Pages

Wednesday, September 5, 2012

ကြောက်တယ်..ကြောက်တယ်..


 
ကြောက်တယ်..ကြောက်တယ်..
တို့တိုင်းပြည်မှာ ရေတွေကြီးတော့
လယ်တွေမြုတ်လို့
ဆန်ဈေးတက်မှာ ကြောက်လှတယ်
ကြောက်တယ် ကြောက်တယ်

မိုးခေါင် ရေရှား ပြည်သူများ
ရေမျှော ကမ်းတင် ပြည်သူရှင်
မြစ် ချောင်း တိမ်ကော တောတွေပျောက်တော့
သဘာဝက ရိုက်နှက်တယ်
ခံရတော့ကွယ် တောနေလူတစု
မြင်ကြည့်တတ်ရင် သနားစဖွယ်
သူတို့အတွက် တွေးကာကြည့်တော့
ကြောက်တယ် ကြောက်တယ်
ဆည် မြောင်း တာတမံ ဆောက်လုပ်ကြတော့
လယ်ယာမြေများ ပျောက်ကုန်တယ်
ဆည် မြောင်း တာတမံ
သေချာစောင့်ရှောက်
ရေမျှောလို့လဲ သေတတ်တယ်
ကြောက်တယ် ကြောက်တယ်

လူဦးရေသာ တိုးပွားပြီးတော့
လယ် ယာ မြေများ ပျောက်ကုန်တယ်
ရေတွေ တိုက်စား ကမ်းတွေပြိုလို့
မြေ ယာများလည်း ပျောက်ကုန်တယ်
ခရိုနီတွေ လက်ဝါးကြီးအုပ်
လယ်ယာမြေများ ပျောက်ပေါ့ကွယ်
ကြောက်တယ် ကြောက်တယ်

ီစီမံကိန်းတွေ လမ်းတံတားတွေ
အသစ်ဖောက်တော့
လယ်ယာမြေများ ပျောက်ပေါ့ကွယ်
ကျောမွဲတောင်သူ လူတစုဟာ
 မိုးခေါင် ရေကြီး မသိဘူးကွယ်
မိုးလေးကျလာ ပျိုးလေးချလို့
စိုက်ပျိုးဖို့ပဲ နားလည်တယ်
တွေးကြည့်တတ်ရင်
 မြင်တတ်သူကသိပါတယ်

ပြည်သူခေတ်မှာ ပြည်သူ အတွက်မို့
 မျိုးဆက်သစ်တွေ  ဆန် ရေ ရှားပါး
 ရေထဲမျောလို့နေကြတယ်..
ပြောသာပြောရ ကြောက်လှတယ်

ကြောက်တယ်..ကြောက်တယ်...

ကြောက်တယ်ကြောက်တယ်သီလမြဲတဲ့အမေ့မှာ ဥပုဒ်သီလမယူနိုင်ပါဝါဆိုဝါခေါင် ရေဖောင်ဖောင်အိမ်အောက်မှာ ရေတွေကြီးမျှော့နက်မဲကြီး တွယ်တတ်တယ်ထမင်းထုပ်တောင်မ၀သေးလို့မျှော့ ပြုတ်စားဘို့ ဆင်းဖမ်းမယ်ကယ်မဲ့သူရယ် ကူမဲ့သူရယ်ဘယ်ချိန်လာမလဲ စောင့်နေရတာမောလှတယ်ဝါတွင်း ရောက်ရင်အိမ်ပြင်မိုးဖို့သက်ကယ်ရိတ်လေး ထွက်ကြမယ်တောထဲမှာလေ မြွေနဂါးတဲ့သေနတ်ကြီးတွေ  လွယ်ထားတယ်ကြောက်တယ်ကြောက်တယ်NGO ရယ်အမြန်လာလို့အိမ်မိုးလေးတွေမိုးပေးကွယ်ရွှေသွေးရင်နှစ် မေ့သားချစ်တွေအပေါ်မိုးမလုံ အောက်မိုးစိုလို့ အိပ်ရတယ်ကျန်းမာရေးတွေချို့တဲ့ကြလို့နာဖျားကြတာများနေတယ်ကမ္ဘာ အရပ်ရပ်ရေတွေကြီးတော့ရေဘေးကယ်ဆယ် ကူညီစောင့်ရှောက်အသင်းလေးတွေ ထားပေးကွယ်ဝါဆိုဝါခေါင်ရေတွေကြီးလို့ဝါတွင်းရောက်မှာကြောက်လှတယ်ကြောက်တယ်ကြောက်တယ်

..

0 comments:

Post a Comment