Pages

Monday, June 7, 2010

မိန်းမသတ္တိ ကမ္ဘာကသိအောင် ငါပြောချင်တယ်သူငယ်ချင်း



မိန်းမပေမဲ့
လောကအလယ်အားမငယ်ဘူး
ရင်ဆိုင်ကျားကန်
်ငါတွန်းလှန်တယ်သူငယ်ချင်း

မိန်းမပေမဲ့
ဘ၀ သမိုင်းမရိုင်းစေရ
ရင်ဆိုင်ကျားကန်
ငါတွန်းလှန်တယ်သူငယ်ချင်း

မိန်းမပေမဲ့
ယောက်ကျားတန်းတူ
ရှာဖွေလုပ်ကိုင်
မမောပမ်းဘူးသူငယ်ချင်း

မိန်းမပေမဲ့
စွမ်းအားရှိသလောက်
လောကဓံကို အံတုရင်းနဲ့
အောင်မြင်နေတယ်သူငယ်ချင်း

မိန်းမလည်းလူ
ယောင်္ကျားလည်းလူ

လူဟာလူပဲတူတူပဲမို့
မိန်းမသတ္တိ ကမ္ဘာကသိအောင်
ငါပြောချင်တယ်သူငယ်ချင်း ။

0 comments:

Post a Comment