Pages

Saturday, June 5, 2010

“မိဘမေတ္တာ...သား သမီးမေတ္တာ .....ဝေးကွာမှု့ ပြယုဒ်“

မိဘမေတ္တာ...သား သမီးမေတ္တာ .....ဝေးကွာမှု့ ပြယုဒ်

(၄) နှစ်အရွယ်မူကြိုတတ်တဲ့ တူမလေးက အိမ်ကို မောင်လေးလာထားသွားတယ်။
ဖုန်း မြင်တော့  မမ မီး မေမေ့ ဆီဖုန်းဆက်မို့  နော်
အေး အေး ဆက်ကလေးဆိုပြီး မမ ကဆက်ခိုင်းလိုက်ပါတယ်
အမှန်တကယ်တော့  ကလေးကဖုန်းမဆက်တတ်သေးပါဘူး
ဖုန်းလေးကိုင်ပြီးတော့  ကလေးတစ်ယောက်ထဲ ပြောနေတာပါ
မေမေ ..မေမေ မြန်မြန်ပြန်လာ နော် မီးမီးတွက် ကြောပိုးအိပ် ၀ယ်ခဲ့ နော်
ရေခဲမုန့်ဝယ်ခဲ့ နော် ချောကလက်ဝယ်ခဲ့ နော် အရုပ်တွေဝယ်ခဲ့ နော်
မေမေ ပြန်လာမှ ဖေဖေ့  မွေးနေ့ လုပ်မှာနော်
ဖုန်းခွက်ကလေးလက်က ကိုင်ပြီး သူ့ မေမေ ကို မှာနေရှာလေရဲ့ 
စကားမပီကလာပီကလာနဲ့ ပေါ့ 
ဒီစကားလေးကိုတတွက်တွတ်ရွတ်ပြီး သူ့ မေမေ ကို ပြောနေဟန် နဲ့  ပြောဆိုနေတယ်
ကလေးရဲ့  မေမေ ကတော့ ဘာမှမသိရှာပါဘူး
သမီးလေး သားလေး တွေဘ၀ရှေ့  ရေးအတွက် မပြည်လည်မှူ့  တွေ မပြည့်စုံမှူ့  တွေ
ဘ၀တတ်လမ်းအတွက်လိုအပ်ချက်တွေ ပြည့်စုံဖို့ အတွက် သူ ချစ်တဲ့  သားလေး
ရယ် သမီးလေးရယ် ခင်ပွန်းရယ်ကို
ခွဲခွာပြီး နိုင်ငံရပ်ခြား တိုင်းတပါးဖြစ်တဲ့  ဒူဗိုင်း မှာ
အလုပ်သွားလုပ်နေတာ မကြာသေးပါဘူး

မမ က ကလေးကိုမေးလိုက်တယ်
သမီးလေးရေ မေမေ ကဘာပြောလဲ လို့ မေးတော့ 
ကလေးက မေမေက ပြန်လာခဲ့ မယ်တဲ့  ရုပ်ရုပ်တွေလဲ ၀ယ်ခဲ့ မယ်
ကြောပိုးအိပ်လဲဝယ်ခဲ့ မယ်
ရေခဲမုန့် လဲဝယ်ခဲ့ မယ် ချောကလက်လဲဝယ်ခဲ့ မှာ တဲ့  မမ တဲ့ ဆိုပြီး ကလေးက
မမ ကို သူ့ မေမေ ပြော သလိုနဲ့ ပြန်ပြောပြနေတယ်
မမ ကလေးနဲ့  စကားပြောနေရပေမယ့် စိတ်ထဲမှာ ဘယ်လိုမှမကောင်းနိုင်ဘူး
ဘ၀ တတ်လမ်း အတွက် တဖတ်နိုင်ငံတွေ မှာ သွားအလုပ်လုပ်နေမှ
ကိုယ်ပိုင်အိုးအိမ်နဲ့ နေ ရမှာ လို့  မသွားခင် ပြောသွားခဲ့ တဲ့ 
ညီမလေးရဲ့ အသံပြန်ကြားနေမိတယ်
အိမ်ထောင်သည် တစ်ယောက် ဖြစ်တဲ့  မိန်းမလေးက သူချစ်တဲ့  ခင်ပွန်းနဲ့ 
သားသမီး ဥမမယ် စာမမြောက် နှစ်ယောက်ကိုထားပြီး
သူတပါးတိုင်းပြည်ဖြစ်တဲ့  နိုင်ငံကိုသွားပြီး အလုပ်လုပ်တာကို မတားမြစ်တဲ
့ မောင်လေးကို အပြစ်ပိုရမှာလား


ကလေး တွေကို ထားခဲ့  ညီမလေးရဲ့ မိဘ နှစ်ပါးကကြည့်ရှု
့စောင့်ရှောက်ပေးမယ် ပြောတဲ့ ကလေးတွေရဲ့ အဖိုးအဘွားကိုအပြစ်ဆိုရမှာလား
သားသမီးလေးနဲ့ ယောက်ကျာင်္း ကိုထားခဲ့ ပြီး သူတပါးတိုင်းပြည်
ကိုသွားလုပ်တဲ့  ကလေးမေမေ ကိုဂုဏ်ယူရမှာလား
တော်တော့် ကိုစိတ်ထဲတင်းကျပ်နေတယ်
ကလေးလေးတွေ ကိုသနားလိုက်တာ ဒီအရွယ် မိခင်ရင်ငွေ့  ကိုခိုလှုံ ရမှာလေ
မိဘမေတ္တာ အပြည့်ပေးလို့  မွေးထားတဲ့ သားသမီးလေးတွေ
ကျမ်းမာအောင် စောင့်ရှောက် ရမှာ ကလေးလေးတွေ ရဲ့ ဘ၀မှာ မိခင်ရဲ့ 
အုပ်ထိန်းမှု့  စောင့်ရှောက်မှု့  အရေးပါတယ်ဆိုတာ မသိတာလား
အမျိုးသားတော့ တက္ကစီ မောင်းတယ် ရသမျှ ၀င်ငွေကိုလဲ အကုန်ပြန်အပ်ပါတယ်
သူ့ ချစ်ဇနီးကို သူ့ အမျိုးသားရဲ့ ရသမျှ ၀င်ငွေက
ထမင်းစားရရုံပဲရတယ် မမရယ် ငွေဆု လို့ မရဘူး ဒီတိုင်းနေလို့ မဖြစ်ဘူး
နှစ်ယောက်လုံး အလုပ်လုပ်မှ
ကိုယ်ပိုင်အိမ်လေးနဲ့  ကျွန်မ သားသမီးလေးတွေရဲ့ နောင်ရေး ပြည့်
ပြည့်စုံစုံ လူတန်းစေ့ နေရမှာနော်
ဒါကြောင့် ကျွန်မ ဒူဗိုင်းကို အလုပ်သွားလုပ်မှာ မမ လို
့မသွားခင်ပြောနေတဲ့ ညီမလေးကို ကြည့်ရင်း ကလေးတွေကိုခွဲခွာထားခဲ
့ပြီးမသွားစေချင်ခဲ့ တာအမှန်ပါ
သူတပါးတိုင်းပြည် သွားလုပ်ကိုင်မှ မိသားစုဘ၀ရှေ့  ရေးလေးပြည့်စုံမှာမို့ 
မမ တားလဲနားထောင်မှာ မဟုတ်ဘူးလေ
ညီမလေးက အားတတ်သရော ပြောဆိုနေတာ နားထောင်ရင်း မသွားစေချင်တာတားလဲ
့မရတာကိုဘယ်လိုမှလက်မခံတော့ 
စိတ်ပင်ပန်းစွာ ကြည့်နေရတော့ တယ်.........
သွားတာ မှမကြာသေး ခင်ပွန်း ဖြစ်သူက သူ့  အမျိုးသမီးကို ပြန်လာခဲ့ ဖို့ 
ကလေးတွေ နေမကောင်းဘူး
တစ် နှစ်စာချူပ်နဲ့ သွားတာမို့ တစ်နှစ်ပြည့်တာနဲ့ ပြန်လာခဲ့ ဖို့ ပြောနေရှာတယ်
မမ မြင် နေကြားနေရတာ စိတ်ထဲမှာ ဘယ်လိုအကြောင်းကြောင့်မှ မိသားစုတွေ
ချစ်နေရက်နဲ့ ကွေကွင်းနေကြရတာလဲ
မပြည်လည်မှု့  မပြည့်စုံမှု့  ဘ၀တတ်လမ်း လိုအပ်ချက်
အမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့ 

သူတပါးတိုင်းပြည်မှာ ပင်ပန်းစွာလုပ်ကိုင်နေရတာ သမ္မာအာဇီဝ ကျကျ ရှာ
ဖွေနေကြတာ လိုအပ်ချက်တွေပြည့်စုံဖို့ အတွက်
တစ်ဦးတစ်ယောက်ကပေးဆပ်နေတာတွေ ကလေးလေးတွေ မိခင်ဖခင် မေတ္တာ ငတ်နေတာတွေ
မြင်နေကြားနေရတယ်
ရည်မှန်းချက်တွေပြည့်စုံ ရည်ရွယ်ချက်တွေ ပြည့်ဝအောင်မြင်ပါစေလို့ 
မေတ္တာပို့ ဆုတောင်းနေရတော့ တယ်
မိတကွဲ ဖတကွဲ နေထိုင်လုပ်ကိုင်ရုန်းကန်နေကြတဲ့ ထဲမှာ ဥမမယ်
စာမမြောက်အရွယ်မရောက်သေးတဲ့ ကလေးလေးတွေ
အရွယ်ရောက်ပြီး တဲ့  မောင်လေးညီမလေးတွေ ကိုယ့်တိုင်းပြည်နဲ့ ဝေးကွာနေကြတာ
မိဘမေတ္တာ ငတ်နေကြတာ ဘယ်လောက်များ ရှိမလဲ ဒီလို အဖြစ်မျိုးလေးတွေနဲ့ 
ခွဲခွာနေကြပြီး
စုဆောင်းမိရင်တော်သေးတယ် သားသမီးလေးတွေ မိဘ တွေနဲ့  စုစုစည်းစည်းပြန်
ဆုံတွေ့ ရရင်တော့  ကြည်နူးပျော်ရွှင်စရာပေါ့ နော်
ဒီကြားထဲမှာ တစ်ယောက်ယောက်ပျောက်ပျက်ဆုံးရှံ
ုးသွားရင် ငွေနဲ
့ပြန်ဝယ်ယူလို့ မရတဲ့  မိသားစုတွေ့ ဆုံမှု့ ကိုဆုံးရှုံးရမှာ
တစ်ယောက်ထဲအတွေးတွေ လွန် စိတ်တွေမွန်းကျပ်နေတယ် မိဘနဲ့ 
သားသမီးကြားပေးဆပ်မှု့ တွေ
သားသမီးတွေ ရဲ့ လိုအပ်ချက် မိဘတွေ ရဲ့ စောင့်ရှောက်မှု့  မိဘတွေအပေါ်
ဖြည်းစည်းပေးချင်တဲ့သားသမီးတွေ ရဲ့  ဖြည့်ဆည်းမှု့ 
တစ်ယောက်နဲ့ တစ်ယောက် ကမ္ဘာတစ်ဖတ်စီနေထိုင်လုပ်ကိုင်ရှာဖွေပေးဆပ်ေ
နတာတွေ
တွေးနေရင်း ကျန်ခဲ့ တဲ့ သူရဲ့ နှလုံးသားလေးတွေ
ဝေကွာ လုပ်ကိုင်နေသူရဲ့ နှလုံးသားလေးတွေ ဘယ်လောက်လွမ်းဆွတ်တမ်းတနေကြမလဲ
ချစ်လျှက် နဲ့ ကွေကွင်း ရတဲ့ ဒုက္ခ မချစ်မနှစ်သက်သူနဲ့ နေထိုင်ရတဲ့ ဒုက္ခ
စောင့်မျှော်နေသူရဲ့  ရင်ထဲကအပူအဆွေး
တမ်းတမှု့  အလွမ်းတွေ မျက်ရည်တွေ မကြေငြာပဲ သိနေတယ် မြင်နေတယ် ကိုယ်
တိုင်လည်းကြုံ တွေ့ နေရတာဆိုတော့ 
ရင်နင့်လွမ်းဆွတ်နေရုံကလွဲလို့  ဘာမှမတတ်နိုင် လက်မှိုင်သာချ
ကလေးလေးတွေအတွက် မောင်လေး ညီမလေးတွေအတွက်
သားသမီးလေးတွေ အတွက် စိတ်မကောင်းခြင်းများစွာနဲ့  ...............
မေမေ မုန့် မုန့်ဝယ်ခဲ့ နော် ကြောပိုးအိပ်လဲဝယ်ခဲ့  ရုပ်ရုပ်လဲဝယ်ခဲ့ 
ရေခဲ မုန့် လဲ ၀ယ်ခဲ့  ချောကလက်လဲဝယ်ခဲ့ 
မေမေ ပြန်လာမှ ဖေဖေ့ မွေးနေ့ လုပ်မှာနော် ဆိုတာကိုနားထဲမှာ
ထပ်ကာထပ်ကာကြားနေရင်း.....***
လိုအပ်ချက်တွေ ဘယ်တော့ ပြည့်စုံမှာလဲ ...????????
မိသားစု ရဲ့ ဆုံဆည်းမှု့  ဘယ်တော့  ရမှာလဲ ????????
မပြည်လည်မှု့ တွေ ဘယ်တော့  ပြည်လည်မှာလဲ ????????
မပြည့်စုံမှု့ တွေ ဘယ်တော့ ပြည့်စုံမှာလဲ ????????
မိသားစုပြန်မတွေ့ ဆုံပဲ ဆုံးရှုံးမှု့ တွေ ဘယ်လောက်များနေပြီလဲ ????????
အတွေးသံသရာ လည်နေရင်း မိုးလင်းသွားခဲ့ ပါတယ်ရှင်..

မေတ္တာတရားလက်ကိုင်ထား
နှလုံးလှသူတိုင်းသိပါစေ
မေတ္တာတရားလက်ကိုင်ထား
ဝေးဖူးသူတိုင်းသိပါတယ်
မေတ္တာတရားလက်ကိုင်ထား
ပေးဆပ်သူတိုင်း.သိပါတယ်
အသိခေါင်းပါးညာဏ်များကြတော့ 
မမြင်ကြဘူး ဖြစ်နေတယ်
မတွေးတတ်ဘူးဖြစ်နေတယ်
မကြည့်တတ်ဘူးဖြစ်နေတယ်
ကိုယ်ချင်း စာတရား လက်ကိုင်ထားဖို့ 
လူဖြစ်နေမှသိလိမ့်မယ်

ရင်ထဲရှိတာချရေးလိုက်တာပါ ။.........။

http://yinminkhine.multiply.com/

ရင်ဘတ် တူသူနားလည်နိုင်ပါစေ။။.....။

0 comments:

Post a Comment