Pages

Friday, September 21, 2012

စစ်မုန်းသူ

ငြိမ်းချမ်းပါစေ အမိမြေ
အမိမြေ ငြိမ်းချမ်းပါစေ ..
သားသမီးတွေဒုက္ခရောက်လို့
မိပျောက်ဖပျောက် မိသေဖသေ..
မျက်ရည်မြစ်တွေပင်လယ်ဝေ ..
ငြိမ်းချမ်းခြင်းတွေဘယ်စီနေ
ပြည်တွင်းစစ်တွေ ရပ်စဲလေ..
ငြိမ်းချမ်းပါစေ အမိမြေ..
မုန်းတယ်........
ငြိမ်းချမ်းရေးတဲ့
လွတ်လပ်ရေးတဲ့
တော်လှန်ရေးတဲ့
ယမ်းငွေ့ဝေပြီ
သေနတ်သံ ကျည်သံ
ဗုံးသံတွေကြား
အနုမြူလက်နက်
တိုးတက်ထွန်းကား
လူတွေသေကြေ
မိကွဲ ဖကွဲ တစ်ကွဲတပြား
စိတ်တွေခြောက်ခြား
ကျီးလန့်စာစား
သွေးမြေကြနေ
စစ်ကို မုန်းတယ်လေ ..

0 comments:

Post a Comment