Pages

Tuesday, September 4, 2012

ကြောက်တယ်..ကြောက်တယ်..

ကြောက်တယ်..ကြောက်တယ်..
တို့တိုင်းပြည်မှာ ရေတွေကြီးတော့
လယ်တွေမြုတ်လို့
ဆန်ဈေးတက်မှာ ကြောက်လှတယ်
ကြောက်တယ် ကြောက်တယ်

မိုးခေါင် ရေရှား ပြည်သူများ
ရေမျှော ကမ်းတင် ပြည်သူရှင်
မြစ် ချောင်း တိမ်ကော တောတွေပျောက်တော့
သဘာဝက ရိုက်နှက်တယ်
ခံရတော့ကွယ် တောနေလူတစု
မြင်ကြည့်တတ်ရင် သနားစဖွယ်
သူတို့အတွက် တွေးကာကြည့်တော့
ကြောက်တယ် ကြောက်တယ်
ဆည် မြောင်း တာတမံ ဆောက်လုပ်ကြတော့
လယ်ယာမြေများ ပျောက်ကုန်တယ်
ဆည် မြောင်း တာတမံ
သေချာစောင့်ရှောက်
ရေမျှောလို့လဲ သေတတ်တယ်
ကြောက်တယ် ကြောက်တယ်

လူဦးရေသာ တိုးပွားပြီးတော့
လယ် ယာ မြေများ ပျောက်ကုန်တယ်
ရေတွေ တိုက်စား ကမ်းတွေပြိုလို့
မြေ ယာများလည်း ပျောက်ကုန်တယ်
ခရိုနီတွေ လက်ဝါးကြီးအုပ်
လယ်ယာမြေများ ပျောက်ပေါ့ကွယ်
ကြောက်တယ် ကြောက်တယ်

ီစီမံကိန်းတွေ လမ်းတံတားတွေ
အသစ်ဖောက်တော့
လယ်ယာမြေများ ပျောက်ပေါ့ကွယ်
ကျောမွဲတောင်သူ လူတစုဟာ
 မိုးခေါင် ရေကြီး မသိဘူးကွယ်
မိုးလေးကျလာ ပျိုးလေးချလို့
စိုက်ပျိုးဖို့ပဲ နားလည်တယ်
တွေးကြည့်တတ်ရင်
 မြင်တတ်သူကသိပါတယ်

ပြည်သူခေတ်မှာ ပြည်သူ အတွက်မို့
 မျိုးဆက်သစ်တွေ  ဆန် ရေ ရှားပါး
 ရေထဲမျောလို့နေကြတယ်..
ပြောသာပြောရ ကြောက်လှတယ်

ကြောက်တယ်..ကြောက်တယ်...

ကြောက်တယ်
ကြောက်တယ်
သီလမြဲတဲ့အမေ့မှာ ဥပုဒ်သီလမယူနိုင်ပါ
ဝါဆိုဝါခေါင် ရေဖောင်ဖောင်
အိမ်အောက်မှာ ရေတွေကြီး
မျှော့နက်မဲကြီး တွယ်တတ်တယ်
ထမင်းထုပ်တောင်မ၀သေးလို့
မျှော့ ပြုတ်စားဘို့ ဆင်းဖမ်းမယ်
ကယ်မဲ့သူရယ် ကူမဲ့သူရယ်
ဘယ်ချိန်လာမလဲ စောင့်နေရတာမောလှတယ်
ဝါတွင်း ရောက်ရင်အိမ်ပြင်မိုးဖို့
သက်ကယ်ရိတ်လေး ထွက်ကြမယ်
တောထဲမှာလေ မြွေနဂါးတဲ့သေနတ်ကြီးတွေ  လွယ်ထားတယ်
ကြောက်တယ်ကြောက်တယ်
NGO ရယ်အမြန်လာလို့
အိမ်မိုးလေးတွေမိုးပေးကွယ်
ရွှေသွေးရင်နှစ် မေ့သားချစ်တွေ
အပေါ်မိုးမလုံ အောက်မိုးစိုလို့ အိပ်ရတယ်
ကျန်းမာရေးတွေချို့တဲ့ကြလို့
နာဖျားကြတာများနေတယ်
ကမ္ဘာ အရပ်ရပ်ရေတွေကြီးတော့
ရေဘေးကယ်ဆယ် ကူညီစောင့်ရှောက်
အသင်းလေးတွေ ထားပေးကွယ်
ဝါဆိုဝါခေါင်ရေတွေကြီးလို့
ဝါတွင်းရောက်မှာကြောက်လှတယ်
ကြောက်တယ်
ကြောက်တယ်.
.

7 comments:

  1. ချစ်မရေ....... ကဗျာလေးက ထိတယ်.............. ကြောက်တယ်..ကြောက်တယ်.............

    ReplyDelete
  2. တကယ်
    ကြောက်တယ်..ကြောက်တယ်......................

    ReplyDelete
  3. ကြောက်တယ် ကျယ်တောက်
    ခုတစ်လော မြေတွေလိုက်လိုက်သိမ်းနေတယ်သတင်းကြားရလို့
    အမေ့ပန်းအိုးလေး အိမ်ထဲသွင်းထားလိုက်ပြီ
    တော်ကြာမြေရှိတယ်ဆိုပြီး လိုက်သိမ်းနေမှာစိုးလို့
    ဟီးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  4. ပြန်ငေါက်လိုက်မယ်..
    တော်.... တောက်.......

    မြန်မြန် အထဲ သိမ်းနော်..

    ReplyDelete
  5. ကြောက်တယ်..ကြောက်တယ်...
    သဘ၀က အပြစ်ပေးတာ
    မြစ် ချောင်း အင်းအိုင် တောနေပြည်သူ ဖြစ်နေတယ်..
    သစ်ပင်တွေရယ် ခုတ်ထွင်ကြတော့
    အပူကြီးလို့သေတတ်တယ်
    တာတမံတွေ သေချာစောင့်ရှောက်
    ရေကြီးပြီးလည်း သေနိုင်တယ်
    ချောင်းတမံတွေ တိမ်ကော ပပျောက်
    ရေနစ်ပြီးလည်း သေတတ်တယ်
    လယ် ယာ မြေတွေ ရေတွေမြုတ်လို့
    နစ်နာမှုတွေများလှတယ်
    လယ် ယာ မြေတွေ မိုးတွေ ခေါင်တော့
    ကျောမွှဲ ပြည်သူ နစ်နာတယ်
    ခရိုနီတွေ သိမ်းပိုက်ထားတော့
    ဆင်းရဲသားတွေ သနားစဖွယ်
    ကိုယ်နဲ့မဆိုင် မြင်တာပြောမိ
    အနေမတတ်လို့ ကြောက်လှတယ်
    ကြောက်တယ်..ကြောက်တယ်..
    လမ်းသစ်တွေဖောက် မြေတွေပျောက်
    အရင်းရှင်လက်ထဲ မြေပျောက်စမြဲ
    ရေတိုက်စားလည်း မြေပျောက်စမြဲ
    လူဦးရေသာ တိုးလာပြီးတော့
    လယ်ယာမြေများ ပျောက်ပျက်တယ်..
    သေချာတွေးရင် လယ်ယာမြေတွေ ပျောက်ပေါ့ကွယ်
    နောင်အနာဂတ် မျိုးဆက်များအတွက်
    ငတ်မွှတ်ခြင်းများဖြစ်တော့မယ်
    တကယ့်အရေး တကယ်ဘေးမို့
    ဘယ်သူကူလို့ မပါ့မယ်
    ကြောက်တယ် ကြောက်တယ်
    ************

    ဆန်ဈေးဆီဈေး မတက်ရေးတွက်

    အမြဲတွေးကာ စိုးထိတ်တယ်

    ရေတွေကြီးကာ စပါးတွေမြုပ်တော့

    ဆန်ဈေးတက်မှာ ကြောက်လှတယ်

    ကြောက်တယ် ကြောက်တယ်။
    တက်နေကြတာ မထူးဆန်းတော့
    တို တက်နေတာ များလှတယ်
    တက် တိုင်းကောင်းတယ် ထင်နေကြတော့
    စကပ်တိုလေးတွေ ၀တ်ကြတယ်
    တက်လက်စနဲ့ တက်ပေါ့ကွယ်…(ကုန်ဈေးနှုန်း)
    တိုးးးးတက်ကြတာ များနေကြတော့
    ဘတ်စ်ကားတွေ ကျပ်လှတယ်..
    အပြိုင်အဆိုင် မောင်းကြလွန်းတော့
    သေတဲ့သူတွေ များလှတယ်
    ကြောက်တယ်..ကြောက်တယ်..

    ReplyDelete
  6. ပြန်လည်ပြင်ဆင်ရေး အချိန်ကာလဖြစ်နေပြီမို့ အရင်ထက်စာရင် ကြောက်စိတ်ကို နည်းနည်းလျှော့နိုင်မယ်လို့ ထင်ပါတယ် ...

    ReplyDelete
  7. ဟုတ် အကြောက် လျှော့နေပါပြီ ..
    လက်သမားတွေ ဒိုင်းတွေ တွေ့လို့ပါဆရာ..

    ReplyDelete