Pages

Monday, February 28, 2011

♥ဆောင်းကြွင်းဒဏ်ရာ♥



သည်ဆောင်းဝေဒနာ ဆောင်းကြွင်းဒဏ်ရာ
ဝေဒနာတွေ နွေရဲ့သရုပ်သည်ပြယုဂ်
တိမ်လေဆော့မြူး
ရော်ဝါ ရွက်ချွေ မြေ၌ကြွေသည်
ဘယ်ဆီမျှော်မှန်း လွမ်းရမယ်
သခင်ဆော့မြူ ချစ်ခြင်လို့ချစ်
ပြစ်ချင်လို့ပြစ်ခဲ့ပြီးမှ
ဒီဒဏ်ရာ နာသတဲ့လား
သခင့်အတွက်များဆိုရင်လေ
အသဲနှလုံးကိုစတေး
ဘ၀ကိုလည်းပေးအပ်ထားတယ်
ပေးစပ်ခြင်းနဲ့ ဖြူစင်ခြင်းမှာ
သာတာနာတာ ချိန်ထိုးတွက်ချက်
မင်းမှားနေတယ် သခင်ရယ်
အချစ်ဆိုတာ သာတာနာတာ
ချိန်ထိုးတွက်ချက် ရောင်းတန်းဝင်တဲ့
သက်မဲ့ပစ္စည်းမဟုတ်ဘူးကွယ်။



10 comments:

  1. ဟုတ်ပါ မ.မ ရေ ဒဏ်ရာပျောက်လို့ ပျော်ရွှင်ခြင်းတွေ ရောက်ပါစေ...

    ReplyDelete
  2. ဟားးးးးးးးးးး

    စနိုးလေး ပေးတဲ့ဆုယူထားလိုက်တယ်နော်...။

    ReplyDelete
  3. အချစ်ဆိုတာ သာတာနာတာ
    ချိန်ထိုးတွက်ချက် ရောင်းတန်းဝင်တဲ့
    သက်မဲ့ပစ္စည်းမဟုတ်ဘူးကွယ်။...................မှန်ပါ၏......မမ

    ReplyDelete
  4. အချစ်ဟာ ကုန်ပစ္စည်းတစ်မျိုးလို သဘောထားလို့မရတာ သေချာပါတယ် ...

    ReplyDelete
  5. ဖြူစင်စွာနဲ့ ချစ်ခြင်းတွေမှာ သာတယ် နာတယ်ဆိုတာ မရှိဖူးဆိုတာ အမှန်ပါပဲ မမရေ..... မမ ပျော်ရွှင်ပါစေ ....

    ReplyDelete
  6. ၀ယ်ယူလို့လဲ ရမယ်မထင်ဘူးနော်

    ReplyDelete
  7. အချစ်ဆိုတာ သာတာနာတာ
    ချိန်ထိုးတွက်ချက် ရောင်းတန်းဝင်တဲ့
    သက်မဲ့ပစ္စည်းမဟုတ်ဘူးကွယ်။
    မှန်တာပေါ့မမရယ်...

    ReplyDelete
  8. အချစ်ဆိုသည်မှာ
    တစ်ခါတစ်လေ
    အလေးခိုးခံရတက်သည်..........ဟီး

    ReplyDelete
  9. " ရောင်းတန်းဝင်တဲ့
    သက်မဲ့ပစ္စည်းမဟုတ်ဘူးကွယ်။ "

    ဟုတ်ပါ့...
    တောင်းရမ်းယူရတဲ့ လူသားကိုပဲ...
    နော့...

    ReplyDelete