Pages

Thursday, June 17, 2010

ဇွန်လ(19) ရက်နေ.မှာကျရောက်တဲ့ (65)နှစ်ပြည့် အမေစုမွေးနေ.အမှတ်တရ.********မိန်းမသတ္တိ ကမ္ဘာကသိအောင် ငါပြောချင်တယ်သူငယ်ချင်း********

မိန်းမသတ္တိ
ကမ္ဘာကသိအောင် ငါပြောချင်တယ်သူငယ်ချင်း မိန်းမပေမဲ့

လောကအလယ်အားမငယ်ဘူး
ရင်ဆိုင်ကျားကန်
ငါတွန်းလှန်တယ်သူငယ်ချင်း

မိန်းမပေမဲ့
ဘ၀ သမိုင်းမရိုင်းစေရ
ရင်ဆိုင်ကျားကန်
ငါတွန်းလှန်တယ်သူငယ်ချင်း

မိန်းမပေမဲ့
ယောက်ကျားတန်းတူ
ရှာဖွေလုပ်ကိုင်
မမောပမ်းဘူးသူငယ်ချင်း

မိန်းမပေမဲ့
စွမ်းအားရှိသလောက်
လောကဓံကို အံတုရင်းနဲ့
အောင်မြင်နေတယ်သူငယ်ချင်း

မိန်းမလည်းလူ
ယောင်္ကျားလည်းလူ

လူဟာလူပဲတူတူပဲမို့
မိန်းမသတ္တိ ကမ္ဘာကသိအောင်
ငါပြောချင်တယ်
သူငယ်ချင်း ၊၊....................။




မေတ္တာတရားကြီးမားတယ် ဘ၀ကိုစိမ်ခေါ်ရဲတယ်

သိတ်
တော်တယ်
သိတ်
ထက်တယ်




သတ္တိအရာ ယောင်္ကျားတွေကိုစိမ်ခေါ်ရဲတယ်

မျိုးချစ်စိတ်ရှိတယ်

တစ်ယောက်ထဲလည်းနေတတ်တယ်

တစ်စိတ်ထည်းလည်းထားတတ်တယ်

ဆိုခဲစေ
မြဲစေ
စိတ်ထားရှိတယ်


ရေးပြရရင် ကုန်နိုင်ပါဘူး

မမစု
စိတ်ထား ချီးကျူးဂုဏ်ယူမိပါတယ်


လေးစား
ချစ်ခင်မိပါတယ်


သနား
ကြင်နာမိပါတယ်


မျော်လင့်
စောင့်စားကြိုဆိုမိနေတယ်


မတွေးဘဲနဲ့ 
အတွေးထဲလည်းရှိနေတယ်

ဇွန်လ(19) ရက်နေ.မှာကျရောက်တဲ့ (65)နှစ်ပြည့် အမေစုမွေးနေ.အမှတ်တရ...


ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅နှစ်မြောက်မွေးနေ့အမှတ်တရ...............




21 comments:

  1. အမေ အသက်ရာကျော် ရှည်ပါစေ.....
    ဆင်းရဲ ဒုက္ခအပေါင်းက အမြန်ဆုံးကင်းဝေးပါစေဗျာ။

    ReplyDelete
  2. ကျမ်းမာလို့  အသက်ရှည်ပြီး အမေစု လိုအင်ဆန္ဒပြည့်စုံပါစေ

    ReplyDelete
  3. လာသွားတာ မလိုချင်ဘူး ဆုတောင်း မေတ္တာပို့ ပေးပါ။

    ReplyDelete
  4. အမရေ လာဖတ်သွားတယ်နော်

    ReplyDelete
  5. အော် .. ၆၅ နှစ်တောင်ရှိပီလား ... မထင်ရဘူး.... တော်တော့်ကို နုပျိုတာပဲ ..... အန်တီစု မွေးနေ့မှသည် ရှေ့  လျှောက် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ .... လို့ ဒီနေရာကနေ ဆုတောင်းလိုက်ပါတယ် ...... ။

    ReplyDelete
  6. မေတ္တာရှင်လေ မေတ္တာစွမ်းအင်တန်ခိုးပေါ့

    အသက်ရှည်လို့ အနာမဲ့ ဖို့ ဆုတောင်းမေတ္တာပို့ ကျဆို့ နော်

    ReplyDelete
  7. မေတ္တာဆုတောင်းပေးပါ။

    ReplyDelete
  8. မမရေ ဒီနေ့ အမေစုမွေးနေ့လေးမှာ ဒီကဗျာလေးဖတ်ရင်း အမေစု အသက်ရှည် အနာမဲ့ဖို့ ဆုတောင်း ပေးပါတယ် မမ. ..

    ReplyDelete
  9. လာဖတ်သွားပါတယ် ။ ရည်မှန်းထားတာတွေ အောင်မြင်ပါစေလို့ ဆုတောင်းလျက် ။

    ReplyDelete
  10. ဆုတောင်းလေးတွေပို့ တာတွေ့ ရတော့ မ..မ ကြည်နူးမိပါတယ်


    အမေစုအသက်ရှည်လို့ အနာကင်းပါစေညီမလေးနဲ့ ထပ်တူဆုတောင်းပါတယ်

    ReplyDelete
  11. အောင်မြင် ခြင်းဆုတောင်းတဲ့ လား

    ReplyDelete
  12. ဆုတောင်းလေးတွေပို့ တာတွေ့ ရတော့ မ..မ ကြည်နူးမိပါတယ်


    အမေစုအသက်ရှည်လို့ အနာကင်းပါစေညီမလေးနဲ့ ထပ်တူဆုတောင်းပါတယ်

    ReplyDelete
  13. (၆၅)နှစ်ဆိုတဲ့ သက်တမ်း
    အေးချမ်းလို့ လျှောက်
    တောက်ပတဲ့ အကြင်နာတရား
    သူ့ နှလုံးသားမှာကိန်းအောင်း
    (သားတို့ ၊သမီးတို့ )


    ************ဆုတောင်းလိုက်ပါတယ်******************
    ********မေမေ.စု********......
    စု ကျန်းမာချမ်းသာလို့ 
    စု လိုအင်တွေပြည့် ပါစေ
    စု စိတ်လေးအေးမြလို...
    စု အသက်ရှည်အနာမဲ့ ပါစေ။ ။

    ReplyDelete
  14. ဖေဖေအမြဲမှာခဲ့တယ်၊ ကလေးတွေကို ဘာမှ မကြောက်စေနဲ့ သူတို့ကြောက်ဖို့ရာ လောကမှာ နှစ်မျိုးပဲရှိတယ်။ မတရားတဲ့ ကိစ္စလုပ်ဖို့ကြောက်ရမယ်၊ မမှန်တဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်။ .......ဒေါ်အောင်ဆန်းစုကြည် (Happy Birthday to u - wish u have a life of u want)

    ReplyDelete
  15. ဆုတောင်းပေးတာပဲ လုပ်တတ်တော့တယ်။တောင်းတိုင်းတော့ ပြည့်မပြည့် ဆိုတာ........

    ReplyDelete
  16. မေတ္တာတရားပေးမှရမှာလေ နော်

    မေတ္တာတရားလေးသာပေးပါ။

    ရပါတယ်။

    ReplyDelete
  17. အမေစု ... ကိုယ်စိတ်နှစ်ပါး ကြည်လင် အေးချမ်းပါစေဗျာ...
    ကဗျာလေးနဲ့ ဂုဏ်ပြုရေးဖွဲ့သီကုံးပေးသော မယမင်းခိုင်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်..။
    လေးစားလျှက် ...!

    ReplyDelete
  18. အားလုံးကိုလည်းလေးစာပါတယ်။

    မေတ္တာလေးပဲပို့တတ်တယ်။

    မေတ္တာတရားရှိကြပါစေ.....
    အတ္တကင်းကွာ
    မောဟကင်းကွာ
    ဒေါသကင်းကွာ

    လူနဲ့လူခြင်းသတ်ဖြတ်ခြင်းမှကင်းဝေးနိုင်ပါစေ......................။

    ReplyDelete
  19. ကျေးကျေးသူငယ်ချင်း အမှန်တရားပေါ့ လက္ခံပါတယ်

    ReplyDelete