Pages

Thursday, September 13, 2012

သားမြေးတို့တွက် ကြိုးစားစို့ ( မင်းသုဝဏ် )

'သားမြေးတို့တွက် ကြိုးစားစို့ ' 

ငါ သာလျှင် တော် ၊ သူ မတော် ဟု လူတော် ထင်ပါ ၊


 တို့မြန်မာကို ဘယ်ခါ ဆယ်၍ ရမလဲ 


ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊


 တို့မြန်မာကို ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊


 အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့် အထင်လွဲပါ ၊


 တို့မြန်မာကို ဘယ်ခါဆယ်၍ ရမလဲ ၊၊ 


သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့် အညှိုးကြီးပါ ၊ 


တို့မြန်မာကို ဘယ်ခါ ဆယ်၍ ရမလဲ ၊


ညည်း၍ မပြီး ၊ ညူ မပြီးဘူး အပြီးတကာ ၊


 လုပ်နိုင်ပါမှတော် ရာရောက်လိမ့် နောင်အဖို့ ၊၊ 


နိုးကြ ထကြ မြန်မာတို့ ၊၊ 


သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊


 ( မင်းသုဝဏ် )


♥♥

2 comments:

  1. မှတ်သားစရာ ဖြစ်ရပါတယ် ...

    ReplyDelete
  2. မရေ မတွေ့တာကြာပြီနော်

    ReplyDelete