Pages

Friday, June 11, 2010

သူငယ်ချင်းအတွက်တိုက်ပွဲခေါ်သံ

ချစ်သူငယ်ချင်းမင်းကိုရည်ညွန်း
စာတွေလည်းရေး ကဗျာတွေလည်းရေး
သူငယ်ချင်းချစ်သူမင်းအတွက်နဲ့ ငါပေးဆပ်တာ
အချိန်လည်းကုန်ငွေလည်းကုန်တယ်
ငါ့ရဲ့ စိတ်တွေလည်းလွမ်းမောနာကျင်အချိန်ဆိုတာပြန်မရဘူး.
ဘ၀ဆိုတဲ့သူငယ်ချင်းအတွက်တိုက်ပွဲခေါ်သံ
ငါပေးဆပ်တာမင်းသိသင့်တယ်
သံယောဇဉ်အစစ်တကယ်ဖြစ်လို့ 
ငါမျက်ရည်နဲ့ ခင်းတဲ့ လမ်းကိုဥပေက္ခါတရားလက်ကိုင်ထားပြီး
တမင်စိမ်းကားပုန်းရှောင်နေတာသိနားလည်တယ်
ချစ်သူငယ်ချင်းရယ်မင်းရက်စက်တယ်
စွဲလမ်းတတ်တဲ့ငါရဲ့ စိတ်ကငယ်ငယ်တည်းကဇွဲကြီးလွန်းတယ်
ခင်မိရင်လည်းတသက်လုံးပေါ့ ကြင်မိရင်လည်းတသက်မုန်းပေါ့
ရာထူးစည်းစိမ်ငါမမက်ပါဘူး ဥစ္စာရွှေငွေငါလှည့်မကြည့်ဘူး
သူငယ်ချင်းချစ်သူမင်းကိုခင်မင်ချစ်စိတ်ဝင်လို့ 
ချစ်သူငယ်ချင်းရောက်လာမလား စောင့်စားရင်းနဲ့ငါမျှော်နေတယ်
ချစ်သူငယ်ချင်းမင်းရဲ့စိတ်ထား ခဏတွေတာတောင်
လေးစားလောက်တယ် ငါဂုဏ်ယူတယ်
ချစ်သူငယ်ချင်းငါ့ဘေးပါတ်လည်မင်းလိုသူငယ်ချင်းမတွေ့ပါဘူး
ရာထူးကိုမက်စည်းစိမ်မက်ပေါ့
ရှိတဲ့ပစ္စည်းမိုးလောက်ကြီးထင်
ပြောတဲ့ စကားတပြားမတန်
ရှိတဲ့ အရာခိုင်မြဲတယ်ထင်
ဥစ္စာပစ္စည်းတည်မြဲတယ်ထင် မာန်တွေဝင်လို့ 
ပညာတွေတတ် စာတတ်တာကိုဂုဏ်တွေဝင်လို့
ငါဘေးပတ်လည် ဒီလိုလူတွေပေါများနေတယ်
သူငယ်ချင်းလေးချစ်သူရယ်
ငါလေးစာတဲ့ သူငယ်ချင်းလေး မင်းစိတ်ထားကဖြူစင်လွန်းတယ်
မင်းနဲ့ဆုံစည်းခဏတာဟာ ငါ့ဘ၀ကအေးမြလွန်းတယ်
 ငါ့စိတ်ထားလေးအေးမြလွန်းတယ်
အိုအေစစ်လိုသူငယ်ချင်းကို ခဏလေးတွေ့ ငါ့ဘ၀ကိုငါကျေနပ်တယ်
  ငါငိုနေချိန်မင်းငိုနေတယ်
ငါလွမ်းနေချိန်မင်းရောက်လာတယ်
မင်းကိုခင်မင်ချစ်စိတ်ဝင်လို့ ငါ့ကိုယ်ငါတောင်မေ့ နေတယ်
ငါ့ချစ်သူငယ်ချင်းကို ထိပါးလာသူငါ့ရန်သူလို့ ငါ့ဘေးပတ်လည်
လူတွေကိုလေငါကျိမ်းဝါးတယ် မိသားဆုကိုငါစိမ်ခေါ်တယ်
လေးစားလောက်စရာ ငါ့ရင်ထဲမှာမင်းတယောက်ဘဲငါမြင်နေတယ်

ငါလွမ်းနေတယ် သူငယ်ချင်းလေးချစ်သူရယ်

မင်းပြန်လာမလား မျှော်လင့်ရင်းနဲ့စောင့်စားနေမိ

မင်းပေါ်လာမလား ငါမျှော်လင့်ရင်းစောင့်စားနေမိ
ညလည်းမအိပ် နေ့ လည်းမအိပ်
စောင့်စားမျှော်မိ သူငယ်ချင်းချစ်သူမင်းအတွက်နဲ့ 
စာတွေရေးရင်း ကဗျာတွေရေးရင်း
ငါပေးဆပ်တာအချိန်လည်းကုန်ငွေလည်းကုန်တယ်
ငါ့ရဲ့ စိတ်တွေ လွမ်းမောနာကျင် အချိန်ဆိုတာပြန်မရဘူး
သူငယ်ချင်းဝဋ်ကျွေးမင်းကိုပေးဆပ် 
ငါမင်းအတွက်ဘဲပေးဆပ်နေတာတော်သင့်ပြီလို့ ထင်ပါတယ်
ခုကတည်းကနှုတ်ဆက်ထားတယ်
သူငယ်ချင်းလေးချစ်သူရယ်

ငါမျှော်နေတယ်သူငယ်ချင်း

ငါလွမ်းနေတယ်သူငယ်ချင်း
လက်ဆောင်မွန်ကိုလိုအပ်နေတယ်

သူငယ်ချင်းတစ်ယောက်ဝယ်ပေးနော်
မွေးနေ့ လက်ဆောင်သူငယ်ချင်းနော်

မွေးနေ့အမှီပေးတဲ့လက်ဆောင်
စိမ်းကားမှုရဲ့ ပြယုင်္ဂလားဟင်

ငါတောင့်တတာဈေးကြီးနေလား
သူငယ်ချင်းတစ်ယောက်ဝယ်ပေးနော်။...............။


အရာရာအကြောင်းကြောင်းကြောင့်ဝေးကွာနေသောသူငယ်ချင်းသို့ 

ရည်ညွန်းသည်။.................။


17 comments:

  1. စိတ်ထဲခံစားမိတဲ့ စာလေးတစ်ခုပြောရမလားပဲ

    ReplyDelete
  2. တူတူပေါ့

    ထပ်တူပေါ့

    ReplyDelete
  3. လာဖတ်သွားပါတယ် .....

    ReplyDelete
  4. ကျေးဇူးပေါ့နော်

    ReplyDelete
  5. ကျေးဇူးတင်ပါတယ်သူငယ်ချင်း

    ReplyDelete
  6. လာဖတ်သွားပါတယ်
    ( ဒါပေမဲ့ အဲဒါတွေကျွန်တော်နားမလည်သေးဘူး ခိခိ )

    ReplyDelete
  7. သူငယ်ချင်းအချစ်သည်သာတစ်သက်လုံးတွက်ဖြစ်တယ်

    ReplyDelete
  8. အေးပါ။

    ခုမှပေါက်စလေးဆိုတော့ဘယ်နားလည်မှာလည်း

    ReplyDelete
  9. မှန်ပါတယ်သီဟ

    ReplyDelete
  10. တင်ပါ့ဘုရား
    ဦးတင်ကန်တော့ ပါတယ်ဘုရား

    ReplyDelete
  11. လာဖတ်သွားပါတယ် ကောင်းလည်းကောင်းပါတယ် နောင်လည်းဒီလိုစာတွေ အများကြီးရေးနိုင်ပါစေ

    ReplyDelete
  12. အားပေးတာကျေးဇူးပေါ့နော်

    ReplyDelete
  13. မမ ရေ ခံစားမှုစာစုလေး ဖတ်သွားပါတယ်နော် ..

    ReplyDelete
  14. မမ ရေ ခံစားမှုစာစုလေး ဖတ်သွားပါတယ်နော် ..

    ReplyDelete
  15. ခံစားရတာလေးရေးလိုက်တာပါ
    ခုလိုလာဖတ်တာပျော်ပါတယ်

    ReplyDelete