Pages

Sunday, September 2, 2012

♥ငှက်တို့ ၏ အားမာန်♥

ငှက်ကလေး..
မိုးကသဲပြန်
မုန်တိုင်းထန်၍
လေကိုဆန်ကာ
မည်သို့ ပျံမည်
အဘယ်မာန်နဲ့ တင်းမည်နည်း
ချည်းနှီးအားထုပ်
အကျိုးယုတ်စွ
ငါ့...ခံတွင်းသို့ ဆင်းပါလော့ ..............
အသင်..ပင်လယ်
ငှက်တို့ ၏မာန်
ပျံဘို့ ရန်တည်း
ဤမှာဘက်ကမ်း
အစလမ်းရှိ
ဆုံးသည့်နားသတ်
ဟိုမှာရပ်တွင်
ရှိပင်မှန်လိမ့် 
ဧကန်နိထ္တိ.....
ငှက်တို့ ပီဘိ
ပျံရင်သေ ၏
ပျံဘို့ တာဝန်
ငါအားသွန်လျှက်
ဆက်လက်၍သာ
ကမ်းသို့ ယွန်းတိုင်..ပျံဦးမည်။
(ပန်းတော်ဆက်)
ငှက်ကလေး..

မိုးကသဲပြန်

မုန်တိုင်းထန်၍

လေကိုဆန်ကာ

မည်သို့ ပျံမည်

အဘယ်မာန်နဲ့ တင်းမည်နည်း

ချည်းနှီးအားထုပ်

အကျိုးယုတ်စွ

ငါ့...ခံတွင်းသို့ ဆင်းပါလော့ ..............

အသင်...ပင်လယ်

ငှက်ကလေးဟာ မိုးသဲ လှိုင်းထန် မုန်တိုင်းထန်လဲ လေကိုဆန်၍ ပျံပါ့မယ်

ငှက်တို့၏ အားမာန် ပျံဘို့ ရန်တည်း

မိုးတိမ်ထိပ်ဖျား ၀တိမ်နားအထိ ပျံရင်းသေတယ် အိုငှက်ငယ်

သူ၏အသံ ချိုတေးသံသာ န၀င်ပီယံ မည်သံပေးရင်း ပျံရင်းသေတယ် အိုငှက်ငယ်

ကောက်ပဲသီးနှံ စားသောက်ရင်းနဲ့ ကိုက်ချီပျံသန်း ဟိုဒီပျံဝဲ

နေရာမရွေး မစင်စွန့်ချိန် မျိုးစေ့ချထား ပျံရင်းသေတယ် အိုငှက်ငယ်

လူတို့ရန်ဘက် အင်းဆက်ပိုးမွှား စားသောက်ရင်းနဲ့ ပျံရင်းသေတယ် အိုငှက်ငယ်

သူအသွေးသား သေသည့်ချိန်ထိ စားဖို့ရန်ထား ပေးဆပ်ရင်းနဲ့
ပျံရင်းသေတယ် အိုငှက်ငယ်


ငှက်တို့၏ အားမာန် ပျံဘို့ ရန်တည်း ပေးဆပ်ရင်းနဲ့

မိုးတိမ်ထိပ်ဖျား ၀တိမ်နားအထိ ဆက်လက်၍သာ..ပျံဦးမည်။
မ..မ

2 comments:

  1. ပျံသာ ပျံပါ ထက်အာကာ ...

    ReplyDelete
  2. ငှက်တို့၏ အားမာန် ပျံဘို့ ရန်တည်း ပေးဆပ်ရင်းနဲ့

    မိုးတိမ်ထိပ်ဖျား ၀တိမ်နားအထိ ဆက်လက်၍သာ..ပျံဦးမည်။

    ReplyDelete