ့ သီချင်းတွေလည်း ပိုနှစ်သက်တတ်ခဲ့တယ်
မင်းမလိုအပ်တော့ပါဘူးချစ်သူ
 ညနေခင်း
ဆည်းဆာရောင် တိမ်တောက်ချိန် အလွမ်းတစ်ဆုပ်နဲ့
အိပ်တန်းပြန် ငှက်တစ်အုပ်လည်း
အဖော်အဖြစ်ရှိမနေခဲ့ပါဘူး

ကော်ဖီတစ်ခွက်သောက်ရင်း ကဗျာလေးတွေရေးရင်း
မီးသဂြိုလ် အခမ်းအနားတစ်ခု
ငါ့နှလုံးသားးပြာတွေအဖြစ်
ငါစွန့်ပြစ်လိုက်တယ်

ချစ်သူပျော်ဖို့
အတွက်
ငါ
ပေးဆပ်ခြင်းပါချစ်သူ

ချစ်သူစိတ်ဝမ်း ကြည်နူးချမ်းမြေ့ပျော်စေချင်တယ် ချစ်သူရယ်.......။

6 comments:

  1. အားပေးသွားပါတယ်နော် မမ .... ပျော်ရွှင်ပါစေ .....

    ReplyDelete
  2. ချစ်သူစိတ်ဝမ်း ကြည်နူးချမ်းမြေ့ပျော်စေချင်တယ် ချစ်သူရယ်.......။

    ReplyDelete
  3. ကျန်းမာပျော်ရွှင်ပါစေ.........။

    ReplyDelete
  4. မဟေလေးးးးး

    ကျန်းမာပျော်ရွှင်ပါစေ...။

    ReplyDelete
  5. ဂါးဂါးလည်းးးးးးးး

    ကျန်းမာပျော်ရွှင်ပါစေနော်........။

    ReplyDelete