Pages

Saturday, September 1, 2012

မြန်မာပြည်မှာ ဈေးအကြီးဆုံးဂစ်တာ...( ၅၈၈၈၈၀၀၀ သိန်း)လေလံရငွေအား..ရခိုင်ပြည်နယ်၊ ဧရာဝတီရေဘေး နှင့် ကချင်ပြည်နယ်အရေးအား ကျပ်သိန်း ၃၀၀ လှူတန်းသွားပါကြောင်း..


မြန်မာပြည်မှာ ဈေးအကြီးဆုံးဂစ်တာ...( ၅၈၈၈၈၀၀၀ သိန်း)
ဂစ်တာပန်းချီအားရေးဆွဲသူများကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ကိုမြအေးတို့ဖြစ်ပြီး...SKY NET နှင့် ဦးဇော်ဇော် တို့လေလံပြိုင်ဆွဲရာတွင် SKY NET မှ ငါးရား ရှစ်ဆယ့် ရှစ်သိန်း ရှစ်သောင်း ရှစ်ထောင်ဖြင့် လေလံအောင်သွားပါကြောင်း...၈၈ ကျောင်းသားဟောင်းများက လေလံရငွေအား..ရခိုင်ပြည်နယ်၊ ဧရာဝတီရေဘေး နှင့် ကချင်ပြည်နယ်အရေးအား ကျပ်သိန်း ၃၀၀ လှူတန်းသွားပါကြောင်း..
**********************************
၈၈ မျိုးဆက် စေတနာဝသန် ဂီတရန်ပုံငွေပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သော ကိုမင်းကိုနိုင်၊ ကိုပြုံးချိုနှင့် ကိုဌေးကြွယ်တို့ ပန်းချီရေးဆွဲထားသော ဂစ်တာကို လေလံဆွဲယူတာ ဖြစ်ပါတယ်။ အခုအခါ အဆိုပါ ဂစ်တာကို လေလံစတင်နေပြီးဖြစ်ပြီး ၈ သိန်း ၈ သောင်းနဲ့ လေလံစတင်ကာ (၁) သိန်း ၂၀ (၂) သိန်း ၅၀ (၃) သိန်း (၄) ၈၈ သိန်း (၅) ကိုဝင်းနိုင်မှ သိန်း ၁၀၀ (၆) ကိုဇော်စိုးအောင် ၁၀၈ သိန်း ၈ သောင်း ၈ ထောင် (၇) ၁၈၈ သိန်း ၈ သောင်း ၈ ထောင် (၈) ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၂၀၈ သိန်း (၉) Sky Net မှ ၂၈၈ သိန်း ၈ သောင်း ၈ ထောင် (၁၀) ဦးဇော်ဇော်မှ သိန်း ၃၀၀ တိတိ (၁၁) ၃၈၈ သိန်း ၈ ထောင် (၁၂) ဦးဇော်ဇော်မှ သိန်း ၄၀၈ သိန်း (၁၃) Sky Net ရုပ်သံမှ ၄၈၈ သိန်း (၁၄) ဦးဇော်ဇော်မှ သိန်း ၅၀၀ (၁၅) SKY Net မှ သိန်း ၅၈၈ (စာရင်းပိတ်) ရယူသွားပါပြီ။


2 comments:

  1. ဈေးကြီးတယ်နော်............ခု မှ ကြားဖူးတယ်.......မှတ်သားထိုက်ပါပေတယ်......ပြန်ပြောပြပေးပါမယ်.........

    ReplyDelete
  2. ဂုဏ်ရည်ကို ဂုဏ်ပြုခြင်းဖြစ်ပါတယ် ...

    ReplyDelete