Pages

Sunday, January 30, 2011

ဒီမြို့တော်က အတ္တကင်းမဲ့ဇုန် မေတ္တာရိပ်မြုံ အလည်လာပါ သူငယ်ချင်း♥



ငါတို.မြို.တော် မေတ္တာရိပ်မြုံလေးကို လာလည်ဖို့
ဖိတ်ခေါ်ပါတယ် သူငယ်ချင်း

ငါတို.မြို.တော် လေးကို မင်းအိမ်လို သဘောထား

စိတ်ရင်းဖြူစင်စွာဖြင့် သန်.ရှင်း သပ်ရပ်အောင် စောင့်ရှောက်ပေးပါ သူငယ်ချင်း

သူငယ်ချင်းးးးး

သူငယ်ချင်း ဆိုတာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် မင်းပျော်ရင် ငါ ရယ်

မင်းပြုံးရင် ငါမြူး ။ ။

အားငယ်ချိန်အားပေး ၊ ၁ ယောက်ရင် ထဲရှိတာ ကို ၁ ယောက် မကွယ် မ၀ှက်

ဆိုးတိုင်ပင် ကောင်းတိုင်ပင် လက်တွဲဖော်ပေါ့ သူငယ်ချင်း

မင်းမှာ ရှိတဲ့ ဗဟုသုတ  မင်းမှာရှိတဲ့ အသိပညာ ၊ အတွေးအခေါ် ၊ ခံစားမျှဝေ

ရပ်ဝန်းလေးပေါ့ ဒီမြို. လေးမှာရှိတယ် သူငယ်ချင်း

စိတ်ပျော်ရွှင်စရာ ခဏအမောအပန်း ဖြေ သိပ်စရာ
မင်းလာချိန်မှာ ငါမရှိလဲ ငါလာချိန်မှာ မင်းကိုမတွေ.လဲ

စိတ်ချမ်းသာမှု့ ဧည့်ဝတ်ကျေတယ် သူငယ်ချင်း

သူငယ်ချင်းး

အဖြူသက်သက်  လွတ်လပ်မှုထဲမှာ သူငယ်ချင်းးးးးး တကယ်ဆို

ငါတို့တွေဟာ  ညီအစ်ကို အရင်းမဟုတ်

  ဆွေမျိုးမတော် ငါတို့တွေဟာ  ဆရာတပည့်မဟုတ်

ငါတို့တွေဟာ မောင်နှမအရင်းမမည်  ငါ့လက်အောက်မှာ မင်းမရှိသလို

မင်းအပေါ်လည်း ငါမမှီခိုလေတော့ မင်းရဲ့တလွဲမာနတွေ ယူမလာနဲ့သူငယ်ချင်း

မင်းရဲ့သူငယ်ချင်း  ငါကလည်း  မင်း အလုပ်သမားမဟုတ်သလို
မင်းကလည်း ငါ့လုပ်ငန်းရှင်မဟုတ်ဘူး

မင်းကငါ့ရဲ့  အထက်လူကြီးမဟုတ်သလို 
ငါကလည်း မင်းလခစားမဟုတ်ဘူး   သူငယ်ချင်း

ငါတို့တွေဟာ အာဏာရှင်နဲ့ ကျွန်တွေမဟုတ်

မင်းယုံကြည်ချက်နဲ့လမ်းမင်းသွားနေသလို  
ငါယုံကြည်ချက်နဲ့လမ်းငါသွားနေတာ  သူငယ်ချင်း

မင်းရဲ့အတ္တ   မင်းရဲ့မာန  ဒီမြို့တော်မှာ  ယူမလာနဲ့   သူငယ်ချင်း

ကိုယ့်နေရာ ကိုယ်နေထိုင်ကြတာ  သူငယ်ချင်း

သူငယ်ချင်းး

ပျော်ရွှင်စရာ ဒီမြို.တော်မှာ ရာထူးဂုဏ်ထူး ဘေးဖယ်ထားလိုက်   သူငယ်ချင်း

ဆင်းရဲ  ချမ်းသာ ဘေးဖယ်ထားလိုက်   သူငယ်ချင်း

အသက်အရွယ်   ဘေးဖယ်ထားလိုက်   သူငယ်ချင်း

ကျား မ  မဟူ လိင်တူ လိင်ကွဲ မခွဲခြားဘူး သူငယ်ချင်း

ဗဟုသုတရှာမှီးစရာ ရသ၊ သုတ ၊ ကဗျာ ၊လင်္ကာ၊ တရားတော်နဲ.
တိုင်းပြည်ရေးရာ သိမှတ်စရာ

နိုင်ငံရေးအကြောင်း ၁စေ.၁စောင်း

မှတ်သားနာယူ အဖြာဖြာပေါ့ ယူတတ်သူက ရနိုင်ပါတယ် သူငယ်ချင်း
၁ ယောက် ၁ကမ္ဘာ ဖော်ဝေးသူတွေ မေတ္တာ မျှရာ ခိုလှုံ ရာပေါ့

အေးချမ်းပါတယ်     သူငယ်ချင်း

မသိလဲခင် သိလည်းမင်ပေါ့   နွေးထွေးလှတယ် သူငယ်ချင်း
 မမြင်လဲခင် မြင်လဲခင် ၊ မသိလဲလွမ်း သိလဲလွမ်း ။

စာဖတ်သူတွေ စာရေးသူတွေ သွားလာလည်ပတ် နားခိုရာပေါ့ သူငယ်ချင်း။

ကမ္ဘာအရပ်အရပ်ရပ်နေထိုင်သူတွေ ကျန်းမာပါစေ

နေကောင်းရဲ.လား ။ လက်ဆောင်ပေးရင်း လှည့်လည်
လည်ပတ် နားခိုရာပါ  သူငယ်ချင်း 

ဒီမြိုံ့တော်က   တန်ဖိုးရှိတဲ့အချိန်လေးတွေ ဖဲ့ပေးရင်းနဲ့

အတ္တကင်းမဲ့ဇုံ   စိတ်အပန်းဖြေစရာ   မေတ္တာရိပ်မြုံပေါ့   သူငယ်ချင်း

မင်းအားလပ်ချိန် စိတ်ညစ်ညူးချိန်  မောပန်းလာချိန်မှာ  အနားယူပါ သူငယ်ချင်းးးးးးး

သူငယ်ချင်းဆိုသော  သူငယ်ချင်း   မေတ္တာရိပ်မြုံ  မြို့တော်လေးကို

လာလည်ဖို့ရာ ဖိတ်ခေါ်ပါတယ်  သူငယ်ချင်း

သူငယ်ချင်းး

ကမ္ဘာမြေရဲ့ အဝေးတစ်နေရာက

သူငယ်ချင်း ရဲ့ သူငယ်ချင်းးးး♥♥

8 comments:

  1. လာဖတ်သွားပါသည်ခင်ဗျာ

    ReplyDelete
  2. မေတ္တာရိပ်မြုံလေးကို လာဖတ်တဲ့အတွက်

    လေးစားပါတယ်....

    သူငယ်ချင်းးးးးး

    ReplyDelete
  3. လာလည်ပြီး..ဖတ်ကြည့်သွားတယ်နော်..သူငယ်ချင်းဆိုဒ်လေးကအရမ်းကောင်းပါတယ်..အားကျမိပါတယ်

    ReplyDelete
  4. မေတ္တာရိပ်မြုံ လေးကို အလည်လာပြီး

    အားပေးသွားတဲ့အတွက် ကြည်နူးပျော်ရွှင်မိပါတယ်...

    သူငယ်ချင်းလေး ကျန်းမာပျော်ရွှင်ပါစေ..........။

    ReplyDelete
  5. လာဖတ်သွားပါသည်ခင်ဗျာ

    ReplyDelete

  6. ကျန်းမာပျော်ရွှင်ပါစေ

    သူငယ်ချင်းးးးးးး

    ReplyDelete
  7. ဟုတ်မမ ..... ဖတ်သွားပါတယ်နော် .....

    ReplyDelete
  8. အတ္တကင်းမဲ့တဲ့ဇုံလေးကိုအလည်လာသွားပါတယ်အမရေ ..။

    ReplyDelete